Posts

Showing posts from 2019

အိမ်ပန္နက်

အိမ်တစ်အ်ိမ်ဆောက်မယ်ဆိုရင် ပန္နက်ရိုက်နည်း တွေ သိထားသင့်ပါတယ်။ ဒါကြောင့် ပန္ဒက်ရိုက်နည်းတွေကို မျှဝေပေးလိုက်ပါတယ်နော်…. 💢 တနင်္ဂနွေသား အိမ်ဆောက်လျှင် ကြာသာပတေးသား ကြိုးရင်းကိုင်၊ သောကြာသား ကြိုးဖျားကိုင်၊ စနေသား ပန္နက်ရိုက်ရမည်။ 💢 တနင်္လာသား အိမ်ဆောက်လျှင် သောကြာသား ကြိုးရင်းကိုင်၊ စနေသား ကြိုးဖျားကိုင်၊ တနင်္ဂနွေသား ပန္နက်ရိုက်ရမည်။ 💢အင်္ဂါသား အိမ်ဆောက်လျှင် စနေသား ကြိုးရင်းကိုင် တနင်္ဂနွေသား ကြိုးဖျားကိုင်၊ တနင်္လာသား ပန္နက်ရိုက်ရမည်။ 💢 ဗုဒ္ဓဟူးသား အိမ်ဆောက်လျှင် တနင်္ဂနွေသား ကြိုးရင်းကိုင် တနင်္လာသား ကြိုးဖျားကိုင်၊ အင်္ဂါသား ပန္နက်ရိုက်ရမည်။ 💢 ကြာသာပတေးသား အိမ်ဆောက်လျှင် တနင်္လာသား ကြိုးရင်းကိုင်၊ အင်္ဂါသား ကြိုးဖျားကိုင်၊ ဗုဒ္ဓဟူးသား ပန္နက်ရိုက်ရမည်။ 💢 သောကြာသား အိမ်ဆောက်လျှင် အင်္ဂါသားကြိုးရင်းကိုင် ဗုဒ္ဓဟူးသား ကြိုးဖျားကိုင်၊ ကြာသပတေးသား ပန္နက်ရိုက်ရမည်။ 💢 စနေသား အိမ်ဆောက်လျှင် ဗုဒ္ဓဟူးသား ကြိုးရင်းကိုင် ကြာသာပတေးသား ကြိုးဖျားကိုင် သောကြာသား ပန္နက်ရိုက်ရမည်။ Credit: iMyanmarHouse.com 🏗🏗🏗Three Swallows Construction Co., Ltd. (Customer Service Call:09-

မမ

ဌာနတစ်ခုမှာလက်အောက်ငယ်သားတွေagainstလုပ်နေရင်အဲဒီဌာနကိုတာဝန်ယူနေတဲ့ဌာနမှုးရဲ့အုပ်ချုပ်မှုညံ့ဖျင်းတယ်ဆိုတာသေချာတယ်

