မှတ်သားဖွယ်ရာ
ပါဠိ စာကို ဒီလိုလေး လေ့လာကြည့်ရအောင်
- - - - - - - - - - - —
၁။ သူစိ - အပ် ၊
မုခ - ပါးစပ် (နှုတ်သီး)
သူစိမုခ - ခြင်ကောင် ။
၂။ နာဂ - နဂါး၊
လတာ - နွယ်ပင် ၊
နာဂလတာ - ကွမ်းပင် ။
၃။ နဂရ - မြို့ ၊
သောဘိနီ - တင့်တယ်စေသူ ၊
နဂရသောဘိနီ - ပြည့်တန်ဆာမ ။
၎။ ကာဠ - အမဲ (အနက်ရောင်:)
သီဟ - ခြင်္သေ့မင်း ၊
ကာဠသီဟ.- ဝက်ဝံနက် ။
၅။ ကာဠ - အမဲ ၊
ဟံသာ - ဟင်္သာ ၊
ကာဠဟံသ - ဝမ်းဘဲ။
၆။ ကာဠ - အမဲ (အကုသိုလ်)၊
ကူဋ - ကောက်ကျစ် စဉ်းလဲသည်၊
ကာဠကူဋ - အလမ္ပာယ်ဆရာ။
၇။ ကာဠ - အမဲ ၊
ကဏ္ဍ က - လည်အရစ်ရှိသည်၊
ကာဠကဏ္ဍက - ဒင်ကြီးငှက်။
၈။ အာကာသ - ကောင်းကင် ၊
ဂ င်္ဂါ - မြစ် (ဂ င်္ဂါာမြစ်)၊
အာကာသဂင်္ဂါ - ရေတံခွန် ။
၉။ သသ - ယုန် ၊
အင်္ဂါ - အမှတ်အသား၊
သသင်္ဂ- လ (ယုံရုပ်အမှတ်အသားရှိသောလ)
၁၀။ ဝဇီရ -ဝရဇိန်၊
အာဝုဓ - လက်နက် ၊
ဝဇိရာဝုဓ - သိကြားမင်း ။
၁၁။ သဟဿ - တစ်ထောင် ၊
အက္ခ - မျက်လုံး ၊
သဟဿက္ခ - သိကြားမင်း။
၁၂။ စက္က - စက်လက်နက် ၊
ပါဏိ - လက် ၊
စက္ကပါဏိ - ဗိသနိုးနတ်မင်း။
၁၃။ ဟိရည - ရွှေ ၊
ဂဗ္ဘ - ခန္ဓာကိုယ်၊
ဟိရညဂဗ္ဘ - ဗြဟ္မာမင်း။
၁၄။ ပုဏ္ဏ -ပြည့်သည်၊
မာ - လ ၊
ပုဏ္ဏမာ - လပြည့်။
၁၅။ ဥဏှ - အပူ ၊
ရံသိ - အရောင် ၊
ဥဏှရံသိ - နေမင်း ။
၁၆။ သဟဿ - တစ်ထောင်
ရံသိ - အရောင် ၊
သဟဿရံသိ - နေ ။
၁၇၊ ဇိ( ဇီဝိတ) - အသက် ၊
ဝှါ (အဝှါ) - ခေါ်သည်။
ဇိဝှါ - လျှာ ။
၁၈။ ဇလ - ရေ ၊
ဦက - သန်း ၊
ဇလူက - မျော့ -(ရေပင့်ကူ)။
၁၉။ ဂိရိ - တောင် ၊
မလ္လိကာ - စံပယ်ပန်း ၊
ဂိရိမလ္လိကာ - လက်ထုပ်ပန်း။
၂၀။ မိဂ - သားကောင်၊
ဗန္ဓနီ -နှောင်ဖွဲ့သည်။
မိဂဗန္ဓနီ - ပိုက်ကွန်။
*********************************************
ပါဠိ စာပေကို ဒီလိုလေ့လာရအောင်
( ဒုတိယပိုင်း)
- - - - - - - - - - —----------------------------------------------
၁။ အ (အပ္ပက)-အနည်းငယ်၊
ဗလ - ခွန်အား ၊
အဗလ - အမျိုးသမီး ၊ မိန်းမ။
(အားနွဲ့သူပါ ရှင့်)။
၂။ မာတု - အမိ ၊
ဂါမ - တေးဆို၍ ချော့တတ်သူ၊
မာတုဂါမ - အမျိုးသမီး ၊ မိန်းမ ။
၃။ ဝဏ္ဏ - ရုပ်အဆင်း ၊
ဒါ သီ - ကျွန် ၊
