ဝတ္ထုတိုဟူသည်
#ဝတ္ထုတိုအင်္ဂါရပ်များ <> <> <> <> <> ဝတ္ထုတို၏ အင်္ဂါရပ်များကို - ၁။ ဇာတ်လမ်း ၂။ ဇာတ်ဆောင် ၃။ နောက်ခံဝန်းကျင် ၄။ ဝတ္ထုအတတ်ပညာနှင့်အရေးအသား ၅။ အာဘော် ဟု(၅)ချက် ခွဲခြား မှတ်သားရိုး အစဉ်အလာရှိခဲ့ပါသည်။ အင်္ဂလိပ်စာ ပါမောက္ခဒေါက်တာ ထင်အောင်က ဝတ္ထု အင်္ဂါ(၅)ရပ်ကို - ၁။ ဇာတ်လမ်း ၂။ လူ့သဘာဝအဖွဲ့ ၃။ ဇာတ်တည်ရာအချိန် ခေတ် နေရာ ဒေသ ၄။ လောကသဘာဝအဖွဲ့ ၅။ စာအရေးအသား ဟု လည်းကောင်း။ ဆရာမင်းယုဝေ၏ စာတမ်းဖတ်ပွဲတွင် - ``ရသစာပေတွင် ဝတ္ထုဟူသော အဖွဲ့၌ရှိသော အင်္ဂါရများမှာ ငါးမျိုးရှိသည်။ ယင်းတို့မှာ - ၁။ ဇာတ်လမ်း ၂။ ကာလဒေသပတ်ဝန်းကျင် ၃။ လူ့သဘာဝအဖွဲ့ ၄။ ဘဝပြဿနာ ၅။ အထွေထွေသရုပ်ဖော်အဖွဲ့ တို့ ဖြစ်ပါသည်။ ဤ အင်္ဂါရပ်များမှာ ဝတ္ထုတိုတွင်ဖြစ်စေ ဝတ္ထုရှည်တွင်ဖြစ်စေ ပါရှိကြပါသည်´´ ဟုဆိုထားရာ အနည်းငယ်ကွဲလွဲချက် ရှိပါသည်။ ထင်ရှားသောကွဲလွဲချက်မှာ ဒေါက်တာထင်အောင်၏အဆိုနှင့် မင်းယုဝေ၏အဆိုတို့၌ ဦးတည်ချက်ကို ထည့်ပြောမထားခြင်း ဖြစ်ပါသည်။ ဒေါက်တာထင်အောင်၏အဆိုမှ လောကသဘာဝအဖွဲ့။ မင်းယုဝေ၏အဆိုမှ ဘဝပြဿနာတို့ကို ဦးတည်ရည်ရွယ်ချက်/ဘဝအမြင်ဖြင့်ယူသော် လိုရာသို့ဆဲ