Posts

Showing posts from May, 2020

လင်မယားဟူသည်

အကြင်လင်မယားဖြစ်ရခြင်းအခြေခံအကြောင်းရင်း(၂)မျိုး ========================== (၁) ပုဗ်ဗသန်နဝါသ ရှေ့ဘဝ ၊ ဘဝ မှ လင်မယားဖြစ်ခဲ့ရဖူးသောကြောင့် လင်မယားဖြစ်ရ၏ ။ (၂)ယခုဘဝတွင် တစ်ဦး၏အကျိုးကို တစ်ဦးက စေတနာအပြည့်နှင့် သယ်ပိုးဆောင်ရွက်ခဲ့ဖူးခြင်း ကြောင့် လင်မယား ဖြစ်ရ၏ ။ အောက်ပါအချက်များနှင့် တူညီတဲ့ အကြင်လင်မယားဖြစ်ပါက သမ္မသဒ္ဓါ ■ သဒ္ဒါတရားချင်းတူညီ ■ သမသီလာ ■ အကျင့်ချင်းလည်းတူညီ ■ သမစာဂါ ■ စွန့်ကြဲပေးကမ်းမှုချင်းလည်း တူညီ ■ သမပညာ ■ အယူအဆ ၊ အတွေးအခေါ် ၊ ပညာချင်းလည်း တူညီ ■ မည်ဆိုပါက ဤလင်မယားသည် ယခုဘဝတွင် ကွဲကွာခြင်း မရှိသည့်အပြင် ယခုလက်ရှိ ဘဝတွင်သာမက နောက်ဘဝဆက်ဆက်တိုင်အောင် (၁) အကျိုးစီးပွား တိုးတက်ခြင်း၊ (၂) ကိုယ်ချမ်းသာ စိတ်ချမ်းသာ နေထိုင်ရခြင်း၊ (၃) ရန်သူများ မနှိပ်စက်နိုင်ခြင်း၊ (၄) မှန်ကန်သော တရားကို ကျင့်ကြံနိုင်ခြင်း၊ စသည့်အကျိုးတရားများကို ရရှိနိုင်ပေသည်ဟု ဘုရားရှင်က ဟောကြားတော်မှုခဲ့ပေသည်။ (စာအုပ်စာပေ လူ့မိတ်ဆွေ) MS

ရာဇဝင်အလွဲများ

.......မြန်မာ့သမိုင်းကို ဖျက်ဆီးခဲ့ကြသူများ မြန်မာတွေ ရဲ့ သမိုင်းဖျက်ဆီးခဲ့သူ၃ ဦး ရှိခဲ့တယ်။ ပထမ အဖွဲ့က အင်္ဂလိပ်နယ်ချဲ့တွေ။ အင်္ဂလိပ်တွေ သမိုင်းလိမ်ပုံ အကျဉ်းပြောရရင် တော့ ၁၈၂၄ ပထမ အင်္ဂလိပ်မြန်မာစစ်အပြီး မှာ ရခိုင် တနင်္သါရီ ဒေသ ကို ရလိုက်တယ်။ အဲဒီ မှာ ရခိုင်တွေ ကို ဘိုးတော်ဘုရားက ရခိုင်လူမျိုး ၃ သန်း သတ်ခဲ့ပါတယ် ဆိုပြီး လုပ်ကြံ သမိုင်းအမှား ဖန်တီးခဲ့တယ်။ရခိုင် ၃ သန်း သတ် ရလောက်အောင်လည်း ဘိုးတော်ဘုရား မှာ အဏုမြူလက်နက်မရှိသေးဘူး။တစ်ခါ ၁၆၀၀ ပြည့်နှစ်ကျော်တစ်ဝိုက် သာလွန်မင်းတရား မြန်မာနိုင်ငံ ရဲ့ ပထမဆုံး လူဦးရေစစ်တမ်း မှာ တစ်နိုင်ငံ လုံး လူဦးရေ က ၃ သန်း ပဲ ရှိပါသေးတယ်။ ဒုတိယ အင်္ဂလိပ် မြန်မာ စစ်ပွဲ ပြီး လို့ အောက်မြန်မာ သိမ်းပိုက်ပြီးချိန် မှာ အင်္ဂလိပ် က သမိုင်းအမှား တစ်ခု ဝါဒ ဖြန့်ခဲ့ပြန်သေးတယ်။မင်းတုန်းမင်း က မန္တလေး နေပြည်တော် ကျုံးတည်ဆောက်ရာမှာ နေပြည်တော် ရေရှည်အဓွန့်ရှည် တည်တံ့ ဖို့အတွက် ပညာရှိပရောဟိတ်တွေ ရဲ့ တွက်ချက်မှူ အရ ကျုံးပတ်လည် အရပ်ရှစ်မျက်နှာ ထောင့်ရှစ်ထောင့် မှာ ပြည်သူအရှင်လက်လက် ၇၉ ဦးစီ ကို မြှပ်နှံ လိုက်ကြတယ်တဲ့။ ၇၉ ကို ၈ နဲ့ မြှောက်တော့ ၆၃၂ ဦး လူအရှင် မြှပ်ကာ ရက်စက်ခဲ