Posts

Showing posts from August, 2018

အနာယက

ခေါင်းဆောင် မတင်ထိုက်သူများ “ဂဏန်း၊ ပုတ်သင်၊ ကိုင်းပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။” ၁။ ဂဏန်း = လက်မ ထောင်ခြင်း  ၂။ ပုတ်သင် = ပြောသမျှ ခေါင်းငြိမ့်ခြင်း ၃။ ကိုင်းပင် = လေသင့်ရာ ယိမ်းတတ်ခြင်း  ၄။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်ခြင်း  ၅။ လိပ်မျိုး = မိမိဘက်သို့ ယက်တတ်ခြင်း  ၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက။ ၁။ ဂဏန်း ဂဏန်းနဲ့ တူတဲ့ လူစားမျိုးတဲ့။ ဂဏန်းဆိုတဲ့ ကောင်ဟာ အမြဲတမ်း လက်မတစ်ထောင် ထောင်နဲ့ ရှိတတ်ပါတယ်။ ငါမှတတ်တာ၊ မင်းတို့က ဘာမှ သိတာမဟုတ်ဘူး။ ငါ့ဆရာ လာမလုပ်နဲ့ ဆိုတဲ့ လူစားမျိုးပါ။ အောက်လက်ငယ်သားကို ကျွန်လို ဆက်ဆံတတ်တဲ့ သူမျိုးကို ဆရာ မတင်ထိုက်ဘူး။ ၂။ ပုတ်သင် ပုတ်သင်လို လူစားမျိုးတဲ့။ ဒီကောင်ကတော့ ကိုယ်ပိုင်အရည်အချင်းဘာမှ မရှိပါဘူး။ သူများပြောတိုင်း ခေါင်းညိတ်တယ်၊ ဘယ်သူက ပြောပြော “အေးလုပ်လိုက်ဆိုတာချည်းပဲ”။ အဲဒီလိုလူမျိုး ဆရာ တင်မိပြန်ရင်လည်း ငါးပါးမကဘူး။ ဆယ့်ငါးပါး လောက်မှောက်ရော။ ၃။ ကိုင်းပင် ကိုင်းပင်လို လူစားမျိုးတဲ့။ ဒီလူကတော့ ခပ်ညံ့ညံ့လူစားမျိုး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘူး။ကိုယ်ပိုင်ရပ်တည်မှု မရှိဘူး၊ နေရာတကာ ရေလိုက် ငါးလိုက်ဆု

နှလုံးသားမှာ ဘုရားတည်

"နှလုံးသားမှာ ဘုရားတည်" အိုးမဖုတ်ခင် ၊ အိုးလုပ်စဉ်ဝယ် အိုးတွင်နှိပ်ခတ် ၊ တံဆိပ်မှတ်ကား မပြတ်မစဲ ၊ အိုးပင်ကွဲလည်း အမြဲတစေ ၊ တည်ရှိနေသို့ ။ ထွေထွေသွေးသား ၊ ကလေးများ၌ ဘုရားတံဆိပ် ၊ ဘာသာစိတ်ကို ခတ်နှိပ်နိုင်မှ ၊ သက်ဆုံးကျအောင် ဗုဒ္ဓဝါဒီ ၊ စွဲ၍တည်မည် ကိုယ်စီခပ်နိုပ်နိုင်စေသတည်း။                    (မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံသ)

