Posts

Showing posts from May, 2017

ဗျည်း ဘုရားရှိခိုး

က ။.....။ ကကြီးဟူသည်ကား ကိလေသာ မာန်ကို               အောင်မြင်တော်မှုသော မြတ်စွာဘုရား ခ ။.....။  ခခွေးဟူသည်ကား ခန္ဓမာန်ကို အောင်              မြင်တော်မူသော မြတ်စွာဘုရား ဂ ။.....။  ဂငယ်ဟူသည်ကား ဂုဏ်တော်ကိုးပါးနှင့်              ပြည့်စုံတော်မူသော မြတ်စွာဘုရား ဃ ။....။ ဃကြီးဟူသည်ကား ဃဋိက ဗြဟ္မာမင်း             ဆက်သတော်မူသော ရွှေကြာသင်္ဃန်း             ဆင်မြန်းတော် မူသော မြတ်စွာဘုရား င ။.....။  ငဟူသည်ကား မာန်ငါးပါးကို အောင်မြင်              တော်မူသော မြတ်စွာဘုရား စ ။....။   စလုံးဟူသည်ကား စကြ၀ဠာ တစ်သိုက်              တုဖက်ပြိုင်ဖက် ရှိတော်မမူသော               မြတ်စွာဘုရား ဆ ။....။  ဆလိမ်ဟူသည်ကား ဆယ်ပါးသော              ဒုစရိုက်ကို ပယ်ဖျက် ခုတ်ထွင်း အောင်              မြင်တော်မူသော မြတ်စွာဘုရား ဇ ။....။   ဇကွဲဟူသည်ကား ဇာတိဿ    ရဥာဏ်ကို              အောင်မြင်တော်မူသော မြတ်စွာဘုရား ဈ ။....။   ဇမျဉ်ဇွဲဟူသည်ကား ဈာန်သမာပတ်အ               ပေါင်း ပြည့်စုံတော်မူသော မြတ်စွာ               ဘုရား ည ။.....။  ညဟူသည်က ဉေယျ ဓံတရား ငါးပါးနှင့်               ပြည့်စုံတော်မူသော မြတ်စွာဘုရား ဋ ။

စကားပုံ

Image
16 ADMIN စကားပုံနှင့် ဆိုရိုးစကားများ (Sayings and Proverbs) - အပိုင်း (၄) by  Myanmar Network Forum Moderator3 May 21, 2014 46. Four eyes see better than two. လူနှစ်ဦးခေါင်းချင်းဆိုင် တိုင်ပင်ပါကအကြံဉာဏ်ကောင်းပို၍ ပေါ်ပေါက်နိုင်သည်ဟုဆိုလိုပါသည်။  "Many hands make light work." ဟူသောစကားပုံနှင့် ၎င်း၊ "The more, the merrier" နှင့်၎င်း ဆင်တူ၍ "He travels fastest, who travels alone" နှင့် ဆန့်ကျင်ပါသည်။ 47. Full cup, steady hand. (Used especially to caution against spoiling a comfortable or otherwise enviable situation b y careless action.) အမှု ကိစ္စများကို ပြုလုပ်ဆောင်ရွက်ရာတွင် သတိကြီးစွာစွဲဆောင်သင့်ကြောင်းသတိပေးသွန်သင်သောစကားဖြစ်ပါသည်။ 48. He gives twice who gives quickly. သဒ္ဒါတရားထက်သန်သူသည်၊ ငွေကြေးပစ္စည်းတို့ကိုစွန့်လွှတ်လှူဒါန်းပေးကမ်းရာတွင် ကပ်ငြိခြင်းမရှိဘဲရက်ရောသည်ကိုဆိုလိုပါသည်။ 49. God helps them that help themselves. ဗုဒ္ဓဘာသာတရားတွင်လည်း "ကိုယ့်ကိုကိုယ်သာ၊ ကိုးကွယ်ရာ" ဟူ၍ မြတ်ဗုဒ္ဓကမိန့်ဆိုထားပါသည်။ 50. You can’t lose what you never

