အတိုကောက် မှတ်စု
``အသုံးများသော
အတိုကောက် စာလုံးများ၏
အဓိပ္ပာယ်´´
( 1.) No. ဆိုသည့် အတိုကောက် စာလုံး။
***No.ဆိုတာ
Number ရဲ့ အတိုကောက်ပါ။
ဒီနေရာမှာ
Number ကို အတိုကောက်ယူရင်
Nu(သို့)Nr ဖြစ်သင့်တယ်။
Number မှာ O မပါဘဲနဲ့
No. လို့ ဘာကြောင့်ဖြစ်ရသလဲဆိုတာ စဉ်းစားစရာပါ။
Number ဆိုတာ အင်္ဂလိပ် ဝေါဟာရပါ။
၎င်းဝေါဟာရက
လက်တင်စကားလုံး Numero က လာတယ်။
အဲဒီလက်တင် ဝေါဟာရရဲ့
အစနဲ့နောက်ဆုံး စာလုံးကို
အတိုကောက်ယူလိုက်တော့
Numero ကနေ No လို့ဖြစ်သွားတယ်။
``နံပါတ်´´ဆိုတဲ့ Number ရဲ့
အရင်းခံ လက်တင်ဝေါဟာရက Numberus ဖြစ်တယ်။
အဲဒီဝေါဟာရရဲ့ ဝေါဟာရအပွား ဖြစ်တဲ့
Numero ၏အဓိပ္ပာယ်ဟာ
``နံပါတ်အနေနှင့်/ နံပါတ်အားဖြင့်´´ ဖြစ်ပါတယ်။
အင်္ဂလိပ်လိုဆို in number ဖြစ်ပါတယ
``နံပါတ်´´တွေဆိုတာ
အရေအတွက်ရဲ့ သင်္ကေတပါပဲ။
အဲဒီတော့ ``အရေအတွက်များသော´´ဆိုတဲ့
adj ပုဒ်က အင်္ဂလိပ်လို Numerous ဖြစ်တယ်။
လက်တင် ပင်ရင်းဝေါဟာရအတိုင်းပါပဲ။
စာလုံးပေါင်းနည်းနည်းကွဲတယ်။
******အနှစ်ချုပ်က
*Numberus(လက်တင်)=နံပါတ် (မြန်မာလို)
=Number(အင်္ဂလိပ်လို)
*Numero(လက်တင်)=နံပါတ်အားဖြင့်(မြန်မာ)
=in number(အင်္ဂလိပ်လို)
အဲတော့ နံပါတ်အားဖြင့် ၁ လို့ ဆိုချင်တော့ No.1 ဖြစ်ရော။
( 2.) & နဲ့ Vs
*** & သည် အက္ခရာ မဟုတ်ပါ။
and ရဲ့ သင်္ကေတ ဖြစ်ပါတယ်။
အထူးသဖြင့် Time (တိုင်း) နဲ့
Newsweek (နယူးစ်ဝိခ်) ဆိုတဲ့
အမေရိကန် မဂ္ဂဇင်းတွေမှာ အသုံးပြုကြတယ်။
နေရာကွက်လပ် သက်သာစေဖို့ ဖြစ်မည် ထင်ပါသည်။
& သည် and ထက် နေရာကျဉ်းတယ်။
ဒါပေမယ့် ကျောင်းသား/သူတွေ မသုံးသင့်ပါဘူး။
*** Vs သည် Versus ရဲ့ အတိုကောက်ပါ။
အဓိပ္ပာယ်က against (ဆန့်ကျင်ဘက်)၊
opposite (ပြိုင်ဘက်) ဖြစ်ပါတယ်
Versio ဆိုတဲ့ လက်တင်ဝေါဟာရမှ
ဆင်းသက်လာတာပါ။
အဓိပ္ပာယ်ရင်းက
turning (တစ်ဘက်သို့ လှည့်ခြင်း) ဖြစ်တယ်။
တရားရုံးတွေမှာ
တရားလို၊ တရားခံ တို့ကို နာမည်ချင်း ယှဉ်ဖော်ပြတဲ့အခါမှာ
U Ba Vs U Mya ဟု ဖော်ပြကြတယ်။
အားကစားမှာလည်း အသင်းအဖွဲ့ချင်း ယှဉ်ပြိုင်ရာမှာ
Korean Youth Vs Myanmar Youth ဟု ဖော်ပြတတ်ကြတယ်။
ကိုးဒီးယား လူငယ်အသင်းနဲ့ မြန်မာလူငယ်တို့ အသင်းပေါ့။
( 3.) A.D. နဲ့ B.C.