ပေလေးပင် ရှင်လေးပါး

https://www.facebook.com/groups/410766139274726/permalink/936073406743994/

စကားပြေကောင်း

တက္ကသိုလ်ဝင်တန်း မြန်မာဘာသာရပ်  ဦးသန့်ဇင် (ကံ့ကော်ကောင်းကင်) သောနုတ္တရမုဆိုးနဲ့ ဆဒ္ဒန်ဆင်မင်း စကားပြေ လေ့လာချက် ကလေးရေ  စကားပြေလက်ရွေးစဉ်မှာ စကားပြေအမျိုးအစားအတော်စုံလင်အောင် ရွေးချယ်ဖော်ပြလေ့လာစေတယ်နော်။ သောနသောနုတ္တရမုဆိုးနဲ့ ဆဒ္ဒန်ဆင်မင်းဆိုတာက ၀တ္ထုစကားပြေဟန်နဲ့ ရေးထားတာပါကလေး။ တိတိကျကျပြောရရင်တော့ ကာရန်ချိတ်စကားပြေဟန်နဲ့ ရေးထားတဲ့ ၀တ္ထုပေါ့။ စလေဦးပုညက ရဟန်းတော်များအတွက် တရားဟောစာအဖြစ် ရည်ရွယ်ရေးဖွဲ့လို့ ဟောစာဝတ္ထုလို့လည်း ခေါ်ပါသေးတယ်။ နာကြားသူ စိတ်ညွှတ်နူးခံစားရလေအောင် ဖွဲ့ဖွဲ့နွဲ့နွဲ့တန်ဆာဆင်ပြီး ရေးဖွဲ့ထားတာပါ။  ငါးရာ့ငါးဆယ် တိံသနိပါတ် ဆဒ္ဒန္တဇာတ်ကို  ပါဠိစာပေမှ မြန်မာမှုပြုထားတယ်လို့လည်း ဆိုနိုင်တာပေါ့။ ပါဠိက တိုက်ရိုက် ပြန်ဆိုရေးတာမျိုး မဟုတ်ဘူးကလေးရဲ့။ ဦးပုညရဲ့စိတ်ကူးတွေနဲ့ ပုံဖော်ပြီး ဇာတ်ဆောင်စရိုက် ပိုလို့အသက်ဝင်ပီပြင်အောင် ဝေေ၀ဆာဆာ ဖွဲ့နွဲ့ရေးတာမျိုးပေါ့။ ဇာတ်အိမ်က မြတ်ဗုဒ်္ဓဟောကြားစဉ်ကတည်းက အခိုင်အခံ့ရှိပြီးသားမို့ ဒီဝတ္ထုမှာလည်း ဦးပုညရဲ့ ဉာဏ်ရည်နဲ့ အရေးအသားစွမ်းရည်ကို ဂရုစိုက်လေ့လာချီးကျူးမှသာ ရှုမြင်ချက်မှန်မှာပေါ့နော်။  ထုတ်နုတ်စကားပြေမလေ့လာမီ ဆဒ္ဒန်ဆင်မင်းဝတ္ထုကို အနည်

စကားထာ

#စကားထာဖွက်တမ်းကစားကြမယ်လေ….) မေး – နေ့ချွတ် ည၀တ်။ ဖြေ – တံခါး မင်းတုပ်။ မေး – အစိမ်းပေါ် အဖြူတင်၊ အဖန်လာမှ နီရောင်ဆင်။ ဖြေ – ကွမ်းယာ။ မေး – သူ့ကိုရိုက်တော့ ချာချာလည်၊ ကြိုးကိုဆွဲပြီး ငိုရှာတယ်။ ဖြေ – ကြေးစည်။ မေး – ကန်ထဲမှာရေ၊ ရေထဲမှာမြွေ၊ မြွေခေါင်းမှာရွှေ ဖြေ – မီးခွက်။ မေး – အညာကဆင်ဖြူ၊ အမွှေးထူ။ ဖြေ – ကြက်သွန်ဖြူ။ မေး – ဖူးခနဲထောင်၊ ဖောင်ခနဲလဲ၊ ရဲရဲနဲ့ တွဲလွဲဆွဲ။ ဖြေ – ငှက်ပြောဖူး။ မေး – သူ့အပင်နွဲ့ချောင်း မတက်ကောင်း၊ စားကောင်းပါရဲ့ ဖူးတံနဲ့။ ဖြေ – ပြောင်းဖူး။ မေး – ပ၀ါခြုံလုံပါပေ့၊ ဆံမြိတ်ချ လှပါပေ့၊ ကျောက်တန်းစီ ညီပါပေ့။ ဖြေ – ပြောင်းဖူး။ မေး – အသီးပေါ် အပင်ပေါက်၊ ခြေထောက်တစ်ချောင်းထောက်။ ဖြေ – နာနတ်သီး။ မေး – ခြုံကြားထဲက မင်းကုသ၊ ခေါင်းပေါင်းစနှင့်ထ။ ဖြေ – နာနတ်သီး။ မေး – တစ်နှစ်တစ်ခါ ပေါ်လို့လာ၊ ရာဇာမင်းလောင်း ထီးဖြူဆောင်း။ ဖြေ – မှို။ မေး – ဆုပ်လျှင် စူး၊ နမ်းလျှင် မူး၊ စားလျှင် ရူး။ ဖြေ – ပဒိုင်းသီး။ မေး – တို့နွားတစ်ကောင် ဘို့တစ်ထောင်။ ဖြေ – ကြက်ဟင်းခါးသီး။ မေး – တို့နွားတစ်ကောင် ဘို့တစ်ထောင် ခြေရာလည်းပျောက် ရေလဲနောက်။ ဖြေ – ကြက်ဟင်းခါးသီး နှင့် ဆန်ဆေး

