Posts

Showing posts from June, 2016

ထန်းချစ်​သူ

Image
ထန်းချစ်သူ ======= ထန်းပင်ကြီးရဲ့အောက် ထန်းပင်လေးတွေပေါက် ထန်းပင်လေးတွေနုတ် ထန်းပင်လေးတွေစိုက် ထန်းပင်ကြီးပေါ်တက် ထန်းနို့ချောင်းကိုလှီး ထန်းပွင့်လေးတွေကြွေ ထန်းပင်ကြီးပေါ်က ထန်းသီးခိုင်ကိုချိုင် ထန်းသီးဆန်ကိုစား ထန်းသီးခွံကိုလှီး ထန်းစားကျင်းထဲထည့် ထန်းရေခါးကိုသောက် ထန်းဖူးဦးထုပ်ဆောင်း ထန်းငုတ်တိုပေါ်ထိုင် ထန်းရွက်ပီပီမှုတ် ထန်းစေ့ကိုပျိုး ထန်းပင်မြစ်ကိုဖော် ထန်းကျိထွေးကိုစား ထန်းလက်တဲဘေးမှာ ထန်းပပ်ကိုမီးဆိုက် ထန်းပင်မြစ်ကိုပြုတ် ထန်းဆုံထဲမှာထည့် ထန်းကျည်ပွေ့နဲ့ထောင်း ထန်းစစ်ဖက်မီးထိုး ထန်းရည်ကိုကျို ထန်းယောက်မနဲ့မွှေ ထန်းလျက်ချိုချက် ထန်းပလပ်ခုံဘေး ထန်းသားကွပ်ပျစ်ထက် ထန်းကြောဖျာပေါ်ထိုင် ထန်းလျှော်ပါးပါးလှီး ထန်းခေါက်တောင်းထဲက ထန်းသီးမုန့်ကိုစား ထန်းစေ့မှုတ်နဲ့ခပ် ထန်းရေချိုကိုသောက် ထန်းခေါက်ဖာထဲက ထန်းလက်ပုတီးလေးနဲ့ ထန်းဖူးရုပ်လေးရယ် ထန်းပလပ်နွားလေးရယ် ထန်းတောရွာဘေးက ထန်းတောလေးကိုလွမ်းမိတယ်။                                    အောင်လင်း(ဘုဘ) photo  Credit

မုံရွာတက္ကသိုလ်​ ​ဗုဒ္ဓဘာသာအသင်း အစည်းအ​ဝေး

Image
မုံရွာတက္ကသိုလ်​၊ ​ဗုဒ္ဓဘာသာအသင်းအစည်းအ​ဝေးကျင်းပ ၃၀၊ ၆ ၊၂၀၁၆ မွန်းလွဲ ၁နာရီအချိန် ​ ​ဗုဒ္ဓဘာသာအသင်းကြီး၏ ဥက္ကဋ္ဌ​ဒေါက်​တာခင်​မြင့်​စိန်​၊ ပါ​မောက္ခ၊ မြန်​မာစာဌာနက အဖွင့်​အမှာစကား​ပြောကြား ​​ ဆု​တောင်းပြည့်​​စေတီ​တော်​၏ ဆွမ်းပန်း​ရေချမ်းကပ်​လှူပူ​ဇော်​နိုင်​​ရေး ဝါတွင်းဥပုသ်​သီလပွဲပြုလုပ်​နိုင်​​ရေး ၁၆ ကြိမ်​​မြောက်​ ဝါဆိုသင်္ကန်းကပ်​လှူပွဲကျင်းပ​ရေး မြသပိတ်​​တော်​လှူဒါန်းပွဲပြုလုပ်​နိုင်​​ရေး အရုဏ်​ဆွမ်း​လောင်းလှူပွဲ ဆရာ၊ ဒကာ ပွဲ တို့ပြုလုပ်​နိုင်​​ရေး တို့ကို ​ဆွေး​နွေး။ မုံရွာတက္ကသိုလ်​၊ ဌာနအသီးသီးမှ ​ဗုဒ္ဓဘာသာအသင်းဝင်​ ဆရာ၊ဆရာမများ တက်​​ရောက်​​ 

