Posts

လူ့အဖြစ်

ပြည့်​ဝခြင်းဆိုတာ ✏ ✏ ✏ ✏ ✏  ဖိုးဖိုး သူတို့ မိသားစုက ချမ်းသာတယ်​​နော်​ အားကျစရာ​ကောင်းလိုက်​တာ လူဖြစ်​ရကျိုးနပ်​လိုက်​တာ ဘာလို့လဲ ​မြေး​လေး ​မြေး​လေးလည်​လူပဲ​လေ သူတို့လို လက်​​တွေ ​ခြေ​တွေ ပါတယ်​​လေ ဒါ​ပေမယ့်​ ​မြေး​တို့က သူတို့​လောက်​လူရာမဝင်​သလိုပဲ ​ ​မြေးထင်​လို့ပါ လူရယ်​လို့ ဖြစ်​လာရင်​  ချမ်းသာချင်​တယ်​ ​အောင်​မြင်​ချင်​တယ်​ ပိုင်​ဆိုင်​ချင်​ကြတယ်​ ဘာလို့လဲ သိလား​မြေး​လေး သူတို့လိုတာရရင်​ ​ပျော်​ရွှင်​ရလိမ့်​မယ်​လို့ ပုံ​သေတွက်​ထားကြလို့ပဲ ဟိုမှာ​တွေ့ လား ​မြေး​လေး အဲ့ ​ရေစည်​ထဲက ​ရေ​တွေကို ဒီအိုးထဲ အကုန်​ဝင်​​အောင်​ထည့်​ ဟာ ဘိုးဘိုးက ​ရေစည်​က အကြီးကြီး အိုးက​သေး​သေးလည်း ​ရေစည်​ထဲ​ရေ​တွေအားလုံး ဘယ်​ဆန့်​ပါမလဲ အဘိုးအိုက အိုး​အောက်​​ခြေကို ခဲ​တစ်​လုံး​ကောက်​ပြီး ဆက်​ကနဲ့ ခွဲ​ပေါက်​လိုက်​တယ်​ ​မြေး ပြည့်​​အောင်​ထည့်​ ဒီလိုဆို ဘယ်​ပြည့်​ပါ​တော့မလဲ ဘိုးဘိုးရဲ့ လူ​တွေရဲ့ လိုအင်ဆန္ဒဟာလည်း ​ပေါက်​​နေတဲ့ အိုးလိုပဲ​မြေး ​ရေပြည့်​တဲ့အိုးတိုင်း လျှံတတ်​သလို ​ရေမရှိတဲ့အိုးကလည်း ​ခြောက်​​သွေ့ အက်​ကွဲတတ်​တယ်​​မြေး​လေး လူ ဖြစ်​ရကျိုး နပ်​တယ်​ မနပ်​ဘူးဆိုတာက ဒီလိုရှိတယ်​ ​မြေး စား​...

