ပုံရိုး

"မှတ်သားဖွယ်ရာ ရှေးထုံးစဉ်လာစကားပုံများ"
💬💬💬💬💬💬💬💬💬💬💬

တချို့ စကားပုံသာ ကြားဖူးပြီး အဓိပ္ပါယ်မသိကြသေးသူများ သိရှိနားလည် စေရန် အဓိပ္ပါယ်နှင့်တစ်ကွ တင်ပေးလိုက်ပါတယ်ရှင်....

▶ ကျတိုင်းလည်း ကုန်း၍ မကောက်နှင့်။ ရတိုင်းလည်း သုံး၍ မဖျောက်နှင့်။
◀ ကျတိုင်းကောက်လျှင် လူရယ်သည်။ ရတိုင်းဖျောက်လျှင် ဖြူလွယ်သည်။

▶ ကံပင်ရှိသော်လည်း ဝီရိယချွတ်တတ်သည်။
ဥာဏ်ပင်ရှိသော်လည်း သတိက လွတ်တတ်သည်။
◀ ကံပင်ရှိသော်လည်း ဝီရိယက ကူရသည်။ ဥာဏ်ပင်ရှိသော်လည်း သတိကမူရသည်။

▶ ကံရှိမှ ထင်ပေါ်သည်။ ဥာဏ်ရှိမှ မြင်မြော်သည်။
◀ ကံမရှိက မထင်ပေါ်။ ဥာဏ်မရှိက မမြင်မြော်။

▶ မထင်ပေါ်လျှင် ငုပ်တတ်သည်။ မမြင်မြော်လျှင် ယုတ်တတ်သည်။
◀ မငုပ်အောင် မယုတ်အောင် သူတော်ကောင်းတို့နှင့် ပေါင်းရမည်။

▶ ကြင်တတ်မှ ရသည်။ ဆင်တတ်မှ လှသည်။
◀ မကြင်တတ်က မရ။ မဆင်တတ်က မလှ။

▶ ခရီးကိုလည်း အပြင်းမသွားနှင့်။ မီးကိုလည်း အကြွင်းမထားနှင့်။
◀ ခရီးကို အပြင်းသွားက မှားတတ်သည်။ မီးကို အကြွင်းထားက ပွားတတ်သည်။

▶ ချဉ်သည်ထင်ကာမျှ မယစ်နှင့်။ ယဉ်သည်မြင်ကာမျှ မချစ်နှင့်။ အင်သည်ထက်ကာမျှ မပစ်နှင့်။
◀ ချဉ်တိုင်းလည်း သေရည်မဟုတ်။ ယဉ်တိုင်းလည်း ပြေသည်မဟုတ်။ အင်တိုင်လည်း သွေမည်မဟုတ်။

▶ ဂူပျက်ကိုလည်း မအောင်းနှင့်။ လူပျက်ကိုလည်း မပေါင်းနှင့်။
◀ဂူပျက်အောင်းက ပိတတ်သည်။ လူပျက်ပေါင်းက ငြိတတ်သည်။

▶ ဂေါဏမံသံလည်း မစားနှင့်။ ကောဓခြံရံလည်း မပွားနှင့်။
◀ ဂေါဏမံသံစားက မိဘသဖွယ် ဖြစ်ပေသည်။ ကောဓခြံရံပွားက အပါယ် နစ်ချေသည်။

▶ ငါးပိကိုလည်း ရှောင်ရမည်။ သတိကိုလည်း ဆောင်ရမည်။
◀ ငါးပိကို မရှောင်လျှင် သွားနာတတ်သည်။ သတိကို မဆောင်လျှင် များရှာတတ်သည်။

▶ စကားစကား ပြောပါများ စကားထဲက ဇာတိပြ၍ မာန်တံခွန်ထူတတ်သည်။
◀တရားတရား ဟောဖန်များ တရားထဲက ပါဋ္ဌိရ၍ ဒါနအလွန်လှူတတ်သည်။

▶ ဆရာပြောသမျှကို အပြီးမမှားလေနှင့်။ အနာရောဂါကို မကြီးပွားစေနှင့်။
◀ ဆရာပြောသမျှကို အပြီးမှားက မုချမှောက်တတ်သည်။
အနာရောဂါကို ကြီးပွားစေက ဒုက္ခရောက်တတ်သည်။

▶ ဆူးကိုလည်း မနင်းနှင့်။ ဗူးကိုလည်း မသွင်းနှင့်။
◀ ဆူးကိုနင်းက ဆူးတတ်သည်။ ဗူးကိုသွင်းက ရူးတတ်သည်။

▶ တရားကိုလည်း မလွန်စေနှင့်။ စကားကိုလည်း မကျွံစေနှင့်။
◀ တရားလွန်က ပျက်တတ်သည်။ စကားလွန်က ရှက်တတ်သည်။