နေခြည်​လင်း၏ ရိုးဂုဏ်​ကဗျာ

ရိုးဂုဏ် ==== နွေလွင်ပြင် နီကြင်ကြင်  ပက်ကြားအက်မှာလ သွေ့လျက်ညှာ  ဝါထိန်ထိန်နဲ့ ရိုးတံလိမ်  သွေ့ကာခြောက် သူ့ဂုဏ်ရှိန်  မတောက်သေးပါဘု နွမ်းခြောက်ကာ ရှင်သန်နေကြရ မြေအပူ လေပူတိုက် နွမ်း ဟိုက်ဟိုက်  တနင်နင် သူ့ဂုဏ်အင်  မစွန့်သေး ။ ခါဝသန် ရွာပြန်ပ  တဖွဲဖွဲ တမွဲမွဲ  နဂိုအဆင် ညှိုးခြောက်ကာ  နေစာပင်က တစ်မိုးသောက်ကာ တန်ခိုးတောက်လာ  တရွှင်ရွှင်ပ စိမ်းလွင်လွင်  သူ့အဆင်းရယ်နဲ့ နင်းပြားခံ  နေစာပင်က မင်္ဂလာသဘင်  အောင်ပန်း အဖြစ် တင့်ဆန်းလာ အောင်သပြေနဲ့ တွဲဖက်ကာ အလှတိုး မြက်နေစာ  အနေရိုးတော့ မြတ်နိုး တန်ဖိုးထားကြတယ် ရိုးဂုဏ်ကွဲ့လေး ။   ။                 အောင်လင်း                  မြန်မာစာ                   မုံရွာတက္ကသိုလ်

ဆရာမင်း​သွေးငယ်​၏ ကိုယ်​​တွေ့ဖြစ်​ရပ်​မှန်​စာ​ပေ

တစ်ကမ္ဘာလုံး၏ အသည်းကို ကိုင်လှုပ်ခဲ့သည့် မြန်မာပြည်သားတစ်ဦး၏ အာဆီယံအဆင့် ပထမဆုရစာမူ တစ်ကမ္ဘာလုံး၏ ရင်ထဲအထိရှဆုံး ဘာသာ(၆)မျိုးဖြင့် ပြန်ဆိုထုတ်ဝေခြင်းခံရသည့် မိဘအပေါ် ထားရှိသည့် ဆရာ မင်းသွေးငယ်၏ အာဆီယံအဆင့် ဘဝကိုယ်တွေ့ ဖြစ်ရပ်မှန်စာပေပြိုင်ပွဲ (Genuine Experience Based Literature Contest) ပထမဆုရ ရသစာပေ Post လေးပါ မုဒိတာနှလုံးသားထဲက တဖိမ့်ဖိမ့် တသိမ့်သိမ့် ယိုစိမ့်လာတဲ့ စကား အမေကြားစေသော်ဝ် ********************************** စာရေးဆရာ မင်းသွေးငယ် (ရာမညမြေ) အမေရေ အမေ သားကို အသက် (၄၅) နှစ်မှာ လျော့ရဲ့ပျော့တွဲနေတဲ့ လက်မောင်းသား မရှိတော့တဲ့ သဘာဝညှစ်အားကို ရင်းလို့ သေမင်းနဲ့သူနိုင်ကိုယ်နိုင် အပြိုင် စစ်ခင်းလို့ သွေးချင်းချင်းထုံအောင် သံဖြူဇရပ်ဆေးရုံမှာ ခဲရာခက်ဆစ် လူဖြစ်အောင် မွေးပေးခဲ့တယ်နော် အခု အမေ့သား မင်းသွေးငယ်လေ အမေပေးတဲ့ ခွန်အား အမေ့သွေးသားနဲ့ ဘဝစာမျက်နှာပေါင်းများစွာ ရုန်းကန်ရင်း အကြိမ်ကြိမ် အခါခါ ဖြတ်သန်းနိုင်ခဲ့ပါရဲ့အမေ သားမွေးနေ့ဟာ လာမယ့် ဇန္နဝါရီလ (၂၄ ) (အမေ့ကျေးဇူးတရားတွေထုံမွှမ်းမွှေးပျံ့နေ တဲ့ အမေများနေ့) ပေါ့အမေရယ် သားငယ်စဉ်က အမေ ပြောပြောနေတဲ့ နိုးတစ်ဝက်အိပ်ပျက်ညတေ