ဗဟုသုတ

လှိုင်မြို့နယ်၏ သမိုင်းကြောင်း *************************** ရှေးက လှိုင်နယ်မြေ ============ လှိုင် ဟူသော ဝေါဟာရသည် မွန်ဘာသာအမည် ပီးလိုင် မှဆင်းသက်လာပြီး ရေများစိမ့်ထွက် ပန်းထွက်ခြင်း ဟုအဓိပ္ပယ်ရပါသည်။ တိုက်ကြီးမြို့နယ် အတွင်း ပဲခူးရိုးမတောင်စွယ်ထက်မှ မြစ်ဖျားခံလာသော လှိုင်မြစ်သည် ရန်ကုန်ုမြစ်အတွင်း စီးဝင်ခဲ့ရာ လှိုင်မြစ်ကို အစွဲပြု၍ လှိုင်ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။ ကုန်းဘောင်ခေတ် လှိုင်နယ်မြေ ================== အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲကာလအတွင်း ၁၈၂၅ ခုနှစ်တွင် ချီတက်တိုက်ခိုက်ခဲ့သူ ဝီလဆင်(Wilson) ၏ မှတ်တမ်းအရ လှိုင်နယ်မြေမှာ ထိုစဉ်က ရွံ့နွံများ၊ ရေဝပ်သော လယ်ကွင်းများနှင့် တောအုပ်ကလေးများ ပြည့်နှက်နေကြောင်း သိရှိရပါသည်။ ကမာရွတ်ခံတပ်ကြီး၏ မြောက်ဘက် မလှမ်းမကမ်းတွင် ရှိသော လှိုင်နယ်မြေမှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ အတွင်း စစ်မြေပြင် ဖြစ်ခဲ့သည်။ စစ်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်သူကြီး မဟာဗန္ဓုလသည် ယခုတပ်တွင်းကျောင်း နေရာ၌ သစ်လုံးများကာရံလျှက် ခံတပ်ဆောက်လုပ်ကာ စခန်းချ နေထိုင်ခဲ့ဖူးပါသည်။ ကိုလိုနီခေတ် လှိုင်နယ်မြေ =============== လှိုင်နယ်မြေကို ကိုလိုနီခေတ်က အင်းစိန်မြို့နယ်အဝင် ကမာရွတ်မြို့မ (Kamayut Town Commi

အတို​ကောက်​ မှတ်​စု

``အသုံးများသော  အတိုကောက် စာလုံးများ၏          အဓိပ္ပာယ်´´ ( 1.) No. ဆိုသည့် အတိုကောက် စာလုံး။    ***No.ဆိုတာ  Number ရဲ့ အတိုကောက်ပါ။ ဒီနေရာမှာ  Number ကို အတိုကောက်ယူရင်  Nu(သို့)Nr ဖြစ်သင့်တယ်။  Number မှာ O မပါဘဲနဲ့  No. လို့ ဘာကြောင့်ဖြစ်ရသလဲဆိုတာ စဉ်းစားစရာပါ။  Number ဆိုတာ အင်္ဂလိပ် ဝေါဟာရပါ။  ၄င်းဝေါဟာရက  လက်တင်စကားလုံး Numero က လာတယ်။  အဲဒီလက်တင် ဝေါဟာရရဲ့  အစနဲ့နောက်ဆုံး စာလုံးကို  အတိုကောက်ယူလိုက်တော့  Numero ကနေ No လို့ဖြစ်သွားတယ်။                    ``နံပါတ်´´ဆိုတဲ့ Number ရဲ့  အရင်းခံ လက်တင်ဝေါဟာရက Numberus ဖြစ်တယ်။  အဲဒီဝေါဟာရရဲ့ ဝေါဟာရအပွား ဖြစ်တဲ့  Numero ၏အဓိပ္ပာယ်ဟာ  ``နံပါတ်အနေနှင့်/ နံပါတ်အားဖြင့်´´ ဖြစ်ပါတယ်။  အင်္ဂလိပ်လိုဆို in number ဖြစ်ပါတယ ``နံပါတ်´´တွေဆိုတာ အရေအတွက်ရဲ့ သင်္ကေတပါပဲ။  အဲဒီတော့ ``အရေအတွက်များသော´´ဆိုတဲ့  adj ပုဒ်က အင်္ဂလိပ်လို Numerous ဖြစ်တယ်။ လက်တင် ပင်ရင်းဝေါဟာရအတိုင်းပါပဲ။  စာလုံးပေါင်းနည်းနည်းကွဲတယ်။  ******အနှစ်ချုပ်က *Numberus(လက်တင်)=နံပါတ် (မြန်မာလို)                                     =Number(အင်္ဂလိပ်လို) *Numero(လက်တင်)=နံပါတ်အားဖြင့်(မြန်မာ)

