ခေတ်
#သမိုင်းဝင်ခေတ်များ ခရစ် ၁၂၉၉ မှ ၁၃၆၄ - ပင်းယခေတ် ခရစ် ၁၃၆၄ မှ ၁၅၂၆ - အင်းဝခေတ် ခရစ် ၁၅၂၆ မှ ၁၅၉၆ - တောင်ငူခေတ် ခရစ် ၁၅၉၆ မှ ၁၇၅၂ - ညောင်ရမ်းခေတ် ခရစ် ၁၇၅၂ မှ ၁၈၈၅ - ကုန်းဘောင်ခေတ် မြန်မာ့မင်းဆက် အရေအတွက် ပထမတကောင်းမင်း (၃၃) ဆက် ဒုတိယတကောင်းမင်း (၃၃) ဆက် သရေခေတ္တရာမင်း (၂၇) ဆက် ပုဂံမင်း (၅၅) ဆက် ပင်းယမင်း (၆) ဆက် စစ်ကိုင်းမင်း (၇) ဆက် တောင်ငူမင်း (၃၄) ဆက် ပြည်သရေခေတ္တရာမင်း (၂၃) ဆက် အင်းဝမင်း (၃၄) ဆက် ကုန်းဘောင်မင်း (၁၁) ဆက် ပုဂံမင်းဆက် မြန်မာ့သမိုင်းတွင်ပထမဆုံးအဖြစ်ဗမာလူမျိုးတို့အုပ်ချုပ်သည့်ပုဂံခေတ်တွင်မင်းဆက်ပေါင်း၅၈ဆက်ရှိခဲ့သည်ဟုဆိုပါသည်။ ခရစ်နှစ် ၁၀ရ -ခု (AD 107 ) ၊ မြန်မာ သက္ကရာဇ် ၂၉ -ခု တွင် နန်းတက်သော မဟာသမုဒ္ဒရာဇ် မင်း မှစ၍ ခရစ်နှစ် ၁၃၆၈ -ခု (AD 1368 )၊ မြန်မာသက္ကရာဇ် ၇၃၀ ပြည့်နှစ်တွင် နန်းကျခဲ့သော စောမွန်နစ် မင်းအထိ ။ ၁၂၆၁ -နှစ်ကြာအောင် ရှည်သော အပိုင်း ကို ပုဂံခေတ် ဟု သတ်မှတ်ပါသည် ။ မင်းဆက်ပေါင်း ၅၅ ဆက် ရှိသည် ဟုဆိုသော်လည်း ဘိသိပ်မခံသောမင်း ၊ ကျောက်စာ အထောက်အထား မရှိသောမင်း ၊ ကျောက်စာ တွင်ပါဝင်သော်လည်း ရာဇ၀င် တွင် စာမတင်သောမင်း စသဖြင့် အယူအဆ အမျိုးမျိုး ကွဲပြားနေပါသည်။ ၁၀၇ -ခုနှစ်...