လူ ၁၀ မျိုး
လူ (၁၀)မျိုးထဲမပါစေနဲ့"
၁။ကောင်းကွက်ရှိလျှက်နဲ့
မကောင်းကွက်ကိုမှ ရွေးပြီး
ကြည့်တတ်တဲ့....လူ
၂။သူတစ်ပါးရဲ့ ဂုဏ်သတင်းကို
အခြားလူတစ်ယောက်ကို
ဖွင့်ဟပြောရမှာ
ဝန်လေးတတ်တဲ့......လူ
၃။ကိုယ်နဲ့မထိုက်သာသိရဲ့သားနဲ့
သူတစ်ပါးရမှာကြောက်လို့
မကောင်းကြံတတ်တဲ့........လူ
၎။ကိုယ်မလုပ်နိုင်မှန်းသိလျှက်နဲ့
သူတစ်ပါးလုပ်နိုင်တာကို
မနာလိုဝန်တိုတတ်တဲ့........လူ
၅။အခြားလူဘက်မှာအမှန်တရား
ရှိတာသိလျှက်နဲ့ငွေကြေးရှိတဲ့
သူဘက်ကရပ်တည်တတ်တဲ့.....လူ
၆။ငါသာဗိုက်ဝရင်ပြီးရော
သူတစ်ပါးငတ်ငတ်ဆိုတဲ့
စာနာစိတ်မရှိတဲ့........လူ
၇။ပိုက်ဆံမျက်နာတစ်ခုအတွက်နဲ့
အကုသိုလ်ကိုပြုလုပ်ရဲတဲ့.....လူ
၈။သူတပါးကိုအပေါ်ယံကြည့်ပြီး
အထင်သေးတတ်တဲ့.......လူ
၉။ငွေကြေးချမ်းသာတဲ့
သူနဲ့ကြတော့တစ်မျိုး
ငွေကြေးဆင်းရဲတဲ့
သူတွေနဲ့ကြတော့တစ်မျိုး
လိုတစ်မျိုး မလိုတစ်မျိုး
ဖြစ်တတ်တဲ့.......လူ
၁၀။ရိုးသားတဲ့ လူတွေအပေါ်မှာ
လိမ်ညာကောက်ကျစ်ကြပြီး
ဖိနှိပ်ဆက်ဆံတတ်တဲ့........လူ
(လောကဓမ္မ)း
Comments
Post a Comment