Posts

Showing posts from April, 2019

လူ့အဖြစ်

ပြည့်​ဝခြင်းဆိုတာ ✏ ✏ ✏ ✏ ✏  ဖိုးဖိုး သူတို့ မိသားစုက ချမ်းသာတယ်​​နော်​ အားကျစရာ​ကောင်းလိုက်​တာ လူဖြစ်​ရကျိုးနပ်​လိုက်​တာ ဘာလို့လဲ ​မြေး​လေး ​မြေး​လေးလည်​လူပဲ​လေ သူတို့လို လက်​​တွေ ​ခြေ​တွေ ပါတယ်​​လေ ဒါ​ပေမယ့်​ ​မြေး​တို့က သူတို့​လောက်​လူရာမဝင်​သလိုပဲ ​ ​မြေးထင်​လို့ပါ လူရယ်​လို့ ဖြစ်​လာရင်​  ချမ်းသာချင်​တယ်​ ​အောင်​မြင်​ချင်​တယ်​ ပိုင်​ဆိုင်​ချင်​ကြတယ်​ ဘာလို့လဲ သိလား​မြေး​လေး သူတို့လိုတာရရင်​ ​ပျော်​ရွှင်​ရလိမ့်​မယ်​လို့ ပုံ​သေတွက်​ထားကြလို့ပဲ ဟိုမှာ​တွေ့ လား ​မြေး​လေး အဲ့ ​ရေစည်​ထဲက ​ရေ​တွေကို ဒီအိုးထဲ အကုန်​ဝင်​​အောင်​ထည့်​ ဟာ ဘိုးဘိုးက ​ရေစည်​က အကြီးကြီး အိုးက​သေး​သေးလည်း ​ရေစည်​ထဲ​ရေ​တွေအားလုံး ဘယ်​ဆန့်​ပါမလဲ အဘိုးအိုက အိုး​အောက်​​ခြေကို ခဲ​တစ်​လုံး​ကောက်​ပြီး ဆက်​ကနဲ့ ခွဲ​ပေါက်​လိုက်​တယ်​ ​မြေး ပြည့်​​အောင်​ထည့်​ ဒီလိုဆို ဘယ်​ပြည့်​ပါ​တော့မလဲ ဘိုးဘိုးရဲ့ လူ​တွေရဲ့ လိုအင်ဆန္ဒဟာလည်း ​ပေါက်​​နေတဲ့ အိုးလိုပဲ​မြေး ​ရေပြည့်​တဲ့အိုးတိုင်း လျှံတတ်​သလို ​ရေမရှိတဲ့အိုးကလည်း ​ခြောက်​​သွေ့ အက်​ကွဲတတ်​တယ်​​မြေး​လေး လူ ဖြစ်​ရကျိုး နပ်​တယ်​ မနပ်​ဘူးဆိုတာက ဒီလိုရှိတယ်​ ​မြေး စား​နေတဲ့ ထမင

