Posts

Showing posts from January, 2019

အိုဘာမား၏ ဆုံးမစကား

အမေရိကန်သမ္မတဟောင်း အိုဘားမားက သမီးတွေကို  သင်ပေးတဲ့ ချက်ခြင်းရပ်တန့်လိုက်ရမယ့်အချက်များတဲ့   (အရမ်းကြ်ုက်လ်ု့ ကူးယူ​ဖော်​ပြပါတယ်​ )  🌹ကိုယ့်ကိုယ်ကိုယ်မယုံကြည်မူတွေကိုရပ်တန့်လိုက်ပါ တကယ်လို့ မင်းဟာကိုယ့်ကိုယ့်ကိုယ်တောင်မယုံကြည်ရင် ဘယ်သူကမှမင်းကိုယုံကြည်နိုင်ကြတော့မှာမဟုတ်တော့ဘူး အောင်မြင်ခြင်းရဲ့ အစက မင်းဦးနှောက်အတွေးထဲကနေဆင်းသက်လာတာပါ  တကယ်လို့မင်းကိုမင်းအမြဲတန်း အပျက်သဘောဖက်ကနေ မြင်နေရင် ဒါမှမဟုတ် အာနာဂတ် ရဲ့ကျရူံးမူတွေမြင်ယောင်နေမယ်ဆိုရင်မင်းဘဝကြီးဟာမင်းထင်သလိုတွေတွေးသလိုတွေဖြစ်သွားတတ်တယ်  🌹အပျက်သဘောဆောင်တဲ့ Negativeဆောင်တဲ့ မင်းရဲ့အကျင့်ဆိုးကြီးရပ်တန့်လိုက်ပါ မင်းကိုမင်းအထင်မသေးပါနဲ့ ပတ်ဝန်းကျင်လူတွေကိုလည်းအထင်မသေးပါနဲ့  မင်းကိုမင်းအထင်သေးမယုံကြည်မဲ့အစား ခုကြုံတွေ့ရတဲ့ပြသာနာတစ်ခုချင်းဆီကို တန်းစီစီပြီး ကောင်းကောင်းပြန်စဉ်းစားကြည့်ပါ ဒီလိုလုပ်ခြင်းအားဖြင့် နည်းလမ်းကောင်းတွေရှာဖွေနိုင်တဲ့အပြင် နင့်ကိုလည်းအောင်မြင်စေတယ် 🌹အချိန်ဆွဲတတ်တဲ့ အကျင့်ကို ရပ်တန့်လိုက်ပါ ငါအခုမလုပ်ချင်သေးဘူး နောက်မှလုပ်မယ်ဆိုရင် အကျင့်ပါသွားတတ်တယ် နင့်အချိန်ဆွဲနေတဲ့ကိစ္စက သူ့ဟာသူပြီးမသွားတတ်ပါဘူး 🌹သဘောထားသေး

