လူသာလျှင်
ငါဟဲ့လူသား
စွမ်းပကားမြားမြောင်
မာန်စွယ်ထောင်ငြား
ရှုလိုနှစ်ဖွယ်
မြင်သောခါဝယ်
စိတ်နှယ်ဘဝင် မွေ့တုံချင်၏။
ကြမ်းတမ်းခရီး
ပင်ပန်းကြီးက
သနားစာနာ နှစ်သိမ့်ပါ၏။
အဆိုးအကောင်း သောင်းပြောင်းထွေလာ
တွေ့သောခါမူ
ထိုကားမသင့် ဤကားသင့်ဟု
ဝေဖန်ပိုင်းခြား တတ်နိုင်ငြား၏။
သတ္တဝါလောက
နှိုင်းချိန်ဆသော်
လူသာအမြတ်ဆုံးတည်း။
ဘကြီးအောင်
Comments
Post a Comment