ဗိုင်းကောင်းကျောက်ဖိ
ဗိုင်းကောင်းကျောက်ဖိ
ဝါဂွမ်းကို လက်ဝါးခန့်ရှိသော ပါးလွှာသည့် အပြားငယ်လေးများ ပြုလုပ်ရသည်။ ထို့နောက် ၆လက်မခန့်ရှည်သော ဗိုင်းလိပ်တံခေါ်သည့် တုတ်ချောင်းငယ်ဖြင့် ရစ်ပတ်လိပ်ရသည်။ ယင်းကဲ့သို့ လိပ်သောအခါ အလွန်ကျစ်မနေစေရန်လည်းကောင်း၊ အလွန်ပွမနေစေရန်လည်းကောင်း သတိထားရသည်။ အကယ်၍ အလွန့်အလွန် ကျစ်နေလျှင်
ချည်ဆွဲသောအခါ မလိုက်ဘဲ ပြတ်တတ်သည်။ ပွနေပြန်လျှင်လည်း အလိုက်များကာ ချည်မချောဘဲ ခြည်လုံးကြီးတတ်သည်။
ရစ်လိပ်ပြီး ဝါဂွမ်းသည် အဖျားနှစ်ဖက်ရှူးနေသည်။ သို့မှသာလျှင် ချည်စဆွဲယူရန် လွယ်သည်။ ရစ်လိပ်ထားသောဝါဂွမ်းကို ဗိုင်း သို့မဟုတ် ဗိုင်းတောင့်ဟု ခေါ်သည်။ ဗိုင်းတောင့်များကို ကျောက်ပြင်စသော လေးလံသည့် အရာတခုခုဖြင့် ဖိထားရသည်။ ဖိမထားလျှင် ပွထလာကာ ချည်ဆွဲ၍မရဘဲ ရှိတတ်သည်။ ယင်းသည်ကို တွေ့မြင်ကြသော ရှေးသူဟောင်းတို့သည် "ဗိုင်းကောင်းကျောက်ဖိ" ဟူသောစကားကို တီထွင်လိုက်ကြသည်။
ထိုလက်သုံးစကားကို အထူးသဖြင့် အမျိုးသမီးငယ်များနှင့် စပ်လျှဉ်း၍ သုံးစွဲကြသည်။ အမျိုးသမီးငယ်သည် အုပ်ထိန်းသူ လူကြီးမိဖတို့၏ စကားကိုနားထောင်သည်။ ဣနြေ္ဒသိက္ခာလည်းရှိသည်။ ထိုအမျိုးသမီးငယ်ကို ဗိုင်းကောင်းကျောက်ဖိကလေးဟု ခေါ်ကြသည်။
(ကိုးကား ဦးတင်လှ၏ ဘာသာနှင့်စာပေကျမ်း)
creditပေးပါသည်
Comments
Post a Comment