အ​ပြောနှင့်​အ​ရေး

#အပြောနှင့်အရေး ************** Written by  လှမြင့် (ရန်ကုန်တက္ကသိုလ်)  "အပြော" ဟူသည် အရပ်သုံးစကားဖြစ်ပြီး အများအားဖြင့် စကားအပြောအဆိုဟူ၍ သုံးနှုန်းလေ့ ရှိသည်။ "စကား" ဟူသည် အနက်အဓိပ္ပာယ်ရှိသောနှုတ်မြွက်သံ၊ ပြောဆိုချက်ဟူ၍ ဖွင့်ဆိုသတ်မှတ်သည်။ ထို့ကြောင်း  အပြောစကား၊ စကားပြောဆို ဘာသာစကားဟူ၍ သုံးစွဲနေကြခြင်း ဖြစ်သည်။   လူသည် လူ့လောကတွင် တစ်ဦးတစ်ယောက်တည်း နေ၍မဖြစ်နိုင်။ လူမှုပေါင်းသင်း ဆက်ဆံရေး နယ်ပယ်တွင် ကျင်လည်၍ တစ်ဦးနှင့်တစ်ဦး အပြောအဆိုဖြင့် ဦးစွာပြောဆို ဆက်ဆံမှု ပြုခဲ့ကြသည်။ ထို့ကြောင့် အပြောအဆိုစကား ဘာသာစကားသည် လူမှုပေါင်းသင်း ဆက်ဆံရေး နယ်ပယ်၌ အသုံးအများဆုံး တိုးတက်ဖွံ့ဖြိုးမှု အမြင့်မားဆုံး၊ အသိမ်မွေ့ဆုံး၊ အရှုပ်ထွေးဆုံး ဖြစ်သည်။ လူသားတို့၏ လက်တွေ့ဘ၀နှင့် စိတ်ပိုင်းဘ၀ တစ်ရပ်လုံးတွင် အရေးပါဆုံး ဖြစ်သည်။ အပြောအဆိုစကား ဘာသာစကားသည် လူ့လောကတွင် မလုပ်မဖြစ်သော အလုပ်တစ်ခု ဖြစ်သည်ဟူ၍ အပြောအဆို စကား၏ အနှစ်သာရကို ဘာသာစကား ပညာရှင် ဘောဂဗေဒ ပညာရှင်များက မိန့်ဆိုလမ်းညွှန် ခဲ့သည်။   ထိုနည်းတူ အရေး (သို့မဟုတ်) စာသည်လည်း လူမှုဆက်ဆံရေး နယ်ပယ်တွင် အရေးပါသော အကြောင်းအရင်း တစ်ရပ်အဖြစ် ရပ်တည်နေသ

ဩဝါဒ

🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲          “ဆရာတော်ကြီးများ” မှ         “ဗိုလ်ချုပ်အောင်ဆန်း” အား      မိန့်ကြားသည့်” သြဝါဒ စကားများ” “၁၃၀၈-ခု၊ နယုန်လဆန်း( ၁ )ရက်” ၌           ” ရွှေဂုံတိုင်လမ်း…     “ဘုရားကြီးကျောင်းတိုက်”တွင်     “ဂိုဏ်းပေါင်းစုံ သံဃမဟာနာယက     အဖွဲ့ချုပ်ကြီး”၏ “နှစ်ပတ်လည်       အစည်းဝေး” ကျင်းပနေသည်၊           “အထက်မြန်မာနိုင်ငံ”အတွက်                    “တာဝန်ခံ”   … ” နိုင်ငံတော် သံဃနာယက ဥက္ကဋ္ဌ           ညောင်ရမ်းဆရာတော်၊ ”   … ” မစိုးရိမ်ဆရာတော် ”   … ” ပခုက္ကူဆရာတော်”-အစရှိသော             အထက်ပိုင်း-အောက်ပိုင်း     ”ထေရ်ကြီးဝါကြီး ဆရာတော်များ”    စုံစုံညီညီ တက်ရောက်တော်မူကြ၏၊       “နယုန်လဆန်း( ၃ )ရက်နေ့”၌  နိုင်ငံရေးခေါင်းဆောင်များ ဖြစ်ကြ သည့်-  ”ဆာပေါ်ထွန်း၊ ဦးမြတ်သာဒွန်း၊ ဂဠုန်စော”တို့                         ဇနီးမောင်နှံများသည်       ဆရာတော်ကြီးတို့ကို လာရောက်                       ဖူးမြော်ကြ၏။      ” နယုန်လဆန်း( ၄ )ရက်နေ့”၌    “သခင်ဗစိန်”လာရောက်၏၊ ၎င်းတို့က         ဆရာတော်ကြီးများကို ဖူးမြော်ပြီး        နိုင်ငံရေး အခြေအနေများကို      ရှင်းလင်းလျှောက်ထားကြ