စာစီစာကုံး အ​ကြောင်း

ရန်ကုန်တက္ကသိုလ် မြန်မာစာပါမောက္ခ၏
စာစီစာကုံးလမ်းညွှန်ချက်
🌻🌹🌻🌹🌻🌹

၆(က) စာစီစာကုံးမေးခွန်းတွင် အချက်အလက် ၅ ချက်သာ ပေးထားပြီး အချက်အလက် တစ်ခုအတွက်
ပေးမှတ် ၂ မှတ် သတ်မှတ်မည် ဖြစ်ကြောင်း၊

၂ မှတ်တန် အချက်အလက်အတွက်
၂ မှတ်နှင့် သင့်လျော်မည့် ပမာဏသာ ဖြေရန် လိုမည် ဖြစ်ကြောင်း၊

ပေးထားသော အချက်၅ ချက်အနက် ပထမအချက်သည် နိဒါန်းပျိုး
အစပြုရန် ဖြစ်ကြောင်း၊
ကျန်သုံးချက်သည် စာကိုယ်အတွက် ဖြစ်ပြီး နောက်ဆုံးအချက်သည် နိဂုံးချုပ် အဆုံးသတ်ရန် ဖြစ်ကြောင်း၊

ထို့ကြောင့်
၂ မှတ်တန် အချက်တစ်ချက်အတွက် စာတစ်ပိုဒ်နှုန်းဖြင့်
စာပိုဒ် ၅ ပိုဒ်သာ လိုအပ်ကြောင်း၊

အကယ်၍ နိဒါန်း နှင့် နိဂုံးကို
အချက်၅ ချက်စလုံး ပါဝင်အောင် ရေးသားလိုပါက
စာပိုဒ် ၇ ပိုဒ် ရေးနိုင်ကြောင်း၊
ထိုထက်ပို၍ ရေးရန် အကြောင်းမရှိကြောင်း၊

ယခင်လို ပမာဏကို အားပြုပြီး များများရေးနေပါက အချိန်ကုန်ပြီး အမှတ်ဆုံးရှုံးသွားနိုင်ကြောင်း၊

ပုံစံသစ် စာစီစာကုံးတွင်
ပမာဏသည် အဓိကမဟုတ်တော့ဘဲ
အနှစ်သာရသည်သာ ပဓာနဖြစ်ကြောင်း။

( ၆-၈-၂၀၁၈ နေ့တွင် အထက(၃) ကြည့်မြင်တိုင်နှင့် အထက(၄) အလုံ တို့၌  ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးက ကြီးမှူးကျင်းပသည့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းတွင် ရန်ကုန်တက္ကသိုလ် မြန်မာစာပါမောက္ခ ဆရာကြီး ဒေါက်တာအောင်မြင့်ဦး၏ မြန်မာစာမေးခွန်းပုံစံဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားချက်များမှ...)

Comments

Popular posts from this blog

မြန်မာကဗျာပုံသဏ္ဌာန်

ပဌာန်းတရားတော်

ဘာသာစကားဆိုင်​ရာ စာအုပ်​များ