ဝေဘူဆရာ​တော်​၏ သာသနာပြုပုံ အသုံးအနှုန်းများ

ဝေဘူဆရာတော်၏ သာသနာပြုပုံ အသုံးအနှုန်းများ &&&&&&&&&&&&&&&&&&&&&&&&&&&&&&&         ကုသိုလ်ကောင်းမှုပြုသောအခါတွင် ရေစက်ချ၍ ဆုတောင်းဆုယူ အမျှဝေခိုင်းသည်။ ရေစက်ခွက်ကို ရိုသေစွာ လက်နှစ်ဖက်ဖြင့်ကိုင်ခိုင်းလေသည်။          သက္ကစ္စဖြစ်အောင် ရေစက်ခွက်ကို နှစ်ဖက်ကိုင် ရတယ်။ သက္ကစ္စနဲ့ပြုပြီး အောင်မြင်တဲ့ကုသိုလ်ရှိရင် နင်တို့ အခြွေအရံသားသ္မီးတွေက နင်တို့ပြောတာနား ထောင်တယ်။ နင်တို့စကားအောင်မြင်တယ်။ သက္ကစ္စ မပါရင် မအောင်မြင်ဘူး"           အလုပ်တစ်ခုလုပ်လျှင် ဆရာတော်သည် သက္က စ္စ(ရိုသေမှု) ကိုအလွန်အလေးထားတော်မူသည်။ သက္ကစ္စ၏ကျေးဇူးပြုပုံများကိုလည်း  မှတ်သားလောက် အောင်မိန့်တော်မူဖူးသည်။        ၁၉၆၂ခုနှစ်မှစ၍ တိုင်းပြည်တာဝန်ကို အကြီးအ ကဲပိုင်းက တာဝန်ယူသော ခေါင်းဆောင်ကြီးသည် ဝေဘူဆရာတော်ရှိရာသို့ လာရောက်ဖူးမြှော်ခဲ့ဖူး သည်။ဆရာတော်၏အနားတွင်ရှိကြသော သူဋ္ဌေး ဒါယကာကြီးများက ထိုခေါင်းဆောင်ကြီး၏ မကောင်း တဲ့အကြောင်းများလျှောက်ထားကြသည်။ သူတို့ထံမှ ပစ္စည်းများကို   သိမ်းယူတဲ့သူဖြစ်ကြောင်း    အမျိုးမ

ဂမ္ဘီသာရပျို့

http://www.mmpdfcity.com/2016/06/blog-post_291.html

မေမြို့မိုးကြည်​၏ မြန်​မာစာ​ပေတိုက်​ပွဲများ

မြန်မာစာပေတိုက်ပွဲများ စာပေဗိမာန်ဆုရစာရေးဆရာ မေမြို့မိုးကြည်       အယူအဆရေးရာ       စာပေရေးရာ       သမိုင်းရေးရာ       ပုဂ္ဂလိကရေးရာ       အတ္တရေးရာ ကျယ်ပြန့်သောအမြင် ၊ လေးနက်သောအတွေး ၊ ထက်မြက်သောဝေဖန်ရေး ၊ ပြတ်သားနက်ရှိုင်းသောအရေးတို့ဖြင့်ဆွေးနွေးခဲ့ကြရာ................ စာပေခေတ်အဆက်ဆက် ကလောင်လက်နက် ဆင်နွှဲခဲ့ကြသော စာပေဗိမာန်ဆုရစာရေးဆရာမိုးကြည်ရဲ့........... http://mmnetlibrary.blogspot.com/2016/06/blog-post_88.html?m=1 Posted by Thazin Phu

မြန်​မာမှုသုတ

မြန်မာမှုသုတ ======== ''#ဒူးနေရာဒူးးတော်နေရာတော်'' ဆိုသည်မှာ ဘာအဓိပ္ပါယ်ပါနည်း။ ရွှေဘုံနိဒါန်းလာ အောက်ပါစာကို ကျက်မှတ်ထားပါ။ '' 'တော်'ဟု တွင်သား၊ ကွန်းစင်လုံးညီ၊ ရွှေတိုင်မှီ၍၊ နောက်ဖီနောက်တည်၊ 'ဒူး' 'စနည်'နှင့်၊ နှစ်မည် 'ဘဝေါ'၊ နတ်လောတွေးဖွယ်၊ မတ်ငါးသွယ်။ '' ညီလာခံကျင်းပရာ (မြေနန်းပြသာဒ်စသော) နန်းဆောင်အတွင်း ကွန်းစင်တိုင်ကို မှီခွင့်ရသော အမတ်ကြီးများကား ''တော်'' ယင်းနောက်မှ 'ဒူး' 'စနည်'နှင့် 'အတွင်းဘဝေါ' 'အပြင်ဘဝေါ'များ အဆင့်သတ်မှတ်၍ ထိုင်ကြရပါသည်။ မဃဒေဝလင်္ကာသစ်ပါစာသားမှာ ''ပတ်လည်ဝဲယာ၊ ကြယ်ပမာသို့၊ နေရာလိုက်လျော၊ 'ဘဝေါ'တွင်းပြင်၊ ညီလာခွင်'' ဟုဖြစ်သည်။

