Posts

Showing posts from June, 2019

ဩဝါဒ

▬▬▬▬▬▬ஜ۩۞۩ஜ▬▬▬▬▬ "ဆရာတော်ကြီး များ"၏ "လိုတိုရှင်း သြဝါဒတော်များ" ▬▬▬▬▬▬ஜ۩۞۩ஜ▬▬▬▬▬ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬ "ပြောလွယ် ယုံလွယ် မဖြစ်ကြစေနဲ့" ▬▬▬▬▬▬▬▬▬▬▬▬▬▬▬ -အပြောကောင်းတိုင်း  -နာမည်ကြီးတိုင်း  "ဟုတ်တယ်"လို့ မထင်နဲ့။  ခုခေတ်မှာ- "အတုအယောင်"တွေဘက်  ပါသွားတတ်တယ်။  ဘုန်းကြီးတို့ "ဂေါတမဗုဒ္ဓ"လက်ထက်က, "ဘုရား"တွေ ခဏခဏပေါ်နေတော့- "ဗေဒင်"အတတ် တစ်ဘက်ကမ်းခတ်နဲ့  "ပေါက္ခရသာတိပုဏ္ဏားကြီး"က သူ့တပည့်"အမ္ဗဋ္ဌ"ကို  စုံစမ်းလွှတ်တယ်။ "အမ္ဗဋ္ဌ"စုံစမ်းရာမှာ- "ဗုဒ္ဓအစစ်"ဖြစ်တာတောင် "(၃)နှစ်"စုံစမ်းရတယ်။  အဲသလို သေသေချာချာစုံစမ်းမှ, "အစစ်အမှန်"ကို တိတိကျကျ သိရတယ်။  -ပြောလွယ်  -ယုံလွယ် မဖြစ်ကြစေနဲ့။  ကြပ်ကြပ်သတိထားကြ။  ပညာရှိတွေနဲ့ တိုင်ပင်မေးမြန်းစိစစ်ကြ။ "ဘုရားရှင်"တောင် "သိဒ္ဓတ္ထမင်းသား" ဘဝ က  "ဈာန်(၈)ပါး"ရတဲ့ "အာဠာရ ရသေ့"ထံ  ရောက်သွားသေးတယ်။  ဒါပေမယ့် "ပါရမီရှင်"ဖြစ်လို့- "သူတို့အကျင့်ဟာ နိဗ္ဗာန်ရောက် ကြောင်းတရား မဟုတ်ကြောင်း"ကို စ

စာစီစာကုံး

စာစီစာကုံး ​ရေးရာမှာ အကြမ်းအားဖြင့်​ ခွဲနိုင်​တဲ့ (၃) ပိုင်း က​တော့  အစ(နိဒါန်း)၊ အလယ်​ (စာကိုယ်​) နဲ့ အဆုံး(နိဂုံး)  ဖြစ်​ပါတယ်​။ အစမှာ ​ပေးထားတဲ့ ​ခေါင်းစဉ်​ကို ရှင်းပြရမယ်​။ တစ်​နည်း ​ခေါင်းစဉ်​ကို အဓိပ္ပါယ်​ဖွင့်​ဆို​ပေးရမယ်​။ အလယ်​မှာ အထက်​က ဖွင့်​ဆိုချက်​နဲ့ ပတ်​သက်​ပြီး အ​ထောက်​အထားများနဲ့တကွ တင်​ပြရပါမယ်​။ လိုအပ်​သလို ချဲ့ထွင်​​ရေးသားရပါမယ်​။ အဆုံးမှာ​တော့ ​ခေါင်းစဉ်​ နဲ့ မိမိရှင်းလင်းခဲ့မှုများအရ မည်​သို့ဖြစ်​သင့်​တယ်​ဆိုတဲ့ ထင်​မြင်​ယူဆချက်​ မှတ်​ချက်​၊ ​ကောက်​ချက်​​ဆွဲ ​ရေးသား​ပေးရပါမယ်​။ စာစီစာကုံးကို အနုစိတ်​အားဖြင့်​ (၅) ပိုင်း ခွဲခြား​ရေးသားနိုင်​ပါတယ်​။ (၁) ပဋိညာဉ်(နိဒါန်း) ​ခေါင်းစဉ်​ကို စတင်​ဖွင့်​ဆို​ရေးသားရမယ်​။ ဝါကျ တစ်​​ကြောင်းတည်း ဖြစ်​နိုင်​သလို စာတစ်​ပိုဒ်​တည်းလည်း ဖြစ်​နိုင်​တယ်​။ အ​ကြောင်းအရာ​ပေါ် မူတည်​ပြီး စာပိုဒ်​ အနည်းအများ ကွဲပြားနိုင်​​ပေမယ့်​ စာတစ်​ပိုဒ်​တည်းနဲ့ ပြည့်​စုံ​အောင်​ ပဋိညာဉ်​ခံခြင်းသာ အ​ကောင်းဆုံး ဖြစ်​တယ်​။ (၂) ဟိတ်​ (အ​ကြောင်းပြစကား) ပဋိညာဉ်တစ်​နည်း နိဒါန်းကို ချဲ့ထွင်​ ​ရေးရမယ်​။ အ​ကြောင်းပြချက်​​တွေ ​ပေးရမယ်​။  ဝါ