Posts

Showing posts from August, 2019

ပေလေးပင် ရှင်လေးပါး

https://www.facebook.com/groups/410766139274726/permalink/936073406743994/

စကားပြေကောင်း

တက္ကသိုလ်ဝင်တန်း မြန်မာဘာသာရပ်  ဦးသန့်ဇင် (ကံ့ကော်ကောင်းကင်) သောနုတ္တရမုဆိုးနဲ့ ဆဒ္ဒန်ဆင်မင်း စကားပြေ လေ့လာချက် ကလေးရေ  စကားပြေလက်ရွေးစဉ်မှာ စကားပြေအမျိုးအစားအတော်စုံလင်အောင် ရွေးချယ်ဖော်ပြလေ့လာစေတယ်နော်။ သောနသောနုတ္တရမုဆိုးနဲ့ ဆဒ္ဒန်ဆင်မင်းဆိုတာက ၀တ္ထုစကားပြေဟန်နဲ့ ရေးထားတာပါကလေး။ တိတိကျကျပြောရရင်တော့ ကာရန်ချိတ်စကားပြေဟန်နဲ့ ရေးထားတဲ့ ၀တ္ထုပေါ့။ စလေဦးပုညက ရဟန်းတော်များအတွက် တရားဟောစာအဖြစ် ရည်ရွယ်ရေးဖွဲ့လို့ ဟောစာဝတ္ထုလို့လည်း ခေါ်ပါသေးတယ်။ နာကြားသူ စိတ်ညွှတ်နူးခံစားရလေအောင် ဖွဲ့ဖွဲ့နွဲ့နွဲ့တန်ဆာဆင်ပြီး ရေးဖွဲ့ထားတာပါ။  ငါးရာ့ငါးဆယ် တိံသနိပါတ် ဆဒ္ဒန္တဇာတ်ကို  ပါဠိစာပေမှ မြန်မာမှုပြုထားတယ်လို့လည်း ဆိုနိုင်တာပေါ့။ ပါဠိက တိုက်ရိုက် ပြန်ဆိုရေးတာမျိုး မဟုတ်ဘူးကလေးရဲ့။ ဦးပုညရဲ့စိတ်ကူးတွေနဲ့ ပုံဖော်ပြီး ဇာတ်ဆောင်စရိုက် ပိုလို့အသက်ဝင်ပီပြင်အောင် ဝေေ၀ဆာဆာ ဖွဲ့နွဲ့ရေးတာမျိုးပေါ့။ ဇာတ်အိမ်က မြတ်ဗုဒ်္ဓဟောကြားစဉ်ကတည်းက အခိုင်အခံ့ရှိပြီးသားမို့ ဒီဝတ္ထုမှာလည်း ဦးပုညရဲ့ ဉာဏ်ရည်နဲ့ အရေးအသားစွမ်းရည်ကို ဂရုစိုက်လေ့လာချီးကျူးမှသာ ရှုမြင်ချက်မှန်မှာပေါ့နော်။  ထုတ်နုတ်စကားပြေမလေ့လာမီ ဆဒ္ဒန်ဆင်မင်းဝတ္ထုကို အနည်

စကားထာ

#စကားထာဖွက်တမ်းကစားကြမယ်လေ….) မေး – နေ့ချွတ် ည၀တ်။ ဖြေ – တံခါး မင်းတုပ်။ မေး – အစိမ်းပေါ် အဖြူတင်၊ အဖန်လာမှ နီရောင်ဆင်။ ဖြေ – ကွမ်းယာ။ မေး – သူ့ကိုရိုက်တော့ ချာချာလည်၊ ကြိုးကိုဆွဲပြီး ငိုရှာတယ်။ ဖြေ – ကြေးစည်။ မေး – ကန်ထဲမှာရေ၊ ရေထဲမှာမြွေ၊ မြွေခေါင်းမှာရွှေ ဖြေ – မီးခွက်။ မေး – အညာကဆင်ဖြူ၊ အမွှေးထူ။ ဖြေ – ကြက်သွန်ဖြူ။ မေး – ဖူးခနဲထောင်၊ ဖောင်ခနဲလဲ၊ ရဲရဲနဲ့ တွဲလွဲဆွဲ။ ဖြေ – ငှက်ပြောဖူး။ မေး – သူ့အပင်နွဲ့ချောင်း မတက်ကောင်း၊ စားကောင်းပါရဲ့ ဖူးတံနဲ့။ ဖြေ – ပြောင်းဖူး။ မေး – ပ၀ါခြုံလုံပါပေ့၊ ဆံမြိတ်ချ လှပါပေ့၊ ကျောက်တန်းစီ ညီပါပေ့။ ဖြေ – ပြောင်းဖူး။ မေး – အသီးပေါ် အပင်ပေါက်၊ ခြေထောက်တစ်ချောင်းထောက်။ ဖြေ – နာနတ်သီး။ မေး – ခြုံကြားထဲက မင်းကုသ၊ ခေါင်းပေါင်းစနှင့်ထ။ ဖြေ – နာနတ်သီး။ မေး – တစ်နှစ်တစ်ခါ ပေါ်လို့လာ၊ ရာဇာမင်းလောင်း ထီးဖြူဆောင်း။ ဖြေ – မှို။ မေး – ဆုပ်လျှင် စူး၊ နမ်းလျှင် မူး၊ စားလျှင် ရူး။ ဖြေ – ပဒိုင်းသီး။ မေး – တို့နွားတစ်ကောင် ဘို့တစ်ထောင်။ ဖြေ – ကြက်ဟင်းခါးသီး။ မေး – တို့နွားတစ်ကောင် ဘို့တစ်ထောင် ခြေရာလည်းပျောက် ရေလဲနောက်။ ဖြေ – ကြက်ဟင်းခါးသီး နှင့် ဆန်ဆေး