ရာမဇာတ်​အ​ကြောင်း

ရာမာယဏ ရာမာယဏ (သသင်္ကရိုက်: रामायण) သည် သက္ကတ ဘာသာဖြင့်ရေးသားခဲ့သော စွန့်စားခန်း ကဗျာရှည်ကြီးဖြစ်ပြီး ဘီစီ ၄၀၀ နှင့် ၂၀၀ ကြားတွင်ပြန်လည် ပေါင်းစည်း တည်းဖြတ် ထားသည်ဟု ယူဆရသည်။ ရာမာယဏဆိုသည်မှာ "ရာမ"နှင့် "အယာဏ" ဟူသော စကားလုံး နှစ်လုံးကို ပေါင်းစည်း ထားခြင်းဖြစ်ပြီး "ရာမ၏ခရီး" ဟုအဓိပ္ပာယ် ရသည်။ အစဉ်အလာမှတ်တမ်းများ အရရေးသားစီရင် ခဲ့သူမှာ ပညာရှိကြီး ဝမ္မီကိရသေ့ကြီး Valmiki ဖြစ်သည်ဟု ယုံကြည်ကြပြီး ဟိန္ဒူဘာသာ၏ အရေးပါလှသော ကျမ်းဂန်တစ်ခုဖြစ်သည်။ ဝမ္မီကိရသေ့ကြီး၏ ရာမယဏသည် ကမ္ဘာပေါ်တွင် ပုံစံအမျိုးမျိုးဖြင့် ပြန့်ပွားလျှက်ရှိသော ရာမယဏ ဇာတ်လမ်းများ၏ မူရင်းလည်းဖြစ်သည်။ ရာမာယဏအား အပိုဒ်ပေါင်း နှစ်သောင်းလေးထောင်၊ အခန်းကဏ္ဍပေါင်း ငါးရာနှင့် ကျမ်းခုနှစ်ကျမ်းတို့ဖြင့် ဖွဲ့စည်းထားပြီး ၃၂ လုံးစပ် ဟန်ဖြင့် ရေးဖွဲ့ထားသည်။ ရာမာယဏသည် အိန္ဒိယ စာပေယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းအား များစွာလွှမ်းမိုးရုံ သာမက မဟာဗြရတ္တ ကဲ့သို့ပင် ဟိန္ဒူဂုရုကြီးများ၏ သွန်သင်ဆုံးမမှု ဓမ္မအား ညွှန်ပြသည့် ဘာသာရေး ကျမ်းတစ်စောင်လည်းဖြစ်သည်။ ဤဇာတ်လမ်းပါ ဇာတ်ကောင်များ ဖြစ်သော ရာမ၊ လက္ခဏာ၊ သီတာ၊ ဟာနုမန် စသည်တို့မှာ စံပြ သားယောက်ျာ

စာအုပ်​စာ​ပေ

🍂ကဗျာစာအုပ်လင့်များ ၁၃အုပ်🍂 ၁။ ကဗျာဖွဲ့နည်းနိသျည်း     〰〰〰〰〰〰〰 ဦးတင့်ဆွေ 92.90 MB https://drive.google.com/file/d/1uob3Arvj0rHy0PCPrCQXSz9LonZ4IVid/view?usp=drivesdk ၂။ ကဗျာလင်္ကာ နှင့် နည်းဥပစာ (အကျယ်ဖွင့်ကျမ်း)     〰〰〰〰〰〰〰〰〰〰〰〰〰〰 နှစ်ဖက်လှ https://drive.google.com/file/d/1GiQLkma_IrfZhQFLM59i5Hb-ZrPUKqO2/view?usp=drivesdk ၃။ ကဗျာပေါင်းချုပ်     〰〰〰〰〰 ဆရာဇော်ဂျီ https://drive.google.com/file/d/1BNzFEzKIq77XBSJj9HGkfQYE06HVomyM/view?usp=drivesdk ၄။ ကဗျာ့ဘူကေး      〰〰〰〰 မောင်သော်က https://drive.google.com/file/d/1eEY2kRBcby65c5dXUaAMNg1qO_awAu_8/view?usp=drivesdk ၅။ ကဗျာ့နရီ နှင့် နိမိတ်ပုံ      〰〰〰〰〰〰 မြဇင် https://drive.google.com/file/d/1uMGHgVPu-HCu02jX7rk4Bi6gLh4rVCmG/view?usp=drivesdk ၆။ စိတ်ကြိုက်မြန်မာစာ မြန်မာကဗျာဖွဲ့နည်း       (အခြေခံပညာ အထက်တန်း)   〰〰〰〰〰〰〰〰〰〰〰〰〰〰〰 ကဗျာဆရာတင်မိုး https://drive.google.com/file/d/1Bfkcpz7DFpkc7ZV3x7HhMVxH1BPzWfP5/view?usp=drivesdk ၇။ ကဗျာ့အုတ်မြစ် စနစ်သစ်      〰〰〰〰〰〰〰 အရှင်ကုမာရ https://drive.google.com/file/d/1HbqlKY_yoJ59LrQ-GTyvlTy5YjpuQUHg/

