Posts

Showing posts from September, 2018

ခေတ်

#သမိုင်းဝင်ခေတ်များ ခရစ် ၁၂၉၉ မှ ၁၃၆၄ - ပင်းယခေတ် ခရစ် ၁၃၆၄ မှ ၁၅၂၆ - အင်းဝခေတ် ခရစ် ၁၅၂၆ မှ ၁၅၉၆ - တောင်ငူခေတ် ခရစ် ၁၅၉၆ မှ ၁၇၅၂ - ညောင်ရမ်းခေတ် ခရစ် ၁၇၅၂ မှ ၁၈၈၅ - ကုန်းဘောင်ခေတ် မြန်မာ့မင်းဆက် အရေအတွက် ပထမတကောင်းမင်း (၃၃) ဆက် ဒုတိယတကောင်းမင်း (၃၃) ဆက် သရေခေတ္တရာမင်း (၂၇) ဆက် ပုဂံမင်း (၅၅) ဆက် ပင်းယမင်း (၆) ဆက် စစ်ကိုင်းမင်း (၇) ဆက် တောင်ငူမင်း (၃၄) ဆက် ပြည်သရေခေတ္တရာမင်း (၂၃) ဆက် အင်းဝမင်း (၃၄) ဆက် ကုန်းဘောင်မင်း (၁၁) ဆက် ပုဂံမင်းဆက် မြန်မာ့သမိုင်းတွင်ပထမဆုံးအဖြစ်ဗမာလူမျိုးတို့အုပ်ချုပ်သည့်ပုဂံခေတ်တွင်မင်းဆက်ပေါင်း၅၈ဆက်ရှိခဲ့သည်ဟုဆိုပါသည်။ ခရစ်နှစ် ၁၀ရ -ခု (AD 107 ) ၊ မြန်မာ သက္ကရာဇ် ၂၉ -ခု တွင် နန်းတက်သော မဟာသမုဒ္ဒရာဇ် မင်း မှစ၍ ခရစ်နှစ် ၁၃၆၈ -ခု (AD 1368 )၊ မြန်မာသက္ကရာဇ် ၇၃၀ ပြည့်နှစ်တွင် နန်းကျခဲ့သော စောမွန်နစ် မင်းအထိ ။ ၁၂၆၁ -နှစ်ကြာအောင် ရှည်သော အပိုင်း ကို ပုဂံခေတ် ဟု သတ်မှတ်ပါသည် ။ မင်းဆက်ပေါင်း ၅၅ ဆက် ရှိသည် ဟုဆိုသော်လည်း ဘိသိပ်မခံသောမင်း ၊ ကျောက်စာ အထောက်အထား မရှိသောမင်း ၊ ကျောက်စာ တွင်ပါဝင်သော်လည်း ရာဇ၀င် တွင် စာမတင်သောမင်း စသဖြင့် အယူအဆ အမျိုးမျိုး ကွဲပြားနေပါသည်။ ၁၀၇ -ခုနှစ်

ဗိုင်း​ကောင်း​ကျောက်​ဖိ

ဗိုင်းကောင်းကျောက်ဖိ             ဝါဂွမ်းကို လက်ဝါးခန့်ရှိသော ပါးလွှာသည့် အပြားငယ်လေးများ ပြုလုပ်ရသည်။ ထို့နောက် ၆လက်မခန့်ရှည်သော ဗိုင်းလိပ်တံခေါ်သည့် တုတ်ချောင်းငယ်ဖြင့် ရစ်ပတ်လိပ်ရသည်။ ယင်းကဲ့သို့ လိပ်သောအခါ အလွန်ကျစ်မနေစေရန်လည်းကောင်း၊ အလွန်ပွမနေစေရန်လည်းကောင်း သတိထားရသည်။ အကယ်၍ အလွန့်အလွန် ကျစ်နေလျှင်  ချည်​ဆွဲသောအခါ မလိုက်ဘဲ ပြတ်တတ်သည်။ ပွနေပြန်လျှင်လည်း အလိုက်များကာ ချည်​မချောဘဲ ခြည်လုံးကြီးတတ်သည်။             ရစ်လိပ်ပြီး ဝါဂွမ်းသည် အဖျားနှစ်ဖက်ရှူးနေသည်။ သို့မှသာလျှင် ချည်စဆွဲယူရန် လွယ်သည်။ ရစ်လိပ်ထားသောဝါဂွမ်းကို ဗိုင်း သို့မဟုတ် ဗိုင်းတောင့်ဟု ခေါ်သည်။ ဗိုင်းတောင့်များကို ကျောက်ပြင်စသော လေးလံသည့် အရာတခုခုဖြင့် ဖိထားရသည်။ ဖိမထားလျှင် ပွထလာကာ ချည်ဆွဲ၍မရဘဲ ရှိတတ်သည်။ ယင်းသည်ကို တွေ့မြင်ကြသော ရှေးသူဟောင်းတို့သည် "ဗိုင်းကောင်းကျောက်ဖိ" ဟူသောစကားကို တီထွင်လိုက်ကြသည်။             ထိုလက်သုံးစကားကို အထူးသဖြင့် အမျိုးသမီးငယ်များနှင့် စပ်လျှဉ်း၍ သုံးစွဲကြသည်။ အမျိုးသမီးငယ်သည် အုပ်ထိန်းသူ လူကြီးမိဖတို့၏ စကားကိုနားထောင်သည်။ ဣနြေ္ဒသိက္ခာလည်းရှိသည်။ ထိုအမျိုးသမီးငယ်ကို ဗိုင်းကောင်းကျောက်ဖ