▶ တရားဆိုသော် မဆန်နှင့်။ စကားဆိုသော် မချန်နှင့်။
◀ တရားဆန်လျှင် ရှုံးတတ်သည်။ စကားချန်လျှင် မုန်းတတ်သည်။

▶ တံတားအို မှောင်ခိုမလျှောက်နှင့်။ စကားဆို တောင်လိုမမောက်နှင့်။
◀ တံတားအို မှောင်ခိုလျှောက်က ကျိုးတတ်သည်။ စကားဆို တောင်လိုမောက်က ငြိုးတတ်သည်။

▶ ထင်တိုင်းလည်း နှိပ်၍ မဆိုနှင့်။ ဝင်တိုင်းလည်း သိပ်၍ မမျိုနှင့်။
◀ ထင်တိုင်း နှိပ်၍ ဆိုက ရန်စွယ်ပွားတတ်သည်။ ဝင်တိုင်းလည်း သိပ်၍ မျိုက အန္တရယ်များတတ်သည်။

▶ ထန်းလျက်နှင့် တူသလို ကျောက်ဖြူကိုလည်း မနမ်းနှင့်။
ကျွမ်းလျက်နှင့် မြူသလို အောက်သူကိုလည်း မစမ်းနှင့်။
◀ ထန်းလျက်နှင့် တူသလို ကျောက်ဖြူကိုနမ်းက ဖုန်ကပ်သည်။
ကျွမ်းလျက်နှင့် မြူသလို အောက်သူကိုစမ်းလျှင် ကုန်တတ်သည်။

▶ ဒုကိုပစ်၊ သုကိုချစ်။
◀ ဒုကိုမပစ်လျှင် နစ်တတ်သည်။ သုကိုမချစ်လျှင် လစ်တတ်သည်။
▶ ဒုကိုချစ်က အပြစ်များသည်။ သုကိုချစ်က အနှစ်ပါးသည်။
▶ ဒုကိုလည်း မချစ်ရာ။ သုကိုလည်း မပစ်ရာ။

🔻 ဓမ္မကိုလည်း မယွင်းစေနှင့်။ လောကကိုလည်း မပြင်းစေနှင့်။

▶ ပတ္တမြား မြူတပ်မြင်သည်ကို မစွန့်လေနှင့်။ အလကား လူလျှပ်ထင်မည်သို့ မရွံ့စေနှင်။
◀ ပတ္တမြားစွန့်လျှင် ဆုံးတတ်သည်။ အလကားရွံ့လျှင် မုန်းတတ်သည်။

▶ ပြာပုံကို မလူးနှင့်။ အာရုံကို မကြူးနှင့်။
◀ ပြာပုံလူးက ယားတတ်သည်။ အာရုံကြူးက မှားတတ်သည်။

▶ ဗုဒ္ဓဆာယာကို တွယ်ရမည်။ ရုပ်လှတာကို ပယ်ရမည်။
◀ ဗုဒ္ဓဆာယာကို တွယ်မှ အေးမြရာသည်။ ရုပ်လှတာကို ပယ်မှ ဘေးပကွာသည်။

▶ မကြော့မကြမ်း နုရမည်။ မသော့မသွမ်း ရှုရမည်။
◀ ကြော့ကြမ်းလျှင် မုန်းတတ်သည်။ သော့သွမ်းလျှင် ဆုံးတတ်သည်။

▶ မခိုင်ဘဲ မတက်နှင့်။ မပိုင်ဘဲ မဖက်နှင့်။
◀ မခိုင်ဘဲတက်က ကျတတ်သည်။ မပိုင်ဘဲဖက်က ပတတ်သည်။

▶ မခေါ်ဘဲ မသွားနှင့်။ မတော်ဘဲ မစားနှင့်။
◀ မခေါ်ဘဲသွားက လေတတ်သည်။ မတော်ဘဲစားက သေတတ်သည်။

▶ မတတ်သေးလျှင် စေ့စပ်သည်။ အရပ်ဝေးလျှင် မေ့တတ်သည်။
◀ မတတ်သေးလျှင် သင်ရာသည်။ အရပ်ဝေးလျှင် ကြင်နာသည်။

▶ မတော်တာကို မမြီးမစားနှင့်။ အဖော်မပါဘဲ ခရီးမသွားနှင့်။
◀ မတော်တာ မြီးစားမိက ဘေးရလို့ ရောဂါပွားတတ်သည်။
အဖော်မပါဘဲ ခရီးသွားက အရေးမလှသမို့ သောကများတတ်သည်။

▶ မတော်ဘဲကို မဝယ်နှင့်။ မခေါ်ဘဲကို မလယ်နှင့်။
◀ မတော်ဘဲကို ဝယ်လေက အသပြာဓန ရှုံးတတ်သည်။ မခေါ်ဘဲကို လယ်ချေက မကြာခဏ မုန်းတတ်သည်။