ကိုယ်​ကျင့်

လူမိုက်စာရင်း မဝင်အောင်  အဂတိလေးပါး ကိုရှောင် ******************* ♦️၁။ "ဆန္ဒာဂတိ"    ********** မတရားမှန်းသိပေမယ့် ကိုယ်ချစ်ခင်တဲ့ သူတွေကို မျက်နှာလိုက်ချင်တာနဲ့  တရားတဲ့ အတိုင်းမလုပ်ပဲ  မတရားပြုတာဟာ "ဆန္ဒာဂတိ"  ♦️၂။ "ဒေါသာဂတိ"     *********** ကိုယ်မုန်းနေတဲ့သူတွေ  ကိုယ်နဲ့ မတည့်တဲ့သူတွေကို နှိပ်ကွပ်ဖို့ လုပ်နေတာ  မတရားပြုတာဟာ "ဒေါသာဂတိ" ♦️၃။ "မောဟာဂတိ"      ********** အကြောင်းလား။ အကျိုးလား။ အကောင်းလား။ အဆိုးလား။ မှားသလား။ မှန်သလား။ လုပ်ပေးထိုက်သလား။  လုပ်မပေးထိုက်ဘူးလား။ ဘာမှမသိဘူး။ မှန်းရမ်းပြီးတော့ မတရားမှုလုပ်တာဟာ "မောဟာဂတိ"  ♦️၄။ "ဘယာဂတိ"    ********** မဟုတ်မှန်းလဲ သိတယ်။  မကောင်းမှန်းလဲ သိတယ်။ မလုပ်ထိုက်ဘူးဆိုတာလဲ သိတယ်။ ဒါပေမယ့် "အမိန့်" ဆိုတော့ ကြောက်လွန်း လို့တဲ့။ ကြောက်ကြောက်နဲ့ မတရားမှုပြုလုပ် နေကြတာတွေ အကုန်လုံး "ဘယာဂတိ" အဲဒီတော့ လောကကြီးမှာ အဂတိလေးပါး  မလိုက်စားဘူးဆိုတဲ့ ပုဂ္ဂိုလ်ဟာ တော်တော် ရှားလိမ့်မယ်။ ကြောက်ပြီးတော့ အမှန်အတိုင်း  တရားတဲ့အတိုင်း မလုပ်ဘူးဆိုရင်လဲ  ဒါ "အဂတိ"လို

အတ္ထုပ္ပတ္တိ

မြကေတု၊ ပါမောက္ခ - ဦးချမ်းမြ (၁၉၀၈- ၁၉၉၇) ============================ တောင်ငူ ဇာတိ ဈေးတန်းဟောင်းရပ်တွင်နေထိုင်ခဲ့ ။ အမည်ရင်း - ဦးချမ်းမြ ကလောင်အမည် - မြကေတု တောင်ငူသစ်ကုန်သည်၊ ဖခင်- ဦးဘိုးရင်၊ မိခင် - ဒေါ်စိမ်း တို့မှ ၊ ၁၉၀၈ နှစ် တွင်မွေးဖွား ရန်ကုန်တက္ကသိုလ်တွင် ပညာဆည်းပူး ၁၉၃၅ မြန်မာစာဌာန တွင် နည်းပြတာဝန်ထမ်း ၁၉၅၁ - ရက မှ မန်းသို့ ပြောင်း ရန်ကုန် တက္ကသိုလ် စတင်တည်ထောင်သူ ပါမောက္ခ ဦးဖေမောင်တင် နှင့် ဦးဧမောင် တို့၏ တပည့် အသားဖြူ၊ မပိန်မ၀၊ အရပ်မပု၊ မရှည်၊ရုပ်ရည် တည်ငြိမ် ခံ့ညားသည်။ စတစ်ကော်လာ၊ ရှပ်အကျီင်္ဖြူလက်ရှည်၊ တိုက်ပုံ အမြဲဝတ်လေ့ရှိ။ နတ်သျှင်နောင် ရတုများသင်လျှင် တိုက်ပုံ(အစိမ်းနု) သို့မဟုတ် ၊ (အ၀ါနု)၊ ပိုးတွဲလုံချည်၊ အင်းလေးလုံချည် အစိမ်းနု(၀ါ) အ၀ါ နု၊ ကတ္တီပါ ဖိနပ်အစိမ်း ၀တ်ဆင်လေ့ရှိ ။ ၁၉၃၀ မှ စတင်၊ မြကေတု အမည်ဖြင့် စာပေဆောင်းပါးများရေးသားခဲ့။ တောင်ငူရာဇ၀င် အကျဉ်းချုပ် နှင့် ဘုရားသမိုင်း (၁၉၆၂) အထူးသဖြင့် နတ်သျှင်နောင် သစ္စာမဖောက် အခန်းဆက် ဆောင်းပါးများ ရေးသား။ ထုတ်ဝေခဲ့သောစာအုပ်စာပေများ ဦးယာ ၏ ဆယ့်နှစ်လ ရာသီ လူးတား ((၁၉၄၁) ၁ ။ ကဗျာယဉ် စာယဉ်လက်ရွေးစင်(စုစည်းထုတ်ဝေ)(၁၉၅၈- ၁၉၆၁)