နာကျင်စေသော်လည်း

ယနေ့အကြိုက်ဆုံးဥပမာ.....👌 ငါးတစ်ကောင် ကုန်းပေါ်ရောက်လာပါတယ် … ရေထဲပြန်ဆင်းဖို့ သူ.. လူးလှိမ့်ခုန်ပစ်ပေမယ့် ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့.. သူစိတ်လျော့လိုက်တယ်..သေပါစေတော့ ပေါ့ … ဒါကို.. ပုရွက်ဆိတ်တွေ မြင်တော့ ငါးကို ကယ်မယ် လုပ်ကြတယ်..!! ပုရွက်ဆိတ်တစ်ချို့က ငါးကို ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့ … ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်… "မချီကြနဲ့...မနိုင်လောက်ဘူး.." "ငါတို့ သူ့ကို နာအောင် ဝိုင်းကိုက်ကြမယ် "ဆိုပြီး ဝိုင်းကိုက်ကြလေတော့.. ငါးက..နာလွန်းပြီး တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း.. ရေမြောင်းစပ်ဆီရောက်သွားတယ်.. နောက်ဆုံး.. ရေထဲထိ ရောက်သွားနိုင်ခဲ့တယ်. . . တစ်ချို့ နာကျင်ခြင်းတွေဟာ.. … တစ်ချို့တိုက်ခိုက်မှု့တွေဟာ  . … အောင်မြင်ခြင်းအတွက် အထောက်အပံ့ ဖြစ်စေတယ် ဆိုတာ..မမေ့ကြပါနဲ့။ တစ်ခါတလေ..တိုက်ခိုက်လာတဲ့ သူတွေကြောင့် ကိုယ်က ပိုပြီး သန်မာလာရတယ်။ စိတ်ညစ်ချင် ညစ်ပါ။ သို့သော် … စိတ်ဓာတ်မကျနဲ့။ ဘာအကြောင်း,ကြောင်း ကြောင့်မှ စိတ်ဓာတ်မကျကောင်းဘူးနော်... နင်းတတ်ရင်..အားလုံးဟာ လှေကားထစ်တွေချည်းပါပဲ။ "အရာရာဟာ ကောင်းဖို့ ဖြစ်လ

ကိုယ့်အလုပ် ကိုယ်လုပ်

အားလုံးပဲမင်္ဂလာညချမ်းပါရှင့် .. ..... သမ္မတ​ကော..အတိုင်​ပင်​ခံ​ကော.. ၀န်​ကြီး​တွေ​ကော..မဟန​တွေ​ကော..မဘသ ​တွေ​ကော..​ဒေါင်း​တွေ​ကော ခြ​င်္သေ့​တွေ​ကော တံစဉ်​​တွေ​ကော...တူ​တွေ​ကောအကုန်​ဖတ်​။ ............................................................. ကိုယ်​ယုံကြည်​ရာကိုယ်​​လျှောက်​ သို့​သော်​ လမ်းမ​ပျောက်​ကြ​စေနဲ့။ ကိုယ်​ချစ်​သူကို ကိုယ်​အား​ပေး သို့​သော်​ နားမ​ဝေးကြနဲ့။ ကိုယ်​ရချင်​ရင်​ကိုယ်​ဖား သို့​သော်​ တဖက်​လူကိုမ​စော်​ကားနဲ့။ ကိုယ်​သ​ဘောကျ သူကို ကိုယ်​​ထောက်​ခံ သို့​သော်​ နည်းလမ်း​တော့မှန်​ပါ​စေ။ ကိုယ့်​​ခေါင်း​ဆောင်​စကားကိုကိုယ်​နာခံ သို့​သော်​ တိုင်းပြည်​​တော့မလန်​​စေ​နဲ့။ ကိုယ့်​လူကို ကိုယ်​ချစ်​ခြင်​ရင်​ချစ်​ကြ သို့​သော်​ လူမျိုးအချင်းချင်း​တော့  နင်း​မချ ကြနဲ့။ ကိုယ့်​ပါတီကို ကိုယ်​တိုးတက်​​အောင်​လုပ်​ သို့​သော်​ ​အောက်​လုံး​ခြောက်​လုံး​တွေနဲ့မယုတ်​မာကြနဲ့။ ကိုယ်​အနိုင်​ရဖို့ ပြည်​သူကိုစည်းရုံးခြင်​စည်းရုံး သို့​သော်​ လိမ်​လုံးညာလုံး​တွေနဲ့ မချိ ပြုံးမလုပ်​နဲ့။ ကိုယ့်​ပါတီကို ကိုယ်​​ထောက်​ခံချ င်​ရင်​​ထောက်​ခံ သို့​သော်​ သာသနာ

