မြန်မာကဗျာပုံသဏ္ဌာန်
✿ မြန်မာကဗျာပုံသဏ္ဌာန်အကြောင်း တစေ့တစောင်း ( ၄ ) ✿ ပဒဆက်ကာရန်စနစ်၊ ပိုဒ်ဆက်ကာရန် စနစ် ၊ အချီ - အချ အသံစနစ်များကို ချဲ့ထွင် အသုံးပြုရေးဖွဲ့ခြင်းဖြင့် ဒွေးချိုး၊ တြိချိုး၊ လေး ဆစ် ကဗျာပုံသဏ္ဌာန်များ ထွန်းကားခဲ့ပုံကို တင်ပြ ခဲ့ပါပြီ ။ ဆက်လက်၍ လေးချိုး၊ လွမ်း ချင်း၊ တေးထပ် ကဗျာပုံသဏ္ဌာန်များတိုးပွား လာခဲ့ပုံကို တင်ပြပါမည်။ ကုန်းဘောင်ခေတ်နှောင်းပိုင်းကာလများ တွင် လေးဆစ်ကဗျာပုံသဏ္ဌာန်ကို ချဲ့ထွင် ဖန်တီးထားသောလေးချိုးလတ်၊လေးချိုးကြီး ကဗျာပုံသဏ္ဌာန်များ ပေါ်ပေါက် ထွန်းကား လာခဲ့ပါသည်။ ထိုကဗျာပုံသဏ္ဌာန်များသည် လေးဆစ်ကဗျာပုံသဏ္ဌာန်တွင် နဘေထပ်ကာရန်စနစ်များ တိုးချဲ့ဖွဲ့ဆိုခြင်း ဖြစ်ပါသည်။ နဘေထပ်ကာရန်စနစ်အကြောင်း ပညာရှင် အများသိပြီးဖြစ်၍ အထူးမတင်ပြတော့ပါ။ လေးချိုးလတ်၊လေးချိုးကြီးကဗျာတို့၏အသံ စနစ် အသုံးပြုပုံများကို မြင်သာရုံမျှ ဖော်ပြပါ မည်။
Comments
Post a Comment