Posts

Showing posts from October, 2017

ပုံရိုး

"မှတ်သားဖွယ်ရာ ရှေးထုံးစဉ်လာစကားပုံများ" 💬💬💬💬💬💬💬💬💬💬💬 တချို့ စကားပုံသာ ကြားဖူးပြီး အဓိပ္ပါယ်မသိကြသေးသူများ သိရှိနားလည် စေရန် အဓိပ္ပါယ်နှင့်တစ်ကွ တင်ပေးလိုက်ပါတယ်ရှင်.... ▶ ကျတိုင်းလည်း ကုန်း၍ မကောက်နှင့်။ ရတိုင်းလည်း သုံး၍ မဖျောက်နှင့်။ ◀ ကျတိုင်းကောက်လျှင် လူရယ်သည်။ ရတိုင်းဖျောက်လျှင် ဖြူလွယ်သည်။ ▶ ကံပင်ရှိသော်လည်း ဝီရိယချွတ်တတ်သည်။ ဥာဏ်ပင်ရှိသော်လည်း သတိက လွတ်တတ်သည်။ ◀ ကံပင်ရှိသော်လည်း ဝီရိယက ကူရသည်။ ဥာဏ်ပင်ရှိသော်လည်း သတိကမူရသည်။ ▶ ကံရှိမှ ထင်ပေါ်သည်။ ဥာဏ်ရှိမှ မြင်မြော်သည်။ ◀ ကံမရှိက မထင်ပေါ်။ ဥာဏ်မရှိက မမြင်မြော်။ ▶ မထင်ပေါ်လျှင် ငုပ်တတ်သည်။ မမြင်မြော်လျှင် ယုတ်တတ်သည်။ ◀ မငုပ်အောင် မယုတ်အောင် သူတော်ကောင်းတို့နှင့် ပေါင်းရမည်။ ▶ ကြင်တတ်မှ ရသည်။ ဆင်တတ်မှ လှသည်။ ◀ မကြင်တတ်က မရ။ မဆင်တတ်က မလှ။ ▶ ခရီးကိုလည်း အပြင်းမသွားနှင့်။ မီးကိုလည်း အကြွင်းမထားနှင့်။ ◀ ခရီးကို အပြင်းသွားက မှားတတ်သည်။ မီးကို အကြွင်းထားက ပွားတတ်သည်။ ▶ ချဉ်သည်ထင်ကာမျှ မယစ်နှင့်။ ယဉ်သည်မြင်ကာမျှ မချစ်နှင့်။ အင်သည်ထက်ကာမျှ မပစ်နှင့်။ ◀ ချဉ်တိုင်းလည်း သေရည်မဟုတ်။ ယဉ်တိုင်းလည်း ပြေသည်မဟုတ်။