Posts

Showing posts from May, 2019

ခေတ်​အလိုက်​ ဘုရင်​အမည်

''ခေတ်အလိုက် ဘုရင်အမည်များ ရှင်းလင်းချက်''  ရှေးခေတ် ဘုရင်တွေကို ခေါ်တဲ့အခါ ဘွဲ့တော်အတိုင်း မဟုတ်ဘဲ ပြည်သူလူထု အများသိကြတဲ့ အမှတ်အသားအတိုင်း ခေါ်ကြတယ် ဆိုတာ သတိထားမိကြမှာပါ။ ဘိုးတော်ဘုရား၊ အလောင်းဘုရား၊ တရုတ်ပြေးမင်း၊ အနောက်ဘက်လွန်မင်း စသည်ဖြင့် ခေါ်ကြပါတယ်။ ဒါပေမယ့် ဘာလို့ အဲလို ခေါ်ကြလဲ ဆိုတာတော့ မေးကြည့်ရင် မသိတဲ့သူ များပါတယ်။ ဒါ့ကြောင့် ရာဇဝင်ကို စိတ်ဝင်စားပြီး လျှောက်ဖတ်နေတတ်တဲ့ သူတစ်ယောက်အနေနဲ့ သိသလောက်လေး ပြန်လည်မျှဝေပါဦးမယ်။ #ပုဂံခေတ် ပျူစောထီး - ပျူစောထီးကို ပျူခေတ်၊ သရေခေတ္တရာခေတ်တွေနဲ့ မှားတတ်ပါတယ်။ အမှန်က ပျူစောထီးဆိုပေမယ့် ပျူခေတ် (ရှေးအရေး - ပြူ) မှာ မဟုတ်ဘဲ ပုဂံခေတ်အစမှာပါ။ ပျူလူမျိုး စောထီးဖြစ်တာကြောင့် ပျူစောထီးလို့ ခေါ်ပါတယ်။ သူတို့ခေတ်က အိန္ဒိယ၊ တရုတ်၊ ရှမ်း စတဲ့ ယဉ်ကျေးမှုတွေ ရောထွေးနေပါတယ်။ သူ့နာမည်ကိုက ပျူ - ပျူလူမျိုး၊  စော - (ရှမ်းဘာသာဖြင့်) မင်းသား… အုပ်စိုးသူ၊  ထီး (တရုတ်ဘာသာဖြင့်) မင်း လို့ အဓိပ္ပါယ်ရပါတယ်။  စလေငခွေး - ဘုရင့်ညီတစ်ပါး စလေအရပ် ပြေးပုန်းရာက ရလာတဲ့မြေး ငခွေး မင်းဖြစ်တော့ စလေငခွေးမင်း လို့ ခေါ်ကြပါတယ်။ တောင်သူကြီးမင်း - သူ့ယာခင်းထဲ ဝင်စားတ့

စကားလိမ်

မြန်မာ စကားလိမ် •••••••••••••••••••• စကားလိမ်ဆိုတာ ကာရန်အားဖြင့် ရှေ့နောက်ပြန်လှန်ကာ လိမ်ပြီး ပြောဆိုသော စကားမျိုးပဲ ဖြစ်ပါတယ်။ `မင်္ဂလာပါ´ ကို... `မာကလာပင်´... `လာမလင်´ ကို... `လင်မလာ´... `ဟန်သစ်ငြိမ်´ ကို... `ဟိန်သစ်ငြမ်´ ဆိုပြီး ပြောကြတာမျိုးပါ။ ငယ်ငယ်က တီဗွီမှာလူရွှင်တော်တွေ ခပ်တည်တည်နဲ့ ဘိုလိုမှုတ်တာလေးကို သတိရမိပါတယ်... `ဓနောတိ ခြိုက်ကင်းစ်´ တဲ့။ ဘာလဲဆိုတော့ `ဓနိတော ခြင်ကိုက်´ တဲ့။ ဒီတာ့ စကားလိမ်တွေကို ပြန်ရင်းနှီးသွားအောင် သွေးပူလေ့ကျင့်ခန်းလေး နည်းနည်းလောက် လုပ်ကြည့်ကြရအောင်ဗျာ။ တွာရတေ့ ဝယ်သာပါတမ်း = တွေ့ရတာ ဝမ်းသာပါတယ် ဂျားကစ် စားဖူးသလီး = ဂျစ်ကားစီးဖူးသလား မပပ် ပလုနေကဲ = မပု ပုလဲနားကပ် အိုက်တိုး ပဂေးဆန် = အိုးတိုက်ပန်းကန်ဆေး ယားစီး = ရည်းစား ကေးမလောင် = ကောင်မလေး ငပီးကြော = ငပေါကြီး မာမရှိန်း = မိန်းမရှာ ချယ်တစ် = ချစ်တယ် ကျယ်တိုက်= ကြိုက်တယ် မြန်မာအဘိဓာန်က...`စကားလိမ် ဆိုသည်မှာ ကာရန်ကို ရှေ့နောက်ပြောင်းပြန်ပြု၍ ပြောသောစကား´ လို့ ဖွင့်ဆိုထားပါတယ်။ စကားလိမ်တွေဟာ ရှေးကတည်းက မြန်မာစာပေသမိုင်းမှာ အထင်အရှား ရှိခဲ့တာပါ။ ဦးတိုးရဲ့ ရာမရကန်မှာ `သဒ္ဒါမတတ် စာမတတ်´ ကို `သဒတ်မတာ စတ်မတာ´လို့ စက