နာကျင်စေသော်လည်း

ယနေ့အကြိုက်ဆုံးဥပမာ.....👌 ငါးတစ်ကောင် ကုန်းပေါ်ရောက်လာပါတယ် … ရေထဲပြန်ဆင်းဖို့ သူ.. လူးလှိမ့်ခုန်ပစ်ပေမယ့် ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့.. သူစိတ်လျော့လိုက်တယ်..သေပါစေတော့ ပေါ့ … ဒါကို.. ပုရွက်ဆိတ်တွေ မြင်တော့ ငါးကို ကယ်မယ် လုပ်ကြတယ်..!! ပုရွက်ဆိတ်တစ်ချို့က ငါးကို ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့ … ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်… "မချီကြနဲ့...မနိုင်လောက်ဘူး.." "ငါတို့ သူ့ကို နာအောင် ဝိုင်းကိုက်ကြမယ် "ဆိုပြီး ဝိုင်းကိုက်ကြလေတော့.. ငါးက..နာလွန်းပြီး တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း.. ရေမြောင်းစပ်ဆီရောက်သွားတယ်.. နောက်ဆုံး.. ရေထဲထိ ရောက်သွားနိုင်ခဲ့တယ်. . . တစ်ချို့ နာကျင်ခြင်းတွေဟာ.. … တစ်ချို့တိုက်ခိုက်မှု့တွေဟာ  . … အောင်မြင်ခြင်းအတွက် အထောက်အပံ့ ဖြစ်စေတယ် ဆိုတာ..မမေ့ကြပါနဲ့။ တစ်ခါတလေ..တိုက်ခိုက်လာတဲ့ သူတွေကြောင့် ကိုယ်က ပိုပြီး သန်မာလာရတယ်။ စိတ်ညစ်ချင် ညစ်ပါ။ သို့သော် … စိတ်ဓာတ်မကျနဲ့။ ဘာအကြောင်း,ကြောင်း ကြောင့်မှ စိတ်ဓာတ်မကျကောင်းဘူးနော်... နင်းတတ်ရင်..အားလုံးဟာ လှေကားထစ်တွေချည်းပါပဲ။ "အရာရာဟာ ကောင်းဖို့ ဖြစ်လ

ကိုယ့်အလုပ် ကိုယ်လုပ်

အားလုံးပဲမင်္ဂလာညချမ်းပါရှင့် .. ..... သမ္မတ​ကော..အတိုင်​ပင်​ခံ​ကော.. ၀န်​ကြီး​တွေ​ကော..မဟန​တွေ​ကော..မဘသ ​တွေ​ကော..​ဒေါင်း​တွေ​ကော ခြ​င်္သေ့​တွေ​ကော တံစဉ်​​တွေ​ကော...တူ​တွေ​ကောအကုန်​ဖတ်​။ ............................................................. ကိုယ်​ယုံကြည်​ရာကိုယ်​​လျှောက်​ သို့​သော်​ လမ်းမ​ပျောက်​ကြ​စေနဲ့။ ကိုယ်​ချစ်​သူကို ကိုယ်​အား​ပေး သို့​သော်​ နားမ​ဝေးကြနဲ့။ ကိုယ်​ရချင်​ရင်​ကိုယ်​ဖား သို့​သော်​ တဖက်​လူကိုမ​စော်​ကားနဲ့။ ကိုယ်​သ​ဘောကျ သူကို ကိုယ်​​ထောက်​ခံ သို့​သော်​ နည်းလမ်း​တော့မှန်​ပါ​စေ။ ကိုယ့်​​ခေါင်း​ဆောင်​စကားကိုကိုယ်​နာခံ သို့​သော်​ တိုင်းပြည်​​တော့မလန်​​စေ​နဲ့။ ကိုယ့်​လူကို ကိုယ်​ချစ်​ခြင်​ရင်​ချစ်​ကြ သို့​သော်​ လူမျိုးအချင်းချင်း​တော့  နင်း​မချ ကြနဲ့။ ကိုယ့်​ပါတီကို ကိုယ်​တိုးတက်​​အောင်​လုပ်​ သို့​သော်​ ​အောက်​လုံး​ခြောက်​လုံး​တွေနဲ့မယုတ်​မာကြနဲ့။ ကိုယ်​အနိုင်​ရဖို့ ပြည်​သူကိုစည်းရုံးခြင်​စည်းရုံး သို့​သော်​ လိမ်​လုံးညာလုံး​တွေနဲ့ မချိ ပြုံးမလုပ်​နဲ့။ ကိုယ့်​ပါတီကို ကိုယ်​​ထောက်​ခံချ င်​ရင်​​ထောက်​ခံ သို့​သော်​ သာသနာ