အ​ပြောနှင့်​အ​ရေး

#အပြောနှင့်အရေး ************** Written by  လှမြင့် (ရန်ကုန်တက္ကသိုလ်)  "အပြော" ဟူသည် အရပ်သုံးစကားဖြစ်ပြီး အများအားဖြင့် စကားအပြောအဆိုဟူ၍ သုံးနှုန်းလေ့ ရှိသည်။ "စကား" ဟူသည် အနက်အဓိပ္ပာယ်ရှိသောနှုတ်မြွက်သံ၊ ပြောဆိုချက်ဟူ၍ ဖွင့်ဆိုသတ်မှတ်သည်။ ထို့ကြောင်း  အပြောစကား၊ စကားပြောဆို ဘာသာစကားဟူ၍ သုံးစွဲနေကြခြင်း ဖြစ်သည်။   လူသည် လူ့လောကတွင် တစ်ဦးတစ်ယောက်တည်း နေ၍မဖြစ်နိုင်။ လူမှုပေါင်းသင်း ဆက်ဆံရေး နယ်ပယ်တွင် ကျင်လည်၍ တစ်ဦးနှင့်တစ်ဦး အပြောအဆိုဖြင့် ဦးစွာပြောဆို ဆက်ဆံမှု ပြုခဲ့ကြသည်။ ထို့ကြောင့် အပြောအဆိုစကား ဘာသာစကားသည် လူမှုပေါင်းသင်း ဆက်ဆံရေး နယ်ပယ်၌ အသုံးအများဆုံး တိုးတက်ဖွံ့ဖြိုးမှု အမြင့်မားဆုံး၊ အသိမ်မွေ့ဆုံး၊ အရှုပ်ထွေးဆုံး ဖြစ်သည်။ လူသားတို့၏ လက်တွေ့ဘ၀နှင့် စိတ်ပိုင်းဘ၀ တစ်ရပ်လုံးတွင် အရေးပါဆုံး ဖြစ်သည်။ အပြောအဆိုစကား ဘာသာစကားသည် လူ့လောကတွင် မလုပ်မဖြစ်သော အလုပ်တစ်ခု ဖြစ်သည်ဟူ၍ အပြောအဆို စကား၏ အနှစ်သာရကို ဘာသာစကား ပညာရှင် ဘောဂဗေဒ ပညာရှင်များက မိန့်ဆိုလမ်းညွှန် ခဲ့သည်။   ထိုနည်းတူ အရေး (သို့မဟုတ်) စာသည်လည်း လူမှုဆက်ဆံရေး နယ်ပယ်တွင် အရေးပါသော အကြောင်းအရင်း တစ်ရပ်အဖြစ် ရပ်တည...

ဩဝါဒ

🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲          “ဆရာတော်ကြီးများ” မှ         “ဗိုလ်ချုပ်အောင်ဆန်း” အား      မိန့်ကြားသည့်” သြဝါဒ စကားများ” “၁၃၀၈-ခု၊ နယုန်လဆန်း( ၁ )ရက်” ၌           ” ရွှေဂုံတိုင်လမ်း…     “ဘုရားကြီးကျောင်းတိုက်”တွင်     “ဂိုဏ်းပေါင်းစုံ သံဃမဟာနာယက     အဖွဲ့ချုပ်ကြီး”၏ “နှစ်ပတ်လည်       အစည်းဝေး” ကျင်းပနေသည်၊           “အထက်မြန်မာနိုင်ငံ”အတွက်                    “တာဝန်ခံ”   … ” နိုင်ငံတော် သံဃနာယက ဥက္ကဋ္ဌ           ညောင်ရမ်းဆရာတော်၊ ”   … ” မစိုးရိမ်ဆရာတော် ”   … ” ပခုက္ကူဆရာတော်”-အစရှိသော             အထက်ပိုင်း-အောက်ပိုင်း     ”ထေရ်ကြီးဝါကြီး ဆရာတော်များ”    စုံစုံညီညီ တက်ရောက်တော်မူကြ၏၊       “နယုန်လဆန်း( ၃ )ရက်နေ့”၌  နိုင်ငံရေးခေါင်းဆောင်များ ဖြစ်ကြ သည့...