တက္ကသိုလ်ဘာကြောင့်တက်ရသလဲ

တက္ကသိုလ်ကို ဘာကြောင့် တက်ရသလဲ ======================== ဘွဲ့ တစ်ခုခု ရဖို့၊ ပညာရေး ပြီးဆုံးဖို့၊ အလုပ်အကိုင်ကောင်းဖို့ ၊ အလုပ်ကောင်းတစ်ခုရရှိဖို့  စသည်ဖြင့် ရည်ရွယ်ချက်အမျိုးမျိုး ရှိတတ်ကြပါတယ်။  ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ပဲ တက္ကသိုလ်တက်တက်၊ တက္ကသိုလ်တက်ရောက်တဲ့ ( ၄) နှစ်တာကာလဟာ လူ့ဘ၀အတွက် တန်ဖိုးအရှိဆုံးအချိန်၊ အလှပဆုံးအချိန်နဲ့၊ ပညာအရဆုံး အချိန်အခါ ဖြစ်ပါတယ်။ တန်ဖိုးရှိရှိ အသုံးချတတ်မယ်ဆိုရင် ဘ၀တစ်ခုလုံးအတွက် အခြေခံ အုတ်မြစ်ကောင်း တည်ဆောက်သွားနိုင်တဲ့ အချိန်အခါကောင်းဖြစ်ပါတယ်။ ဆွေးနွေးကြည့်ကြရအောင်..... ၁။  ကျောင်းနေဘက်       ကောလိပ်တက်တက်၊ တက္ကသိုလ်တက်တက် သင်နဲ့သိကျွမ်းမဲ့ အတန်းဖေါ် အတန်းဘက်၊ ကျောင်းနေဖေါ် ကျောင်းနေဘက်များဟာ သင့်ဘ၀တစ်ခုလုံးအတွက် အလွန်တန်ဖိုးရှိတဲ့ သူငယ်ချင်းများ ဖြစ်ကြပါတယ်။  နေရာစုံ၊ ဒေသစုံက ရောက်လာကြတဲ့သူများ ဖြစ်ကြပါတယ်။ နောင်တချိန်မှာ နယ်ပယ်အသီးသီးမှာ အထွဋ်အထိပ်ရောက်ကြမဲ့သူတွေ၊ အောင်မြင်ကြမဲ့ သူတွေ ပါဝင်ပါတယ်။ သူတို့ဟာ သင်ရဲ့ အနာဂတ်အတွက် လုပ်ဖေါ် ကိုင်ဘက်၊ စီးပွားဖေါ် စီးပွားဘက်တွေ ဖြစ်လာနိုင်ပါတယ်။ ကျောင်းသူကျောင်းသားတော်တော်မ

