လူ့အဖြစ်
ပြည့်​ဝခြင်းဆိုတာ
✏ ✏ ✏ ✏ ✏ 
ဖိုးဖိုး
သူတို့ မိသားစုက ချမ်းသာတယ်​​နော်
အားကျစရာ​ကောင်းလိုက်​တာ
လူဖြစ်​ရကျိုးနပ်​လိုက်​တာ
ဘာလို့လဲ ​မြေး​လေး
မြေး​လေးလည်​လူပဲ​လေ
သူတို့လို လက်​​တွေ ​ခြေ​တွေ ပါတယ်​​လေ
ဒါ​ပေမယ့်​ ​မြေး​တို့က သူတို့​လောက်​လူရာမဝင်​သလိုပဲ
မြေးထင်​လို့ပါ
ချမ်းသာချင်​တယ်​ ​အောင်​မြင်​ချင်​တယ်
ပိုင်​ဆိုင်​ချင်​ကြတယ်
ဘာလို့လဲ သိလား​မြေး​လေး
သူတို့လိုတာရရင်​ ​ပျော်​ရွှင်​ရလိမ့်​မယ်​လို့
ပုံ​သေတွက်​ထားကြလို့ပဲ
ဟိုမှာ​တွေ့ လား ​မြေး​လေး
အဲ့ ​ရေစည်​ထဲက ​ရေ​တွေကို
ဒီအိုးထဲ အကုန်​ဝင်​​အောင်​ထည့်
ဟာ ဘိုးဘိုးက ​ရေစည်​က အကြီးကြီး
အိုးက​သေး​သေးလည်း
ရေစည်​ထဲ​ရေ​တွေအားလုံး ဘယ်​ဆန့်​ပါမလဲ
အဘိုးအိုက အိုး​အောက်​​ခြေကို
ခဲ​တစ်​လုံး​ကောက်​ပြီး ဆက်​ကနဲ့ ခွဲ​ပေါက်​လိုက်​တယ်
မြေး ပြည့်​​အောင်​ထည့်
ဒီလိုဆို ဘယ်​ပြည့်​ပါ​တော့မလဲ ဘိုးဘိုးရဲ့
လူ​တွေရဲ့ လိုအင်ဆန္ဒဟာလည်း
ပေါက်​​နေတဲ့ အိုးလိုပဲ​မြေး
ရေပြည့်​တဲ့အိုးတိုင်း လျှံတတ်​သလို
ရေမရှိတဲ့အိုးကလည်း ​ခြောက်​​သွေ့ အက်​ကွဲတတ်​တယ်​​မြေး​လေး
လူ ဖြစ်​ရကျိုး နပ်​တယ်​ မနပ်​ဘူးဆိုတာက
ဒီလိုရှိတယ်
မြေး စား​နေတဲ့ ထမင်း အင်း ဆန်​​ပေါ့ကွာ
အ​ကောင်းစား ဆန်းတစ်​လုံးတည်​မယ်
အညံ့စား ဆန်​ တစ်​လုံးတည်​မယ်
မြေးဘယ်​ဆန်​စားမလဲ
ဘိုးဘိုးကလည်း ​အ​ကောင်းစားပဲစားမှာ​ပေါ့
အဲ့ ​မြေးစားမယ်​ဆိုတဲ့ အ​ကောင်းစားဆန်​က
ပျော့တူးမနပ်​ ဖြစ်​​နေပြီး
အညံ့စားဆန်​က စားလို့ရ​တဲ့အ​နေ​တော်​ဆိုရင်​​ရော
စားလို့ရတာပဲ စားမယ်​ အဖိုး
လူဆိုတာလည်း ဒီလိုပဲ
ဘယ်​​လောက်​ပြည့်​စုံပါ​စေ
စာနာစိတ်​ ၊ ခွင့်​လွှတ်​စိတ်​ ၊သူ့ဘက်​ကိုယ်​ဖက်​မကြည့်​တတ်​ရင်
အိုးထဲမှာထဲမှာ မနပ်​ခဲ့တဲ့ ထမင်းလိုပဲ  ပန်းကန်​​ထဲ​ရောက်​မှ
နပ်​​အောင်​နှပ်​မရ​တော့ဘူး​မြေး
အဲ့လိုပဲ​မြေး မပြည့်​စုံ​ပေမယ့်
စာနာစိတ်​ပြည့်​ရှိတဲ့သူ ခွင့်​လွှတ်​နားလည်​တတ်​သူ
သူ့ဘက်​ကိုယ်​ဘက်​ကို အတိုင်းအတာနဲ့ကြည့်​တတ်​သူဟာလည်း
လူဖြစ်​ရကျိုးနပ်​ပါတယ်​ ​မြေးရဲ့
ရေပြည့်​တိုင်း မသန့်​ဘူး​မြေး​လေးရဲ့
ခု​မြေး​ရှေ့က ကန်​ကြီး​တွေလား
အမှိုက်​​သရိုက်​​ပေါင်းစုံနဲ့ပြည့်​​နေတယ်​ ​မြေး​သောက်​မလား
ရေချိုးမလား
ရွံစရာ ကြီး ဖိုးဖိုးရယ်
ဒါဆို ဟို​ရေစည်​ထဲက ​ရေ​နည်းနည်း​လေးကို​ရော
သောက်​လည်း​သောက်​လို့ရတယ်
ချိုးလည်းချိုးလို့ရတယ်
မြေး လူဖြစ်​ရကျိုးဆိုတာဒါပဲ
ပြည့်​​ဝတယ်​ဆိုတာ သ​ဘောထားပြည့်​ဝခြင်း
ခွင့်​လွှတ်​သည်းခံ ခြင်း​တွေ ပြည့်​​နေဖို့နဲ့
ကိုယ်​ချင်းစာနာစိတ်​​တွေ အမြဲ ပြည့်​ဝ​နေရင်
လူ ဖြစ်​ရကျိုးနပ်​တာပါပဲ ​မြေးရယ်​။
ရွေးချယ်​မှုသည်​မိမိအတွက်​ဖြစ်​ပါ​စေ။
ပြန်​လည်​မျှ​ဝေ​ပေးပါသည်
ဘာမထီဘွား...အ​တွေးစာစု​လေးများ
#Cardit
Comments
Popular posts from this blog
ပဌာန်းတရားတော်
စကားထာ
ဘာသာစကားဆိုင်​ရာ စာအုပ်​များ