အိမ်ပန္နက်

အိမ်တစ်အ်ိမ်ဆောက်မယ်ဆိုရင် ပန္နက်ရိုက်နည်း တွေ သိထားသင့်ပါတယ်။
ဒါကြောင့် ပန္ဒက်ရိုက်နည်းတွေကို မျှဝေပေးလိုက်ပါတယ်နော်….

💢 တနင်္ဂနွေသား အိမ်ဆောက်လျှင် ကြာသာပတေးသား ကြိုးရင်းကိုင်၊ သောကြာသား ကြိုးဖျားကိုင်၊ စနေသား ပန္နက်ရိုက်ရမည်။

💢 တနင်္လာသား အိမ်ဆောက်လျှင် သောကြာသား ကြိုးရင်းကိုင်၊ စနေသား ကြိုးဖျားကိုင်၊ တနင်္ဂနွေသား ပန္နက်ရိုက်ရမည်။

💢အင်္ဂါသား အိမ်ဆောက်လျှင် စနေသား ကြိုးရင်းကိုင် တနင်္ဂနွေသား ကြိုးဖျားကိုင်၊ တနင်္လာသား ပန္နက်ရိုက်ရမည်။

💢 ဗုဒ္ဓဟူးသား အိမ်ဆောက်လျှင် တနင်္ဂနွေသား ကြိုးရင်းကိုင် တနင်္လာသား ကြိုးဖျားကိုင်၊ အင်္ဂါသား ပန္နက်ရိုက်ရမည်။

💢 ကြာသာပတေးသား အိမ်ဆောက်လျှင် တနင်္လာသား ကြိုးရင်းကိုင်၊ အင်္ဂါသား ကြိုးဖျားကိုင်၊ ဗုဒ္ဓဟူးသား ပန္နက်ရိုက်ရမည်။

💢 သောကြာသား အိမ်ဆောက်လျှင် အင်္ဂါသားကြိုးရင်းကိုင် ဗုဒ္ဓဟူးသား ကြိုးဖျားကိုင်၊ ကြာသပတေးသား ပန္နက်ရိုက်ရမည်။

💢 စနေသား အိမ်ဆောက်လျှင် ဗုဒ္ဓဟူးသား ကြိုးရင်းကိုင် ကြာသာပတေးသား ကြိုးဖျားကိုင် သောကြာသား ပန္နက်ရိုက်ရမည်။

Credit: iMyanmarHouse.com
🏗🏗🏗Three Swallows Construction Co., Ltd.
(Customer Service Call:09-78 26 26 777,78 62 62 777)

Comments

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