စာအုပ်​စာ​ပေ

#ဆရာမြကတုစာအုပ်များ စုစည်းမှု(၁၀)အုပ် မြကေတု - မိုးနှောင်းသံထင်.pdf https://yadi.sk/i/YTsHcF4cyS6W3 မြကေတု - သီပေါမင်း၏အင်္ဂလိပ်ကျောင်းသားဘဝ.pdf https://yadi.sk/i/5YNtFxCuyS6W5 မြကေတု - တုသော်တုစေ မတူစေနှင့်.pdf https://yadi.sk/i/kmdPBpFuyS6Vr မြကေတု - ရှေးခေတ်တက္ကသိုလ်နှင့်ပညာရပ်များ.pdf https://yadi.sk/i/mo0RBS8byS6WD မြကေတု - ထန်းရည်မူးသံချို.pdf https://yadi.sk/i/ctccwWPXyS6Vv မြကေတု - ပုဂံမင်းသားနှင့်လယ်သူမမိအံ့ကြီး.pdf https://yadi.sk/i/lJLqogC1yS6Vz မြကေတု - အင်းဝခေတ်ရုပ်သေးနှင့်တူရိယာပညာသည်များ.pdf https://yadi.sk/i/qwfpArMNyHzDp မြကေတု - ဆွေမျိုးပေါက်ဖော်.pdf https://yadi.sk/i/fg-6ZDZuyS6W9 ဘုရားကျွန်ဘဝသမိုင်းနှင့် လွတ်မြောက်ရေး (မြကေတု) နန်းဓလေ့မှတ်တမ်းများမှ ထုတ်နုတ်သည်။ https://m.facebook.com/groups/438298642920274?view=permalink&id=700565683360234 နန်းဓလေ့မှတ်တမ်းများ https://www.mediafire.com/file/g4gy4k5qx5f4drd/%E1%80%BB%E1%80%99%E1%80%B1%E1%80%80%E1%80%90%E1%80%AF-%E1%80%94%E1%80%94%E1%80%B9%E1%80%B8%E1%80%93%E1%80%B1%E1%80%9C%E1%80%B8%E1%80%99%E1%80%BD%E1%80%90%E1%80