ကဗျာစာအုပ်​များ

https://yadi.sk/d/BQyHLzoufQXPX

အင်္ဂလိပ်​စာ

ဓမ္မဓရ ​ဒေါက်​တာ ဦးကုမာရ ၏  ကျက်​လွယ်​ မှတ်​လွယ်​ ဝါကျ (((၃၅၀ ))) English & Myanmar (မည်သူမဆို ကူးယူမျှဝေနိုင်ပါတယ်၊ အမှားပါလျှင် comment  ပေးကြပါ။) The Easiest Three hundred and fifty  Sentences  🙏🙏🙏🙏🙏🙏🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🙏🙏🙏🙏🙏  Verb to be  1. I am a student 👨‍🎓. (ကျွန်တော် ကျောင်းသားတစ်ယောက် ဖြစ်တယ်။) 2. I was a student 👨‍🎓.( ကျွန်တော် ကျောင်းသားတစ်ယောက် ဖြစ်ခဲ့တယ်။) 3. I shall be a student 👨‍🎓.(ကျွန်တော် ကျောင်းသားတစ်ယောက် ဖြစ်လိမ့်မယ်။)  4. I am in the room. (ကျွန်တော် အခန်းထဲမှာ ရှိတယ်။) 5. I was in the room. (ကျွန်တော် အခန်းထဲမှာ ရှိခဲ့တယ်။) 6. I shall be in the room. (ကျွန်တော် အခန်းထဲမှာ ရှိလိမ့်မယ်။) 7. There is a book on the table . (စာအုပ်တစ်အုပ် စားပွဲပေါ်မှာ ရှိတယ်။) 8. There was a book  on the table.  (စာအုပ်တစ်အုပ် စားပွဲပေါ်မှာ ရှိခဲ့တယ်။) 9. There will be a book on the table.  (စာအုပ်တစ်အုပ် စားပွဲပေါ်မှာ ရှိလိမ့်မယ်။) Be+ Adj = Verb (ကြိယာ) 10. I am happy 😊. (ကျွန်တော် ပျော်တယ်။)  11. I was happy 😊.  (ကျွန်တော် ပျော်ခဲ့တယ်။)  12. I shall be happy

မှတ်​သားဖွယ်​ရာ

ပါဠိ စာကို ဒီလိုလေး  လေ့လာကြည့်ရအောင်          - - - - - - - - - - - — ၁။ သူစိ - အပ် ၊       မုခ - ပါးစပ် (နှုတ်သီး)       သူစိမုခ - ခြင်ကောင် ။ ၂။ နာဂ - နဂါး၊       လတာ - နွယ်ပင် ၊       နာဂလတာ - ကွမ်းပင် ။ ၃။ နဂရ - မြို့ ၊       သောဘိနီ - တင့်တယ်စေသူ ၊       နဂရသောဘိနီ - ပြည့်တန်ဆာမ ။ ၄။ ကာဠ - အမဲ (အနက်ရောင်:)      သီဟ - ခြင်္သေ့မင်း ၊      ကာဠသီဟ.- ဝက်ဝံနက် ။ ၅။ ကာဠ - အမဲ ၊      ဟံသာ - ဟင်္သာ ၊      ကာဠဟံသ - ဝမ်းဘဲ။ ၆။ ကာဠ - အမဲ (အကုသိုလ်)၊      ကူဋ - ကောက်ကျစ် စဉ်းလဲသည်၊      ကာဠကူဋ - အလမ္ပာယ်ဆရာ။ ၇။ ကာဠ - အမဲ ၊       ကဏ္ဍ က - လည်အရစ်ရှိသည်၊       ကာဠကဏ္ဍက - ဒင်ကြီးငှက်။ ၈။ အာကာသ - ကောင်းကင် ၊      ဂ င်္ဂါ  - မြစ် (ဂ င်္ဂါာမြစ်)၊      အာကာသဂင်္ဂါ  - ရေတံခွန် ။ ၉။ သသ - ယုန် ၊      အင်္ဂါ  - အမှတ်အသား၊      သသင်္ဂ- လ (ယုံရုပ်အမှတ်အသားရှိသောလ) ၁၀။ ဝဇီရ -ဝရဇိန်၊          အာဝုဓ - လက်နက် ၊          ဝဇိရာဝုဓ - သိကြားမင်း ။ ၁၁။ သဟဿ - တစ်ထောင် ၊         အက္ခ - မျက်လုံး ၊         သဟဿက္ခ -  သိကြားမင်း။ ၁၂။ စက္က - စက်လက်နက် ၊         ပါဏိ - လက် ၊          စက္ကပါဏိ - ဗိသနိုးနတ်မင်း။ ၁၃။ ဟိရည - ရွှေ ၊         ဂဗ္ဘ - ခ