ထောင့်

ရှုထောင့် (၁) 🍀🌹🍀🌹 မြန်မာစာမေးခွန်းရှည်တွေကို ဖြေဆိုတဲ့အခါ 'ရှုထောင့်'ဆိုတာကို  သိဖို့ လိုပါတယ်။ 'ရှုထောင့်' ဆိုတာ 'ရှု'တဲ့'ထောင့်'ပါပဲ။ ဟောဒီအတန်းကလေးကို  သည်လို 'လက်ဝဲထောင့်'က ကြည့်မယ်၊ မြင်မယ်၊ မြင်တဲ့အတိုင်းပြောမယ်။ သည်လို 'အလယ်'က ကြည့်မယ်၊ မြင်မယ်၊ မြင်တဲ့အတိုင်းပြောမယ်။  သည်လို 'လက်ယာထောင့်'က ကြည့်မယ်၊ မြင်မယ်၊ မြင်တဲ့အတိုင်းပြောမယ်။  ကဲ..မြင်ပုံ ပြောပုံ တူမလား။ မတူနိုင်ပါဘူး။ ပြောတာကတော့  သည်အတန်းအကြောင်း ပြောတာပါပဲ။  ဒါပေမဲ့ ကြည့်တဲ့သူ နေတဲ့နေရာ လိုက်ပြီး  မြင်ပုံပြောပုံ ကွဲပြားသွားပါတယ်။  'ရှုထောင့်'ဆိုတာလဲ သည်သဘောပါပဲ။ စာဖြေတဲ့သူ နေရမဲ့နေရာအလိုက် ဖြေဆိုပုံ ကွဲပြားသွားတာကို ပြောတာပါ။  'ရှုထောင့်'ကို သည်လို (၃) မျိုး ခွဲကြည့်ချင်ပါတယ်။ (၁) စာဖြေသူရှုထောင့်/မိမိရှုထောင့် (၂) စာဆို/စာရေးသူရှုထောင့် (၃) ဇာတ်ဆောင်ရှုထောင့် ကဲ.အခုဆိုရင် "ရွှေနှင့်ယိုးမှား ပန်းစံကား" ကဗျာထဲက မိန်းမပျိုကလေးအကြောင်းကို ပြောပြခဲ့ပြီးပါပြီ။ တစ်စုံတစ်ယောက်က မေးပါလိမ့်မယ်။  (၁)  "မင်း၊ ရွှေနှင့်ယိုးမှား ပန်းစကား ကဗျာထဲက  မိန်းကေ...

ခွန်​အား

အရမ်းကောင်းလို့မျှဝေပေးတာပါ။ ၁မိနစ်လောက်အချိန်ပေးပြီး ဖတ်စေချင်ပါတယ်.... ကြက်ကလေးက ကြက်မကြီးကိုမေးတယ်၊  `မေမေ .. ဒီနေ့ ဥမဥလို့ရလား.. သားတို့အပြင်ထွက်လျှောက်လည်ကြမယ်လေ.. ´ ကြက်မကြီးက ` မရဘူးသား၊ မေမေ့အလုပ်ရှိသေးတယ်´ `ဒါပေမယ့် မေမေ အများကြီးဥခဲ့ပြီးပြီလေ ´ လို့ ကြက်ကလေးက ပြန်ပြောတယ် ကြက်မကြီးက လေးလေးနက်နက် အသံနဲ့ ကြက်ကလေးကို ပြန်ပြောတယ်.. ` အမေ တစ်နေ့ဥတစ်လုံးဥမှ လယ်သမားကြီးရဲ့ဟင်းခွက်ထဲ မရောက်မှာ.. ကလေးနင်မှတ်ထား .... အသက်ရှင်ရပ်တည်မှုဆိုတာ ဖန်တီးထုတ်လုပ်မှုရဲ့တန်ဖိုး၊ သေဆုံးမှုဆိုတာ အဲဒီတန်ဖိုးမဲ့သွားလို့၊ အရင်ကလုပ်ခဲ့သမျှက အနာဂတ်နေရာမြဲဖို့ဘယ်လိုမှမစွမ်းဆောင်နိုင်ဘူး၊ အဲဒါကြောင့် နေ့တိုင်းနေ့တိုင်း ကြိုးစားအားထုတ်ရမယ်။  တကယ်လို့မင်းက သိမ်းငှက်တစ်ကောင်ဆိုပါစို့၊  ဘယ်သူမှ လက်ခုပ်မတီးလည်း မင်း အမြင့်ပေါ်မှာပျံသန်းနေရမယ်။ တကယ်လို့မင်းက မြက်ကလေးတစ်ပင်ဆိုရင် ဘယ်သူမှ တန်ဖိုးလာမထားလည်း မင်းရှင်သန်ရမယ်။ တကယ်လို့မင်းက ချောက်ကမ်းပါးပေါ်က ပန်းတစ်ပွင့်ဆိုရင် ဘယ်သူမှ လာမွှေးမယ့်သူမရှိလည်း မင်း မွှေးကြိုင်သင်းပျံ့နေရမယ်။  တကယ်လို့မင်းက ဒီဇိုင်နာဆိုရင် ဘယ်သူမှ အားပေးမှုမရှိလည်း မင်းရဲ့ဖန်တီ...

