ခွန်အား
အရမ်းကောင်းလို့မျှဝေပေးတာပါ။ ၁မိနစ်လောက်အချိန်ပေးပြီး ဖတ်စေချင်ပါတယ်.... ကြက်ကလေးက ကြက်မကြီးကိုမေးတယ်၊ `မေမေ .. ဒီနေ့ ဥမဥလို့ရလား.. သားတို့အပြင်ထွက်လျှောက်လည်ကြမယ်လေ.. ´ ကြက်မကြီးက ` မရဘူးသား၊ မေမေ့အလုပ်ရှိသေးတယ်´ `ဒါပေမယ့် မေမေ အများကြီးဥခဲ့ပြီးပြီလေ ´ လို့ ကြက်ကလေးက ပြန်ပြောတယ် ကြက်မကြီးက လေးလေးနက်နက် အသံနဲ့ ကြက်ကလေးကို ပြန်ပြောတယ်.. ` အမေ တစ်နေ့ဥတစ်လုံးဥမှ လယ်သမားကြီးရဲ့ဟင်းခွက်ထဲ မရောက်မှာ.. ကလေးနင်မှတ်ထား .... အသက်ရှင်ရပ်တည်မှုဆိုတာ ဖန်တီးထုတ်လုပ်မှုရဲ့တန်ဖိုး၊ သေဆုံးမှုဆိုတာ အဲဒီတန်ဖိုးမဲ့သွားလို့၊ အရင်ကလုပ်ခဲ့သမျှက အနာဂတ်နေရာမြဲဖို့ဘယ်လိုမှမစွမ်းဆောင်နိုင်ဘူး၊ အဲဒါကြောင့် နေ့တိုင်းနေ့တိုင်း ကြိုးစားအားထုတ်ရမယ်။ တကယ်လို့မင်းက သိမ်းငှက်တစ်ကောင်ဆိုပါစို့၊ ဘယ်သူမှ လက်ခုပ်မတီးလည်း မင်း အမြင့်ပေါ်မှာပျံသန်းနေရမယ်။ တကယ်လို့မင်းက မြက်ကလေးတစ်ပင်ဆိုရင် ဘယ်သူမှ တန်ဖိုးလာမထားလည်း မင်းရှင်သန်ရမယ်။ တကယ်လို့မင်းက ချောက်ကမ်းပါးပေါ်က ပန်းတစ်ပွင့်ဆိုရင် ဘယ်သူမှ လာမွှေးမယ့်သူမရှိလည်း မင်း မွှေးကြိုင်သင်းပျံ့နေရမယ်။ တကယ်လို့မင်းက ဒီဇိုင်နာဆိုရင် ဘယ်သူမှ အားပေးမှုမရှိလည်း မင်းရဲ့ဖန်တီ...