ဝဏ္ဏ ဒါသီ - ပြည့်တန်ဆာမ ။
(ရုပ်အဆင်းကိုပြ၍ ကျွန်ကဲ့သို့ပြုစုတတ်သူ၊
ဝါ - အဆင်း၏ ကျွန် )။
၎။ ပဇာ - စောင့်ရှောက်တတ်သည် ၊
စွန့်လွှတ်သည် ၊
ပတိ - လင် ယောက်ျား၊
ပဇာပတိ - ဇနီး မယား ။
(လင်ယောက်ျားကိုစောင့်ရှောက်တတ်သူ၊
လင်ယောက်ျားအတွက် အသက်ကို - -
စွန့်လွှတ်တတ်သူ) ။
၅။ ဥတ္တမ - အမြတ် ၊ ဝါ -မြတ်သော ၊
အင်္ဂါ - ကိုယ် အင်္ဂါ၊
ဥတ္တမင်္ဂါ - ဦးခေါင်း ။
၆။ ရဟဿ - ဆိတ်ကွယ်ရာ၊
ဝါ - ဖုံးလွှမ်းအပ်သော၊
အင်္ဂါ - ကိုယ် အင်္ဂါ ၊
ရဟဿင်္ဂါ - အင်္ဂါ ဇာတ်။
၇။ ဝတ္ထ - အဝတ်ဖြင့်
ဂုယှ - လျို့ဝှက်အပ်သော၊
ဝါ -ဖုံးလွှမ်းအပ်သော ၊
ဝတ္ထဂုယှ - အင်္ဂါ ဇာတ် ။
(အဝတ်ဖြင့်ဖုံးလွှမ်းအပ်သော အင်္ဂါာဇာတ်)။
၈။ ဝရ - မြတ်သော ၊
အင်္ဂါ - ကိုယ် အင်္ဂါာ၊
ဝရ အင်္ဂါ - အင်္ဂါ ဇာတ်။
၉။ သုရ - နတ် ၊
နဒီ - မြစ် ၊
သုရနဒီ - ရေတံခွန် ၊ နတ်မြစ်။
၁၀။ ဓူမ - အခိုးအငွေ့၊
သိခ - ဦးစွန်းဖုတ် ၊
ဓူမသိခ - မီး ။( အခိုးအငွေ့တည်းဟူ
သော ဦးစွန်းဖုတ် ရှိသောမီး)။
၁၁။ ကဏှ - အမဲရောင် ၊
ဝတ္တနီ - လမ်း ခရီး ။
ကဏှဝတ္တနီ - မီး ။
၁၂။ ပမတ္တ - မေ့လျော့ခြင်းဖြင့် ၊
ဗန္ဓု - နှောင်ဖွဲ့ စေတတ်သောသူ၊
ပမတ္တဗန္ဓု - မာရ်နတ် ။
၁၃။ ဘဝ - ဘဝ ၊
နေတ္တိ - မျက်စိ ၊ ဝါ - ရေကိုစီးသွားစေ
တတ်သော ရေမြောင်း ပမာ၊
ဘဝနေတ္တိ - တဏှာ ။
၁၄ ။ ဝိသ - အဆိပ် ၊
အတ္ထိက - ရှိသည် ၊ ဖြစ်သည်၊
ဝိသတ္ထိက - တဏှာ ။
၁၅။ ပတိ - လင် ခင်ပွန်း၊
သယ - အိပ်ရာ နေရာ ၊
ပတိဿယ - အိမ် ။
(ဇနီးခင်ပွန်းတို့၏ အိပ်ရာနေရာ အိမ်)။
၁၆။ ဒေါသ - အမျက် ဒေါသ(၏ ဆိုးကျိုးကို)
အညူ - သိသောသူ၊
ဒေါသညူ - ပညာရှိ ။
၁၇။ အရဟံ - ရဟန္တာ (တို့၏ )
ဓဇ - အလံ ၊ တံခွန် ၊
အရဟဒ္ဓဇ - သင်္ကန်း ။
၁၈။ နရာ - လူ(တိုင်းသူပြည်သားလူအများ)
အဓိပ - စောင့်ရှောက်သူ၊ အစိုးရသူ၊
နရာဓိပ - မင်း ၊ ရှင်ဘုရင်။
၁၉။တပေါ - အကျင့် သီလ ၊
ဓန - ပစ္စည်း ဥစ္စာ ၊
တပေါဓန - ရဟန်း ။ (အကျင့် သီလ -
တည်းဟူသော စည်းစိမ်ဥစ္စာ ရှိသောသူ)။
၂၀။ မဟာ - များသော (မွန်မြတ် သော)
သြသဓ - ဆေး ၊
မဟောသဓ - ဂျင်း(ချင်း) ခြောက်။
(ဆက်လက်၍ ဖော်ပြပါဦမည်) ။
အရှင် ဉာဏာဝုဓ
Comments
Post a Comment