အ​လေးရုပ်​ ပြဋ္ဌာန်းစဉ်​သမိုင်း

မင်းအဆက်ဆက်ပြဌာန်းခဲ့သော အလေးတံဆိပ်များ  အလေးရုပ်          ပြဌာန်းသောမင်း ========================== ၁။ ကြက်           ကျော်စွာငယ်                               ( 1350-59)                           မဟာသီဟသူရ                           ( 1468-80)                        အနောက်ဘက်လွန်မင်း                             (1605-28) ၂။ကြိုးကြာ         ငါးစီးရှင်ကျော်စွာ                              (1342-50)                            မင်းခေါင်ကြီး...

လူ ၁၀ မျိုး

လူ (၁၀)မျိုးထဲမပါ​စေနဲ့" ၁။ကောင်းကွက်​ရှိလျှက်​နဲ့ မ​ကောင်းကွက်​ကိုမှ ​ရွေးပြီး ကြည့်​တတ်​တဲ့....လူ ၂။သူတစ်​ပါးရဲ့ ဂုဏ်​သတင်းကို အခြားလူတစ်​​ယောက်​ကို ဖွင့်​ဟ​ပြောရမှာ ၀န်​​လေးတတ်​တဲ့......လူ ၃။ကိုယ်​နဲ့မထိုက်​သာသိရဲ့သားနဲ့ သူတစ်​ပါးရမှာ​ကြောက်​လို့ မကောင်းကြံတတ်တဲ့........လူ ၄။ကိုယ်​မလုပ်​နိုင်​မှန်းသိလျှက်​နဲ့ သူတစ်​ပါးလုပ်​နိုင်​တာကို မနာလိုဝန်​တိုတတ်​တဲ့........လူ ၅။အခြားလူဘက်​မှာအမှန်​တရား ရှိတာသိလျှက်​နဲ့​ငွေ​ကြေးရှိတဲ့ သူဘက်​ကရပ်​တည်​တတ်​တဲ့.....လူ ၆။ငါသာဗိုက်​၀ရင်​ပြီး​ရော သူတစ်​ပါးငတ်​ငတ်​ဆိုတဲ့ စာနာစိတ်​မရှိတဲ့........လူ ၇။ပိုက်​ဆံမျက်​နာတစ်​ခုအတွက်​နဲ့ အကုသိုလ်​ကိုပြုလုပ်​ရဲတဲ့.....လူ ၈။သူတပါးကိုအ​ပေါ်ယံကြည့်​ပြီး အထင်​​သေးတတ်​တဲ့.......လူ ၉။ငွေ​ကြေးချမ်းသာတဲ့ သူနဲ့ကြ​တော့တစ်​မျိုး ​ငွေ​ကြေးဆင်းရဲတဲ့ သူ​တွေနဲ့ကြ​တော့တစ်​မျိုး လိုတစ်​မျိုး မလိုတစ်​မျိုး ဖြစ်​တတ်​တဲ့.......လူ ၁၀။ရိုးသားတဲ့ လူ​တွေအ​ပေါ်မှာ လိမ်​ညာ​ကောက်​ကျစ်ကြပြီး ဖိနှိပ်​ဆက်​ဆံတတ်​တဲ့........လူ (​လောကဓမ္မ)း