Posts

Showing posts from November, 2017

မြန်မာကဗျာ

#ဂရုလဟုရှင်းလင်းချက် မြန်မာကဗျာမှာ အင်မတန် ရောထွေးတတ်တဲ့ ဂရု၊ လဟု ဆိုတာကို ပြောပါဦးမယ် ... ဂရု၊ လဟု ဆိုတာ မြန်မာ့ရိုးရာစပ်ထုံး ကဗျာတွေရဲ့ ရစ်သမ်တမျိုးပါပဲ ... ဒီနေရာမှာ ပြသနာရှိတာက ဝေါဟာရ အခေါ်အဝေါ်တွေပါ ... ဂရုသံ၊ ဂရုသရ၊ ဂရုကာရန် ဆိုတာတွေ .. လဟုသံ၊ လဟုသရ၊ လဟုကာရန် ဆိုတာတွေအပြင် ဒီဃ၊ ရဿ၊ ပလုတ (ပ္လုတ) ဆိုတဲ့ ဝေါဟာရတွေပါ ပါနေလို့ ပါပဲ ... ဒါတွေကို တတ်နိုင်သလောက် ရှင်းအောင် ပြောပေးပါ့မယ် ... အရင်ဆုံးပြောချင်တာက "မတြာ" ဆိုတဲ့ ဝေါဟာရပါ ... မတြာ ဆိုတာ အသံရှိန်လို့ခေါ်တဲ့ အသံ အရှည်အတို သို့မဟုတ် အသံ ကြာမြင့်ချိန်  (duration) ကို တိုင်းတာတဲ့ ယူနစ် (unit) ဖြစ်ပါတယ် ...  ၁-မတြာ ဆိုတာ မျက်စ်တမှိတ်၊ လျှပ်တပြက်၊ မျက်တောင်တခတ်စာ အချိန် ကြာမြင့်ပါတယ် ... မတြာကို သိရင် "ဒီဃ"၊"ရဿ" နဲ့ "ပလုတ (ပ္လုတ)" ကို သိဖို့လိုပါတယ် ... သရတွေရဲ့ အသံတွေပါ ... ရဿ -  တိုသောအသံ (တစ်မတြာ)၊ စာကလေးသံနဲ့ နှိုင်းပါတယ် ဒီဃ -  ရှည်သောအသံ (နှစ်မတြာ) ကျီးသံနဲ့ နှိုင်းပါတယ် ပလုတ (ပ္လုတ) - အလွန်ရှည်သော အသံ (သုံးမတြာ) ဒေါင်းသံနဲ့ နှိုင်းပါတယ် ဗျည်း တွေကတော့ အလွန်တိုသောအသံအဖြစ် (မတြာဝက်) ပဲ ရ

အရည်အချင်း

သီတဂူဆရာတော် မိန့်ကြားသည့် အရည်အချင်း ၇- ပါး •••••••••••••••••••••••••••••••• လူငယ်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ စွမ်းရည်သတ္တိ(၇)ပါး။ ထူးချွန်သော ကျောင်းသားတစ်ယောက်ဖြစ်ချင်ရင် ဒီအရည်အချင်း(၇)ပါး ရှိရမယ်။ နံပါတ်(၁) ဥဋ္ဌာန- အမြဲတမ်း နိုးကြား တက်ကြွနေတဲ့ စိတ်ဓာတ်တွေ ရှိရမယ်။ ကြီးမားတဲ့မျှော်လင့်ချက်တွေ ထားမှ နိုးကြားတက်ကြွတဲ့ စိတ်ထား ရှိလိမ့်မယ်။ မျှော်လင့်ချက် ကြီးကြီးမားမား မရှိရင် နိုးကြားတက်ကြွတဲ့ စိတ်မရှိဘူး။ ဒီကနေ့ ကျောင်းသားတွေ ကြီးမားတဲ့ မျှော်လင့်ချက် ရှိသောကျောင်းသား သိပ်ရှားတယ်။ တစ်နပ်စာပဲ စဉ်းစားနေတဲ့ ကလေးတွေ များတယ်။ ဒီတော့ သူနာပြုလုပ်ငန်း ပရဟိတအလုပ်တွေ လုပ်သွားတဲ့ မာသာထရီဇာ-တို့လို့ ၊ ဟန်နရီဒူးနန့်တို့လို အတုယူစရာ အလွန်ကောင်းတဲ့ စံပြပုဂ္ဂိုလ်တွေပဲ။ နပိုလီယံစိတ်ဓာတ် ----------------- စစ်ရေး စစ်ရာမှာ ပြောင်မြောက်တဲ့ ပုဂ္ဂိုလ်တွေအကြောင်း သင်ချင်ရင်လည်းပဲ နပိုလီယံတို့လို ပုဂ္ဂိုလ်တွေကို အတုယူရမယ်။ သူက ပြင်သစ် စစ်ဘုရင်ကြီး။ တစ်ခုသောစစ်ပွဲမှာ ပြင်သစ်စစ်ဘုရင်ကြီး နယ်ပိုလီယံက သူ့စစ်တပ်ကြီး လွတ်လိုက်တယ်။ ရောမကို သိမ်းဖို့။ ကြားထဲမှာ Alps Ranges -=အလ်ပတောင်တန်းကြီး ရှိတယ်။ သွား ရောမက