ဗဟုသုတ

လူငယ်များအတွက် ဦးသန့်၏  တန်ဖိုးမဖြတ်နိုင် တဲ့ စကား (၅)ခွန်း ______________________________ ၁။ ရည်ရွယ်ချက် ရှိပါ လောက၌ ရည်ရွယ်ချက် မရှိသောသူသည် မည်သည့် အရေးသို့ သွားရန် မသိသေးသော ခရီးသည်နှင့် တူ၏။ ကြီးပွားလိုသော လူတိုင်း ၌  ရည်ရွယ်ချက် ရှိရမည်။  သုံးလူ့ထွတ်ထား သဗ္ဗညုဘုရားပင်လျှင် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ကြိုးစား အားထုတ်တော်မူခဲ့ ပေသည်။  မည်သူမဆို ငယ်စဉ်ကပင်  မှန်းခြေတစ်ခု ရှိရမည်။  မှန်းခြေရှိသော လူတို့သည် မိမိတို့ လုပ်ငန်း၌ လွယ်ကူသည်သာမက မှန်းခြေ မရှိသော သူထက် မနှိုင်းယှဉ်သာအောင် ကြီးပွားကြလေသည်။ ၂။ သူများနှင့် မတူအောင် လုပ်ပါ ထိုအချက်သည် ဆန်းဆန်းဖြစ်သည်။  သို့ရာတွင်  စေ့စေ့တွေးသော် ကြီးပွားသော သူတို့၏ လက်သုံး အချက်ကြီး ဖြစ်သည်။  သူများကဲ့သို့ လုပ်လျှင် သူများကဲ့သိုပင် ဖြစ်မည်။ သူများနှင့် မတူအောင် လုပ်လျှင် သူများနှင့် တူမည် မဟုတ်ချေ။  မြတ်စွာဘုရားသည် ခပ်သိမ်းသော သူတို့နှင့် မတူအောင် အားထုတ်တော်မူခဲ့၍ သူများနှင့် မတူသော သဗ္ဗညုအဖြစ်သို့ ရောက်ရှိခဲ့ပေသည်။ ၃။ အများ သဘောကို မလိုက်နှင့် အများသဘောသည် အမှားပေါ၏။ လောက၌ ပညာ ရှိသောသူနှင့် မရှိသောသူ အရေအတွက်ကို နှိုင်းယှဉ်ကြည့်လျှင် ပညာ ရှိသူ

၂၀၁၇_၂၀၁၈ ပညာသင်​နှစ်​ မြန်​မာစာဘာသာရပ်​အသင်း အာစရိယပူ​ဇော်​ပွဲ အတွက်​ အစည်းအ​ဝေး

Image

စာစီစာကုံး အ​ကြောင်း

ရန်ကုန်တက္ကသိုလ် မြန်မာစာပါမောက္ခ၏ စာစီစာကုံးလမ်းညွှန်ချက် 🌻🌹🌻🌹🌻🌹 ၆(က) စာစီစာကုံးမေးခွန်းတွင် အချက်အလက် ၅ ချက်သာ ပေးထားပြီး အချက်အလက် တစ်ခုအတွက် ပေးမှတ် ၂ မှတ် သတ်မှတ်မည် ဖြစ်ကြောင်း၊ ၂ မှတ်တန် အချက်အလက်အတွက် ၂ မှတ်နှင့် သင့်လျော်မည့် ပမာဏသာ ဖြေရန် လိုမည် ဖြစ်ကြောင်း၊ ပေးထားသော အချက်၅ ချက်အနက် ပထမအချက်သည် နိဒါန်းပျိုး အစပြုရန် ဖြစ်ကြောင်း၊ ကျန်သုံးချက်သည် စာကိုယ်အတွက် ဖြစ်ပြီး နောက်ဆုံးအချက်သည် နိဂုံးချုပ် အဆုံးသတ်ရန် ဖြစ်ကြောင်း၊ ထို့ကြောင့် ၂ မှတ်တန် အချက်တစ်ချက်အတွက် စာတစ်ပိုဒ်နှုန်းဖြင့် စာပိုဒ် ၅ ပိုဒ်သာ လိုအပ်ကြောင်း၊ အကယ်၍ နိဒါန်း နှင့် နိဂုံးကို အချက်၅ ချက်စလုံး ပါဝင်အောင် ရေးသားလိုပါက စာပိုဒ် ၇ ပိုဒ် ရေးနိုင်ကြောင်း၊ ထိုထက်ပို၍ ရေးရန် အကြောင်းမရှိကြောင်း၊ ယခင်လို ပမာဏကို အားပြုပြီး များများရေးနေပါက အချိန်ကုန်ပြီး အမှတ်ဆုံးရှုံးသွားနိုင်ကြောင်း၊ ပုံစံသစ် စာစီစာကုံးတွင် ပမာဏသည် အဓိကမဟုတ်တော့ဘဲ အနှစ်သာရသည်သာ ပဓာနဖြစ်ကြောင်း။ ( ၆-၈-၂၀၁၈ နေ့တွင် အထက(၃) ကြည့်မြင်တို