ဒေသိယ

ကောလင်း   ဝန်းသို   ဂျိုးတောင်  နမ်းခမ်း  ပင်လည်ဘူး ဒီနယ်ဘက်တွေရောက်ရင်  တစ်မူထူးခြားတဲ့အသုံးအနုံးလေး တွေဖြစ်ပါတယ်   ဒီလိုတွေပြောရင်  ကောလင်း  ဝန်းသိုဘက်ကလားလို့   တပ်အပ်မေးလို့ ရသည် မောင် မောင်  နဲ့ပြောတာသည်  အခြားနယ်တွေမှာထူးချင်ထူးဆန်းနေပေလိမ့်မည်   ဒီဒေသတွေမှာတော့   မောင်  လို့ ပြောဆိုကြတာသည်အထူးအဆန်းမဟုတ်ပေ ဘယ်သွားမလို့ လဲမောင်    ဘာလုပ်နေတာလဲမောင်    စသည်ဖြင့်နောက်ဆုံးတွင်မောင်သုံးသလို   ဘာလုပ်နေတာလဲညယ်     ဘယ်သွားမလို့ လဲညယ်   စသည်ဖြင့်  ညယ်ကိုလည်းသုံးကြသည်   ကောလင်း  ဝန်းသို  ပင်လည်ဘူး  သူ/သားများသည်သဘောဖြူ အူစင်း ဖြူစင်ရိုးသားပြီး တောင်သူ လယ်လုပ် ဓာမခုတ်ဖြင့်အသက်မွေးကြသည်။ စကားဝဲ ၍ အသုံးအနုံးတမူထူးခြားကာ ရိုးရာနဲ့ ဘာသာ သာသနာကို အလေးထားရိုသေကိုင်းရှိုင်းကြသည်။  မုန့်နှစ်ခေါ်ဆန်မုန့်ဖြင့် ပြုလုပ်သော ဟင်းပေါင်း ဟင်းလှော် များနှင့် ပေါ်ဦးပေါ်ဖျား ဆန်ကိုချက်/ပေါင်း ပါက ထမင်းမှာ စီး၍ဆိမ့်ခါ စားကောင်းသည် ၄င်းတို့မှာ ထိုနယ်၌ နာမည်ကြီးသည်။ ဧည့်သည် ဆိုပါက ဘယ်အိမ်ကို လာသည်ဖြစ်စေ မိမိအိမ်သို အလည်ခေါ်ကာ ထမင်းဖိတ်ကြွေးတတ်ကြသည်ဤသည်က ထိုနယ်တို့ ၏ ချစ်စရာဓလေ့ဖြစ်သည်။ ကောလင်း  ဝန

အသံ

***စာ/ဝါကျ အထဲက အသံ - စပ်မိရာရာ*** သံကြောင်/သံဂျောင်/န- ၁။ နားမသာယာသော အော်ဟစ်သံ။ ၂။ သံစဉ်ခုနစ်ပါးတွင် မည်သည့်အသံနှင့်မျှ မကိုက်ညီသော ကြားသံ။             (မြန်မာအဘိဓာန်) ~~~~~~~~~~~~~~~~~ မပြတ်အသံ၊   တညံညံသည် စာအံစာဘတ်၊   ကြပ်ကြပ်မြဲမြဲ သည်,လည်း,ညသတ်၊   ပြတ်ပြတ်သားသား စကားဆိုထွေ ပီလှစေ။   ။            (ရှင်မဟာသီလဝံသ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ပုဒ်စပ်ချောပြေ၊        သန္ဓေခြားဖြတ် သံလွတ်ဖွင့်ဆို၊          ရှည်တိုလေးပေါ့ တင်းလျော့နိဂ္ဂဟိတ်၊  အစိတ်အဖြာ အင်္ဂါဆယ်ခု၊              ဖတ်မှု မကျွမ်း နား မချမ်းမူ၊ တတ်စွမ်းသောလျောက်၊ မကောက် မငင် မသင်ပြင်ဘဲ၊                  မဖင့်နွှဲနှင့် မရဲမရောင့်၊                    စနှောင့်စနင် နာချင်နာရ၊                    စာမကျလည်း ရှုတ်ချပြည်သည်၊           ရိပ်ခြည်မပြ ရွံဖြေကြ၍၊                   အစပြင်ဘွယ် အလယ်ပြင်တန်၊           အစွန်ပြင်ရေး အသင့်ဆေးလျက်၊ ထက်သွေးဖြောင့်သွား၊   စိန်တပ်မြားသို့ မမှားအက္ခရာ၊               မြက်မြက်မာသည် နှုတ်လျှာ မဖုန်ပါလင့်ကုန်။   ။ (ကိုးခန်း- ပိုဒ် ၂၃၉)            (ရှင်မဟာရဋ္ဌသာရ) ~~~~ ၁။ ပ