စာဆို​တော်​များ

" အင်းဝခေတ် စာဆိုတော်များ "             [ ပထမအင်းဝခေတ် ] ၁။ပထမမင်းခေါင်ကြီး (၇၃၄ - ၇၈၄) ၂။စကြိုသူမြတ် (၇၃၅ - ၈၀၅) ၃။ရွှေပြည့်ရှင်မယ် (၇၆၀ - ၈၀၀) ၄။စစ်ကိုင်းမင်းသမီးမယ်ထွာ (၇၆၀ - ၈၀၀) ၅။လင်းဇင်းမင်းသမီး (၇၆၀ - ၈၀၀) ၆။ရှင်သူရဲ (၈၀၀ - ၈၅၀) ၇။ကန်တော်မင်းကျောင်းဆရာတော် (၈၀၀ - ၈၇၅) ၈။စစ်လျင်ထောင်မှူးရှင်ထွေးညို (၈၀၀ - ၈၇၅) ၉။ရှင်ဥတ္တမကျော် (၈၁၅ - ၉၀၄) ၁၀။ရှင်အုန်းညို (၈၁၅ - ၈၉၀) ၁၁။ရှင်မဟာသီဝလံသ (၈၁၅ - ၈၈၀) ၁၂။ရှင်ခေမာ (၈၁၅ - ၈၆၅) ၁၃။ဝံတောင်လယ်ဘုန်းတော်ကြီးရှင်သဒ္ဓမဇောတ      (၈၂၀ - ၈၉၀) ၁၄။ရှင်ထွေးနသိမ် (၈၂၅ - ၈၇၅) ၁၅။ရှင်မဟာရဋ္ဌသာရ (၈၃၀ - ၈၉၂) ၁၆။ရှင်အဂ္ဂသမာဓိ (၈၄၀ - ၉၀၄) ၁၇။ရှင်တေဇောသာရ (၈၅၀ - ၉၁၀) ၁၈။ရှင်ဣန္ဒဂုတ္တ (၈၆၀ - ၉၂၅) ၁၉။တောင်ငူနဝဒေး (AD/ 1498 - 1578) ၂၀။ပြည်နဝဒေးကြီး (၈၆၀ - ၉၅၀) ၂၁။မိဖြူ  (၈၇၅ - ၉၂၅) ၂၂။မိညို (၈၇၅ - ၉၂၅) ၂၃။ဗညားဒလ (၈၈၀ - ၉၃၄)                 [ ဒုတိယအင်းဝခေတ် ] ၂၄။တောင်ဖီလာဆရာတော် (၉၄၀ - ၁၀၁၃) ၂၅။ရှင်ကရဝိက (၉၅၀ - ၁၀၁၀) ၂၆။ရှင်သံကို (၉၆၀ - ၁၀၀၀) ၂၇။သဓမ္မာလင်္ကာရဆရာတော် (၉၉၀ - ၁၀၅၀) ၂၈။ဆီသည်ရွာစားဦးအောင်ကြီး (၁၀၃၀ - ၁၀၉၀) ၂၉။ရှင်ဥက္ကံသမာလာ(ရွာကြီး) (၁၀၃၀ - ၁၁၀၀) ၃၀။ရ

မှတ်​စု

“ခြင်္သေ့စိတ်ဓါတ်နဲ့ Plan-B” ဒီမေးခွန်းကတော့ မြန်မာနိုင်ငံက လူငယ်တော်တော်များများရဲ့ ရင်ထဲမှာ ရှိနေတဲ့ မေးခွန်းတစ်ခုပါ။ ‘ကိုယ့်ကိုယ်ကိုယ် ဘာဝါသနာပါမှန်း မသိတဲ့ လူငယ်တွေ၊ သိလည်း ကိုယ့်ဝါသနာကို အကောင်အထည်ဖော်လို့ မရတဲ့ လူငယ်တွေ ဘာလုပ်သင့်ပါသလဲ’ တဲ့။ ကျွန်တော်တို့ဆီမှာ မိဘတွေရဲ့ အုပ်ထိန်းမှု၊ ကျောင်းက ဆရာဆရာမတွေရဲ့ လမ်းညွှန်မှုဟာ ဘယ်ကိုပဲ အဓိကဦးတည်လဲဆိုရင် စာမေးပွဲမှာ အမှတ်များဖို့နဲ့ ဆယ်တန်းအောင်တဲ့အခါ တက္ကသိုလ်ကောင်းကောင်းတက်ရဖို့ပါပဲ။ ကလေး ဘာဝါသနာပါတယ်ဆိုတာကို ထုတ်ဖော်ဖို့ အားမပေးတတ်ကြဘူး။ အဲဒီအပြင် ပိတ်ပင်ခံရတာတွေတောင် ရှိပါတယ်။ ဒီအရွယ်မှာ အပြင်စာတွေမဖတ်နဲ့၊ ဘောလုံးချည်းပဲ ကန်နေတာပဲ၊ စသဖြင့် ကျောင်းစာမှာ အမှတ်နည်းမှာစိုးတာကြောင့် ကန့်သတ်ချုပ်ချယ်ကြတာတွေ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ကလည်း ဒီလိုဖြစ်အောင် ဖန်တီးပေးထားတာကိုး။ အဲဒီရဲ့ အကျိုးဆက်ကတော့ လူငယ်တွေဟာ ကိုယ့်ကိုယ်ကိုယ် ဘာဝါသနာပါမှန်း မသိတော့ဘူး။ အိမ်က တက်ခိုင်းတဲ့ တက္ကသိုလ်၊ အမှတ်မီတဲ့ တက္ကသိုလ် တက်တယ်၊ နောက်တော့မှ ကိုယ့်ဝါသနာ ကိုယ်တွေ့ပြီး စီးပွါးရေးလုပ်ဖြစ်တာတို့၊ အနုပညာလိုင်းကို ကူးပြောင်းကုန်တာတို့ ဖြစ်ကုန်တာပေါ့။ နောက်တစ်ခုက