▶ မမေးဘဲ မဆိုနှင့်။ မအေးဘဲ မမျိုနှင့်။
◀ မမေးဘဲဆိုသော် ကြောင်တတ်သည်။ မအေးဘဲမျိုသော် လောင်တတ်သည်။

▶ မအိုဘဲနှင့် ကျသည်။ မပျိုဘဲနှင့် လှသည်။
◀ မလိုဘဲနှင့် ရသည်။ မမြိုဘဲနှင့် ဝသည်။
▶ အိုမှသာ ကျသည်မဟုတ်။ ပျိုမှသာ လှသည်မဟုတ်။
◀ လိုမှသာ ရသည်မဟုတ်ပါ။ မြိုမှသာ ဝသည်မဟုတ်ပါ။

▶ မင်းကို မတုနှင့်။ ဟင်းကို မလုနှင့်။
◀ မင်းကိုတုက နှက်တတ်သည်။ ဟင်းကိုလုက ရှက်တတ်သည်။

▶ မြူသလိုလိုပုံနှင့် ကလေးကို မစနှင့်။ လူကိုယုံသဖြင့် အကြွေးကိုမချနှင့်။
◀ မြူသလိုလိုပုံနှင့် ကလေးကို စက ကလေးအမိုက်မို့ ဆဲတတ်သည်။
လူကိုယုံသဖြင့် အကြွေးကိုချက အရေမစိုက်သမို့ မွဲတတ်သည်။

▶ ရှေးထုံးလည်း မပယ်နှင့်။ ဈေးသုံးလည်း မလွယ်နှင့်။
◀ ရှေးထုံးပယ်က လွဲတတ်သည်။ ဈေးသုံးလွယ့် မွဲတတ်သည်။

▶ သူဋ္ဌေးလို ကြွယ်ဝသော်လည်း မာန်စွယ် မထနှင့်။ မြွေပွေးကို ငယ်သော်လည်း အလမ္ပါယ် မပြနှင့်။
◀ သူဋ္ဌေးလို ကြွယ်သည်ဟု မာန်စွယ်ထက အရိုအသေနည်းသမို့ ပြေမုန်းတတ်သည်။
မြွေပွေးကို ငယ်သည်ဟု အလမ္ပါယ်ပြက ထိုမြွေခဲ၍ သေဆုံးတတ်သည်။

▶ သေရည်ကို မသောက်နှင့်။ ရေကြည်ကို မနှောက်နှင့်။
◀ သေရည်ကို သောက်က အပါယ်ဘုံသို့ ကျတတ်သည်။
ရေကြည်ကို နှောက်က အနယ်အမှုန်တို့ ထတတ်သည်။

▶ အမျိုးလည်း မြတ်မှ။ တန်ခိုးလည်း လျှပ်မှ။
◀ အမျိုးမြတ်မှ အရိုးကြံရာသည်။ တန်ခိုးလျှပ်မှ အဖိုးတန်ပါသည်။

▶ အစားလည်း မပုပ်စေနှင့်။ အသွားလည်း မချုပ်စေနှင့်။
◀ အစားပုပ်သော် အလုပ်ကြာ၏။ အသွားချုပ်သော် နေ့ရက်ကွာ၏။

▶ အမျိုးယုတ်သူ အဆင်းလှလျှင် သတိထားရ။ တန်ခိုးနူတ်သူ ထမင်းဝလျှင် မကျီစားရ။
◀ အမျိုးယုတ်သူ အဆင်းလှက ဇာဂ ကန်တတ်သည်။ တန်ခိုးနူတ်သူ ထမင်းဝက မာနထန်တတ်သည်။

▶ အယုတ်တရားကို အလိုမရှိနှင့်။ အဟုတ်စကားကို မဆိုဘိနှင့်။
◀ အယုတ်တရားကို အလိုရှိက ဘဂဝါ၏ စကားကို ပယ်ရာကျချေသည်။
အဟုတ်စကားကို ဆိုဘိက သမာဓိတရားတို့ ကွယ်ကာ ပလေသည်။

▶ အဟုတ် အမှန်လည်းသိမှ။ အလုပ်အကြံလည်းရှိမှ။
◀ အဟုတ် အမှန်သိက သံသရာဘေးပ၍ အနေကျမည်။ အလုပ်အကြံရှိက ဆန်ရှာရေးလှ၍ အခြေတည်ကြမည်။

▶ အမိနှင့်သား လျှာနဲ့သွား မှားတတ်ကြသည်သာ။
◀ လျှာနှင့်သွားမှာ အဖျားထိ၍ ကွဲသေးသည်။ မာတာနှင့်သားမှာ စကားငြိ၍ လွဲသေးသည်။

🔷🔷( အပိုင်း ၂ ) သို့.....🔷🔷

Credit to လယ်တော်ပျိုးခင်း..။
#eieiaung

Comments

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