စကားပုံ

Image
13 ADMIN ဆိုရိုးများနှင့် စကားပုံများ (Sayings and Proverbs) (အပိုင်း ၂) by  Myanmar Network Forum Moderator3 Mar 13, 2014 ယခင်အပိုင်းမှ အဆက် -  ဆိုရိုးများနှင့် စကားပုံများ (Sayings and Proverbs) ဘာသာစကားတိုင်းတွင် စကားပုံများနှင့် ဆိုရိုးစကားများကို ရှေးလူကြီးများက ထားရစ်ပါသည်။ အောက်ဖော်ပြပါ proverbs and saying များသည် Oxford Dictionary of Proverbs မှ ကောက်နှုတ်ချက်များဖြစ်ပါသည်။  ဆိုရိုးစကားများမှာ လူ့လောကတွင် ဆောင်ရန်၊ ရှောင်ရန်များ နှင့် အချို့မှာ မြန်မာ့ဆိုရိုးများတွင်လည်း ရှိကြောင်းတွေ့ရှိရပါသည်။ အချို့မှာ သံဝေဂ ယူစရာ ကောင်းပါသည်။ မှတ်သားနာယူဖွယ် ကောင်းသော ကောင်းနိုးရာရာ ဆိုရိုးစကားများကို ရွေးချယ် တင်ပြထားပါသည်။  စာရေးသူထက် ပို၍ မြန်မာဆိုရိုး စကားပုံများကို ကျွမ်းကျင်မည့် သူများရှိမည်ဟု ယုံကြည်ပါသည်။ သို့ဖြစ်ပါ၍ စာရေးသူ၏ ရေးသားချက်များတွင် အမှားပါရှိခဲ့လျှင် အပြုသဘောဖြင့် ပြုပြင်ပေးပါရန် ပန်ကြားပါသည်။ ဤဆောင်းပါးသည် သိရှိသမျှကို ဝေမျှပေးနေခြင်းဖြစ်သဖြင့် စာဖတ်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အလားတူ စကားပုံ၊ ဆိုရိုးများရှိပါက ထပ်ဆင့် တင်ပြပေးကြပါရန် ဖိတ်ခေါ်ပါသည်

စကားပုံ

1. Actions speak louder than words.  ကိုယ့်အမူအရာဖြင့် ဖော်ကျူးခြင်းသည် နှုတ်ဖြင့် ပြောဆိုသော စကားထက် ပိုမိုတွင်ကျယ်အရာရောက်ကြောင်းကို ဆိုလိုပါသည်။ နှုတ်ဖြင့် ပြောဆိုရာတွင်လည်း ချိုသာယဉ်ကျေးစွာ ပြောဆိုခြင်း၏ အရေးကြီးပုံကို "နှုတ်ချိုသျှိုတပါး" ဟု မြန်မာတို့က ဆိုကြပါသည်။ ဤစကားပုံများသည် ကိုယ်ဖြင့် ပြုလုပ်သော အမှုကို ဖြစ်စေ၊ နှုတ်ဖြင့် ပြုလုပ်သော အမှုကို ဖြစ်စေ ပြုလုပ်ဆောင်ရွက်ရာတွင် သတိစွဲမိစေရန် သတိပေးထားသော စကားပုံများဖြစ်ပါသည်။  2. After a storm, comes a calm. မုန်တိုင်းထန်ပြီးနောက် ငြိမ်ကျသွားတတ်ခြင်းကို မြန်မာတို့က "မုန်တိုင်းစဲမူ၊ နေခြည်ရွှင်မြူး၊ လေပြေဖြူး" ဟု လောကတွင် ဆိုးချည်တစ်ခါ၊ ကောင်းချည်တစ်လှည့် ဖြစ်တတ်ပုံကို ဆိုပါသည်။  3. All good things must come to an end. ဘယ်ဟာ မတည်မြဲ၊ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်ပုံကို "အနိစ္စ - အမြဲမရှိ" မမြဲခြင်း သင်္ခါရတရား သဘောကို ဖွင့်ဆိုပြသခြင်းဖြစ်ပါသည်။ 4. He travels fastest who travels alone. "တစ်ယောက်ထဲနေ တစ်စိတ်ထဲထား" ဆိုသကဲ့သို့ အဓိပ္ပါယ်ရပါသည်။ "လူများပြီး ပွဲမစည်" ဆိုသကဲ့သို့၎င်း၊ "Too ma

စကားပုံ

4. Too many cooks spoil the broth. q) It can be unwise to have too many people collaborating on a project. " ဆရာများသားသေ" ဟူသော မြန်မာစကားနှင့် တူညီပါသည်။ 5. A stitch in time saves nine. b) Remedy any slight defects early before things start to get really bad. မြန်မာစကားပုံ "ပျက်အစဉ်၊ ပြင်ခဏ" နှင့် တူညီပါသည်။ 6. There’s many a slip twixt (=between) cup and lip. r)  Things can go wrong, even at the very last moment. အရာရာကို အစဉ်သတိနှင့် ယှဉ်တွဲနေစေရန် နောက်ဆုံးအဆင့်၌ပင် လွဲချော်နိုင်သဖြင့် "လှေပြိုင်ရာတွင် ပန်းမဝင်မီ တက်မထောင်စေရန်" သတိပေးဆုံးမစကား ကဲ့သို့ဖြစ်ပါသည်။ 7. All that glitters is not gold. m)  Do not be fooled by outward appearances. "ဝါဝါမြင်တိုင်း ရွှေမဟုတ်" ဟု တိုက်ရိုက်အဓိပ္ပါယ်ပြန်ဆိုပေါ်လွင်စေနိုင်ပါသည်။ 8. Don’t count your chickens before they are hatched. d)  It is best not to be too optimistic about the outcome of your projects. "မုန့်ဆီကြော်ဖြင့် ဘယ်နေမှန်းမသိ၊ နှုတ်ခမ်းနာဖြင့် တည့်ပါ့မလား"/"ဆောက်ဖြစ်