***A.D. ဆိုတာ
Anno Domini ရဲ့ အတိုကောက်ပါ။
အင်္ဂလိပ်လို အဓိပ္ပာယ်က In the year of the Lord ပါ။
မြန်မာလိုကတော့ ဘုရားသခင်၏နှစ် ဖြစ်ပါတယ်။
ခရစ်တော် ဖွားပြီးတဲ့နှစ်ကစပြီး မှတ်တဲ့ သက္ကရာဇ် ဖြစ်တယ်။
B.C. ဆိုတာကတော့
Before Christ ခရစ်တော်မပေါ်မီကာလပါ။
နောက်တစ်မျိုးက
British Columbia ဗြိတိသျှ ကိုလံဘီယာ ရဲ့
အတိုကောက်လည်း ဖြစ်တယ်။
( 4.) Dollar ရဲ့ အတိုကောက် ($)
*** $ ဆိုတာ Dollar ရဲ့ အတိုကောက်ပါ။
Dollar ဆိုတာ အမေရိကန်တွေ သုံးတဲ့ ငွေကြေးပါ။
United States (အမေရိကန်ပြည်ထောင်စု) ရဲ့ အတိုကောက်
US ကို ပန်းချီသဘော ရေးဆွဲထားတဲ့ သင်္ကေတကို
ဒေါ်လာ၏ သင်္ကေတအဖြစ် သုံးထားခြင်းပါ။
S အပေါ် U ထပ်လိုက်တော့
U ဟာ ခြေချောင်းကလေး နှစ်ချောင်း ဖြစ်သွားတာပေါ့။
အခုအချိန်ကြာလာတော့
ခြေက နှစ်ချောင်းကနေ တစ်ချောင်း ဖြစ်သွားတယ်။
အဲတော့ $ ပုံစံဖြစ်နေရော။
(Rangon ကနေ Yangon ပြောင်းသွားသလိုပေါ့)
( 5.) Ounce (oz) =အောင်စ
*** Ounce (အောင်စ) ဆိုတဲ့ စကားဟာ
အီတာလျံဘာသာ Onza က အင်္ဂလိပ် ဘာသာစကားထဲ
ဝင်လာတာပါပဲ။ ဒါကြောင့်မို့ အတိုကောက် oz လို့ ရေးကြတာပါ။
( 6.) e.g.,i.e. နဲ့ etc.
*** e.g. ဆိုတာ
အင်္ဂလိပ်လို for example (ဥပမာအားဖြင့်) ဖြစ်ပါတယ်။
လက်တင် လိုတော့ exempli gratia လို့ခေါ်တယ်။
exempli ဆိုတာ အင်္ဂလိပ်လို for ပါ။
၎င်း လက်တင်စာလုံးကို အတိုကောက်ယူထားခြင်းပါ။
*** i.e. ဆိုတာ
အင်္ဂလိပ်လို that is (ဆိုလိုတာက) ဖြစ်ပါတယ်။
လက်တင်လိုတော့ id est ဖြစ်ပါတယ်။
၎င်း လက်တင်စာလုံးကို အတိုကောက် ယူထားခြင်းပါ။
*** etc. ဆိုတာ
အင်္ဂလိပ်လို အရင်က and so forth
အခုတော့ and so on (စသည်ဖြင့်) ဖြစ်ပါတယ်။
လက်တင်လိုတော့ et cetera ဖြစ်တယ်။
၎င်းစာလုံးကို ခါတိုင်းလို ec ဟု မယူဘဲ
etc. လို့ ပထမသုံးလုံးကို
အတိုကောက်ယူထားခြင်းပဲ ဖြစ်ပါတယ်။
(့အခြား အတိုကောက် စကားလုံးများပါ
ဗဟုသု အလို့ငှာ မျှဝေခြင်းဖြစ်ပါတယ်။)
Ref.Sayagyi U Tet Toe's Question Box.
#pollenboy....
Comments
Post a Comment