Posts

Showing posts from August, 2016

ရသစာတမ်းနှင့်​ ဝတ္ထုတိုကွာခြားပုံ

ရသစာတမ်း(အက်ဆေး)နှင့် ဝတ္ထုတို ကွာခြားပုံ *****************************************        ရသစာတမ်းသည် Literature (ခေါ်)ရသစာပေအနွယ်ဝင် ဖြစ်သောကြောင့် ဝတ္ထုနယ်ပယ်နှင့် မလှမ်းမကမ်းတွင် တည်ရှိနေ ပါသည်။အထူးသဖြင့် ဝတ္ထုတို၏ သွင်ပြင် လက္ခဏာတစ်ချို့ကို ရသစာတမ်းတွင် မြင်တွေ့ရတတ်ပါသည်။ထို့ကြောင့်လည်း ဝတ္ထုတိုနှင့်ရသစာတမ်းကို အမှတ်မှားကာ ဖော်ပြတတ်ကြသည်ကို စာနယ်ဇင်းများ၌ တွေ့နေရပါသည်။ဝတ္ထုတိုနှင့်ရသစာတမ်းကို အောက်ပါ လက္ခဏာများဖြင့် ခွဲခြားတင်ပြလိုပါသည်။ (၁)  ဝတ္ထုတိုသည် စိတ်ကူးနှင့်တီထွင်ဖန်တီးကာ ဇာတ်လမ်းဆင်ရေးဖွဲ့သော အဖွဲ့မျိုး(Fiction)ဖြစ်ပါသည်။ ရသစာတမ်းမှာ စိတ်ကူးနှင့် တီထွင်မှု/ဇာတ်လမ်းဆင်မှုကို အားမပြုသော(Non-Fiction)ဖြစ်ပါသည်။ (၂)  ရသစာတမ်းတွင် ဇာတ်လမ်း ဇာတ်ကွက်များ တစ်ခါတစ်ရံပါလာတတ်သော်လည်း ဖန်တီးထားသော ဇာတ်ကွက်များမဟုတ်/တကယ့်ဖြစ်ရပ်က ဇာတ်ကွက်အသွင်ဖြင့် ပါဝင်နေခြင်းသာဖြစ်သည်။ (၃)  ဝတ္ထုတိုတွင် စာရေးသူဖန်တီးထားသော အဓိကဇာတ်ဆောင်နှင့် အရံဇာတ်ဆောင်များရှိသည်။ စာရေးသူကိုယ်တိုင်လည်း ဇာတ်ဆောင်ဖြစ်နိုင်သည်။ ရသစာတမ်းတွင် အဓိကဇာတ်ဆောင်မရှိ  စာရေးသူသာ ရှိသည်။ (၄)  ဝတ္ထုတိုတွင် အချီအချပြောစကား

သက္ကရာဇ်​များအ​ကြောင်း

သက္ကရာဇ် တွေနဲ့ ပါတ်သတ်ပြီးတော့ ...... (၁) မဟာသက္ကရာဇ် (၂) သာသနာသက္ကရာဇ် (၃) ကောဇာသက္ကရာဇ် (၄) ခရစ်သက္ကရာဇ် (၅) ဘီစီ (၆) အေဒီ ဟူ၍ရှိပါသည်၊ (၁) မဟာသက္ကရာဇ် ဘုရားအလောင်းတော် သိဒ္ဓတ္တမင်းသား၏ ဘိုးတော် အဉ္စနမင်းကြီးနှင့် ကာလဒေ၀ီလ ရသေ့တို့  ထားခဲ့သောနှစ်ကို မဟာသက္ကရာဇ် ဟုခေါ်ပါသည်။ အလောင်းတော်ကို မဟာသက္ကရာဇ် (၆၈) ခုနှစ်တွင်မီးရှူးသန့် စင်ဖွားမြင်တော်မူခဲ့ပါသည်၊ (၂) သာသနာသက္ကရာဇ် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး ပထမ သံဂါယတနာတင်သောနှစ်၊ အရှင်မဟာကဿပမထေရ် နှင့် အဇာတသတ်မင်းကြီးတို့  ထားခဲ့သောနှစ်ကို သာသနာသက္ကရာဇ်ဟုခေါ်ပါသည်၊ (၃) ကောဇာသက္ကရာဇ် မြန်မာသက္ကရာဇ်ဟုခေါ်သော=ကောဇာသက္ကရာဇ်ကိုလည်း မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး ပထမသံဂါရတနာတင်သောနှစ်မှစ၍ ရေတွက်လာခဲ့ရာ သက္ကရာဇ် (၆၂၂)ခုနှစ်အရောက် သရေ ခေတ္တရာခေတ် သုမုန္ဒရီ မင်းလက်ထက်မှာ ဖြိုခဲ့ပါသည်၊ ထိုမှတဖန် စတင်ရေတွက်လာရာ သက္ကရာဇ် (၅၆၀)ခုနှစ်အရောက် ပုဂံခေတ် ပုပ္ပါးစောရဟန်းမင်း လက်ထက်မှာ တစ်ခါဖြိုခဲ့ပြန်ပါသည်၊ မြန်မာသက္ကရာဇ် ခေါ်သော ကောဇာသက္ကရာဇ်ကို နှစ်ခါဖြိုခံရပါသည်၊ ထို့ ကြောင့် (၆၂၂) နှင့် (၅၆၀) နှစ်ရပ်ပေါင်းတော့ (၁၁၈၂) ဖြစ်ပါသည်၊ ထိုနှစ်ခါအဖြိုခံရသော သက္ကရာဇ်ကို မြန်