သု​တေသနသ​ဘောတရားများ

Ph.D Thesis (ပါရဂူဘွဲ့ယူကျမ်း) ပြုလုပ်မည့်သူတွေအတွက်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်...Thesis စလုပ်မဲ့သူတွေအတွက်အလွန်တန်ဖိုးရှိပါတယ်... Thesis လုပ်နေတဲ့အချိန်မှာအခက်အခဲပေါင်းမြောက်များစွာကြုံရပေမဲ့ကိုယ့်ရဲ့ရှာဖွေတွေ့ရှိမှုအသစ်ကခိုင်မာပြီးသက်ဆိုင်ရာပါမောက္ခတွေရဲ့သဘောတူညီမှုရတဲ့အချိန်မှာဖြစ်တဲ့ပီတိကတော့ဘာနဲ့မှမလဲနိုင်ပါဘူး... ======================= Ph.D Proposal (ပါရဂူဘွဲ့ယူရန် အဆိုပြုချက်) တစ်ခုကို ဘယ်လို ရေးသားရမလဲ   Ph.D  Candidade (ပါရဂူဘွဲ့ယူရန် အားထုတ်နေသူ) တစ်ဦးအနေနဲ့ Ph.D proposal (ပါရဂူဘွဲ့ယူရန် အဆိုပြုချက်) တစ်ခုကို ဘယ်လို ရေးသားရမလဲ ဆိုတာနဲ့ စပ်လျဉ်းပြီး သိရှိနားလည်သလောက်ကို Share ခြင်းဖြစ်ပါတယ်။   ပါရဂူဘွဲ့ယူရန် အားထုတ်နေသူဟာ သူ စူးစမ်းလေ့လာမှုပြုရမယ့် ကိစ္စက အသေးအမွှားကလေးပင် ဖြစ်ပါစေ  (၁) သိပ္ပံနည်းကျနည်းနာဗေဒ (Scientific   Methodology) ကို အသုံးပြုခြင်း၊ (၂) ကျိုးကြောင်းခိုင်လုံမှု (Validity) ရှိမရှိသုံးသပ်ခြင်း၊ (၃) ယုံကြည်ကိုးစားနိုင်မှု (Reliability) ရှိ၊ မရှိသုံးသပ်ခြင်းနဲ့ (၄) ဘက်လိုက်မှုကင်းစွာ ကောက်ချက်ချခြင်း (Unbiased  Conclusion) တို့လို တင်းကျပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေကို မဖြစ်မ

စကားထာ

" မြန်မာ့ရိုးရာ စကားထာ " ••••••••••••••               စကားထာ ဆိုသော ဝေါဟာရ၏ အနက်ကို  အချို့ ပညာရှိများက 'စကား+အတ္ထ=စကတ္ထ' ထိုမှ တစ်ဆင့် "စကားထာ" ဟူ၍ ဖြစ်လာကြောင်း ပြော၏။ အဓိပ္ပါယ်မှာ စကား၏ အနက်ကို ဆိုလိုပါသည် ။             အချို့  ပညာရှိများကလည်း 'စကား+ထပန' ဟူသည့် ပုဒ် နှစ်ခုကို မြန်မာ့အသံဖြင့် ပေါင်း၍ဖတ်လျှင် 'စကားထာပနာ' ဟူ၍ ရသည်ဖြစ်ရာ အတိုကောက် အားဖြင့် "စကားထာ" ဟု တွင်လာကြောင်း ပြောပါသည်။               စကားထာ များကို အမျိုးအစား အားဖြင့်  ( ၆ ) မျိုး ခွဲခြားဖေါ်ပြထားပါသည် ။ ယင်းတို့ မှာ - ( ၁ )  စကားထာ ရိုးရိုး       ( ၂ )  စကားလိမ် ( ၃ )  စကားဝှက်              ( ၄ )  သင်္ချာ စကားထာ ( ၅ )  ပုစ္ဆာ စကားထာ        ( ၆ )  ပုံပြင် စကားထာ ဟူ၍ ဖြစ်ပါသည် ။                         စကားထာ ရိုးရိုး ဆိုသည်မှာ အများသိကြပြီး ဖြစ်သည့် ဥပမာအားဖြင့် ဖြစ်စေ အနက်အားဖြင့် ဖြစ်စေ ဆိုလိုရင်းကို ဖုံးကွယ်၍ ဝှက်သော စကားထာ မျိုး ဖြစ် ပါသည် ။  သွားတော့ခွေခွေ နေတော့စင်းစင်း  = ခေါင်းခု မြစ်လယ်ကောင် သောင်ထွန်း နတ်သမီး နေတဲ့ကျွန်း                 = ကျောက်ပြင်        

