နှလုံးသားမှာ ဘုရားတည်

"နှလုံးသားမှာ ဘုရားတည်"

အိုးမဖုတ်ခင် ၊ အိုးလုပ်စဉ်ဝယ်
အိုးတွင်နှိပ်ခတ် ၊ တံဆိပ်မှတ်ကား
မပြတ်မစဲ ၊ အိုးပင်ကွဲလည်း
အမြဲတစေ ၊ တည်ရှိနေသို့ ။

ထွေထွေသွေးသား ၊ ကလေးများ၌
ဘုရားတံဆိပ် ၊ ဘာသာစိတ်ကို
ခတ်နှိပ်နိုင်မှ ၊ သက်ဆုံးကျအောင်
ဗုဒ္ဓဝါဒီ ၊ စွဲ၍တည်မည်
ကိုယ်စီခပ်နိုပ်နိုင်စေသတည်း။

                   (မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံသ)

Comments

Popular posts from this blog

မြန်မာကဗျာပုံသဏ္ဌာန်

ပဌာန်းတရားတော်

ဘာသာစကားဆိုင်​ရာ စာအုပ်​များ