ဟော​ပြောပွဲ

Image
ကွမ်းစားသုံးခြင်းနှင့်​ပတ်​သက်​သည့်​ ကျန်းမာ​ရေးဆိုင်​ရာ အသိပညာ​ပေး​ဟော​ပြောပွဲကို ၂၈.၆.၁၆ ရက်​​နေ့တွင်​ မုံရွာတက္ကသိုလ်​ B ​ဆောင်​၊ခန်းမတွင်​ ပြုလုပ်​။ ဒုတိယပါ​မောက္ခချုပ်​ဆရာကြီး​​ဒေါက်​တာ သက်​နိုင်​ဦးက အဖွင့်​အမှာစကား​ပြောကြား

သခင်​ကိုယ်​​တော်​မှိုင်း၏ စာ​ပေများ

Image
သခင်ကိုယ်တော်မှိုင်း ရေးသားပြုစုခဲ့သည့် စာပေများ     ညီတော် မင်းနန် ချွန်ခန်း ဟောစာသစ် (ရွှေတောင်မြို့ ဆရာလွန်း) - ၁၉ဝ၂ ခုနှစ်     ၊ရွှေတိဂုံဘုရားအမှူးကိုကျားအဖူးတက်သော ဇာတ်ဆန်း (မောင်လွမ်း)-၁၉ဝ၃ ခုနှစ်     ကျမိုင်းမောင် နှင့် စောမြိုင် ပြဇာတ် (ဆရာလွမ်း) - ၁၉ဝ၃ ခုနှစ်     ကုလားလေး ဗျတ်ဝိ ဗျတ္တ ပြဇာတ် (ပ - အကြိမ် - ဆရာလွမ်း) - ၁၉ဝ၅ ခုနှစ်     မော်လမြိုင် ရာဇဝင် ဝတ္ထု (ပထမတွဲ - ဆရာလွမ်း) - ၁၉ဝ၅ ခုနှစ်     ကဗျာသာရ မဉ္စူ (ဆရာလွမ်း) - ၁၉ဝ၆ ခုနှစ်     ဝရမတ္တ သံခိပ် အဖြေကျမ်း (ဒုတိယတွဲ - ဆရာလွမ်း) - ၁၉ဝ၆ ခုနှစ်     အလောင်းတော် သုဝဏ္ဏသျှံ ပြဇာတ် (ဆရာလွမ်း) - ၁၉ဝ၇ ခုနှစ်     ချင်းမလေး ဝါနု ပြဇာတ်သစ် (ဆရာလွမ်း) - ၁၉ဝ၈ ခုနှစ်     သူခိုး ထိလပ် ပြဇာတ် (ပ - ဒု) (ဆရာလွမ်း) - ၁၉ဝ၈ ခုနှစ်     ၊ကျောက်ဝိုင်းသမိုင်း၊ရေကင်းသူမရွှေပွင့်ပြဇာတ်၊ပထမတွဲ(ဆရာလွမ်း)၁၉ဝ၉ခုနှစ်     ကဗျာသာရတ္တ သဂြုင်္ိဟ် (ဆရာလွမ်း) - ၁၉၁ဝ ခုနှစ်     သီရိဓမ္မာ သောက မင်းကြီး ပြဇာတ် (ပ-တွဲ) (ဆရာလွမ်း) - ၁၉၁၁ ခုနှစ်    ၊မြန်မာ ရာဇဝင်ချုပ်နှင့် ရွှေနတ်တောင် ဘုရားသမိုင်း (ဆရာလွန်း) - ၁၉၁၁ခုနှစ်     လက်မှုပညာ ဋီကာ (Hard Book of Useful Recipe