ဘဝတွက်​တာ

ပဟေဠိဆန်သော အဆုံးအမများ &&&&&&&&&&&&&&&&&&&&& ၁။ တစ်နေ့ လက်ခုပ် သုံးခါတီး။ ၂။ ငါးဟင်းကြီးများ အမြဲစား။ ၃။ ရေအေး အခါခါသောက်။ ၄။ တောင်ဝှေးသုံးချောင်းထောက်။      အန္တရာယ်ကင်းပျောက်။      မဂ်ဖိုလ်နိဗ္ဗာန်ရောက်။ ================================= ၁။ "တစ်နေ့လက်ခုပ်သုံးခါတီး"ဆိုသည်မှာ တစ်နေ့လျှင် သုံးကြိမ် ဘုရားရှိခိုးပါဟု ဆိုလိုခြင်း ဖြစ်ပါသည်။ (အိပ်ယာထတစ်ကြိမ်၊ အလုပ်အကိုင်သွားခါနီးတစ်ကြိမ်၊ အိပ်ယာဝင်တစ်ကြိမ်)။ ================================= ၂။ "ငါးဟင်းကြီးများအမြဲစား" ဆိုသည်မှာ ငါးပါးသီလကို အမြဲလုံခြုံအောင် စောင့်ထိန်းပါ ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ================================= ၃။ "ရေအေးအခါခါသောက်" ဆိုသည်မှာ အေးမြသော မေတ္တာ ဘာဝနာတရားကို အကြိမ်ကြိမ်ပွါးပါ ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ================================= ၄။ "တောင်ဝှေးသုံးချောင်းထောက်" ဆိုသည်မှာ အနိစ္စ-မမြဲခြင်း၊ ဒုက္ခ-ဆင်းရဲခြင်း၊ အနတ္တ-ကိုယ်စိုးကိုယ်ပိုင် ခိုင်မြဲသော အနှစ်သာရ ဘာမျှမရှိဟူသော လက္ခဏာရေးသုံးပါးကို မ

ဩဝါဒ

▬▬▬▬▬▬ஜ۩۞۩ஜ▬▬▬▬▬ "ဆရာတော်ကြီး များ"၏ "လိုတိုရှင်း သြဝါဒတော်များ" ▬▬▬▬▬▬ஜ۩۞۩ஜ▬▬▬▬▬ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬ "ပြောလွယ် ယုံလွယ် မဖြစ်ကြစေနဲ့" ▬▬▬▬▬▬▬▬▬▬▬▬▬▬▬ -အပြောကောင်းတိုင်း  -နာမည်ကြီးတိုင်း  "ဟုတ်တယ်"လို့ မထင်နဲ့။  ခုခေတ်မှာ- "အတုအယောင်"တွေဘက်  ပါသွားတတ်တယ်။  ဘုန်းကြီးတို့ "ဂေါတမဗုဒ္ဓ"လက်ထက်က, "ဘုရား"တွေ ခဏခဏပေါ်နေတော့- "ဗေဒင်"အတတ် တစ်ဘက်ကမ်းခတ်နဲ့  "ပေါက္ခရသာတိပုဏ္ဏားကြီး"က သူ့တပည့်"အမ္ဗဋ္ဌ"ကို  စုံစမ်းလွှတ်တယ်။ "အမ္ဗဋ္ဌ"စုံစမ်းရာမှာ- "ဗုဒ္ဓအစစ်"ဖြစ်တာတောင် "(၃)နှစ်"စုံစမ်းရတယ်။  အဲသလို သေသေချာချာစုံစမ်းမှ, "အစစ်အမှန်"ကို တိတိကျကျ သိရတယ်။  -ပြောလွယ်  -ယုံလွယ် မဖြစ်ကြစေနဲ့။  ကြပ်ကြပ်သတိထားကြ။  ပညာရှိတွေနဲ့ တိုင်ပင်မေးမြန်းစိစစ်ကြ။ "ဘုရားရှင်"တောင် "သိဒ္ဓတ္ထမင်းသား" ဘဝ က  "ဈာန်(၈)ပါး"ရတဲ့ "အာဠာရ ရသေ့"ထံ  ရောက်သွားသေးတယ်။  ဒါပေမယ့် "ပါရမီရှင်"ဖြစ်လို့- "သူတို့အကျင့်ဟာ နိဗ္ဗာန်ရောက် ကြောင်းတရား မဟုတ်ကြောင်း"ကို စ