ရာဇဝင်အလွဲများ

.......မြန်မာ့သမိုင်းကို ဖျက်ဆီးခဲ့ကြသူများ မြန်မာတွေ ရဲ့ သမိုင်းဖျက်ဆီးခဲ့သူ၃ ဦး ရှိခဲ့တယ်။ ပထမ အဖွဲ့က အင်္ဂလိပ်နယ်ချဲ့တွေ။ အင်္ဂလိပ်တွေ သမိုင်းလိမ်ပုံ အကျဉ်းပြောရရင် တော့ ၁၈၂၄ ပထမ အင်္ဂလိပ်မြန်မာစစ်အပြီး မှာ ရခိုင် တနင်္သါရီ ဒေသ ကို ရလိုက်တယ်။ အဲဒီ မှာ ရခိုင်တွေ ကို ဘိုးတော်ဘုရားက ရခိုင်လူမျိုး ၃ သန်း သတ်ခဲ့ပါတယ် ဆိုပြီး လုပ်ကြံ သမိုင်းအမှား ဖန်တီးခဲ့တယ်။ရခိုင် ၃ သန်း သတ် ရလောက်အောင်လည်း ဘိုးတော်ဘုရား မှာ အဏုမြူလက်နက်မရှိသေးဘူး။တစ်ခါ ၁၆၀၀ ပြည့်နှစ်ကျော်တစ်ဝိုက် သာလွန်မင်းတရား မြန်မာနိုင်ငံ ရဲ့ ပထမဆုံး လူဦးရေစစ်တမ်း မှာ တစ်နိုင်ငံ လုံး လူဦးရေ က ၃ သန်း ပဲ ရှိပါသေးတယ်။ ဒုတိယ အင်္ဂလိပ် မြန်မာ စစ်ပွဲ ပြီး လို့ အောက်မြန်မာ သိမ်းပိုက်ပြီးချိန် မှာ အင်္ဂလိပ် က သမိုင်းအမှား တစ်ခု ဝါဒ ဖြန့်ခဲ့ပြန်သေးတယ်။မင်းတုန်းမင်း က မန္တလေး နေပြည်တော် ကျုံးတည်ဆောက်ရာမှာ နေပြည်တော် ရေရှည်အဓွန့်ရှည် တည်တံ့ ဖို့အတွက် ပညာရှိပရောဟိတ်တွေ ရဲ့ တွက်ချက်မှူ အရ ကျုံးပတ်လည် အရပ်ရှစ်မျက်နှာ ထောင့်ရှစ်ထောင့် မှာ ပြည်သူအရှင်လက်လက် ၇၉ ဦးစီ ကို မြှပ်နှံ လိုက်ကြတယ်တဲ့။ ၇၉ ကို ၈ နဲ့ မြှောက်တော့ ၆၃၂ ဦး လူအရှင် မြှပ်ကာ ရက်စက်ခဲ့တဲ့အကြောင်း နဲ့ ဗမာဘုရင် ဟာ လူရိုင်းမို့ ယဉ်ကျေးအောင် အထက်ဗမာ ပြည် ကို သိမ်းပိုက်ရမယ် လို့ ဝါဒဖြန့်ခဲ့တယ်။ ဒီ အကြောင်း သိချင် ရင် ဆရာတက္ကသိုလ်မြတ်သူ အသက်ရှိထင်ရှားရှိသေးတယ်။သူ့ ကို မေးကြည့်ပါ။သူ့ရဲ့ စာပေ ဟောပြောတစ်ခုမှာ ပြောခဲ့သလို ပိတောက်မြေ.အသံလွှင်ဌာန အင်တာဗျူးမှာ ဖြေထားတာတွေ့ရတယ်။ အင်္ဂလိပ်တွေ ဟာ သီပေါမင်း နန်းတော်ကို သိမ်းပိုက်တော့ အရင်ဆုံး လုပ်ခဲ့အလုပ်က မြန်မာမင်းများ ခေတ်အဆက်ဆက် သမိုင်း မှတ်တမ်း ပေစာ ပုရပိုက်စာ တွေ အကုန် ဖျက် ဆီးပစ်လိုက်ကြခြင်းပဲ။ရည်ရွယ်ချက် ကတော့ ဗမာတွေ သမိုင်းကို လိုသလို ပုံဖော်ပြီး ကျွန်သက် ရှည်အောင်လုပ်ချင်လို့။ မြန်မာ့သမိုင်း ကို ဖျက်ဆီးခဲ့တဲ့ ဒုတိယလူက ဦးကုလား။ ယိုဒယားသွေးနှော သူတစ်ဦး ဖြစ်လို့ ဗမာသမိုင်းကို. အငုံစိတ် နဲ့ ဖျက်ဆီးခဲ့တာလား။စိတ်ကူးယဉ်ဆန်ဆန် ရေးသွားခဲ့တာလား ဆိုတာ ကာယကံရှင် ပဲ သိလိမ့်မယ်။သူဖျက်ဆီးသွားတာ က ပုဂံခေတ် အနော်ရထာ လက်ထက် မှ ဗမာ တွေ ဗုဒ္ဓဘါသာ ကို မွန်ဆီ က ရတယ်။မဟုတ်မမှန် အရည်းကြီး တွေ အကြောင်းရေးပြီး သမိုင်းကို ဖျက်သွားတာ ရင်နာမဆုံးဘူး။ဒီအကြောင်းကို အောက်မှာ ဆရာဈန်သစ်အောင် ပို့စ်ကို ဆက်ဖက်ပေးကြပါ။ မြန်မာသမိုင်း ကို တတိယ ဖျက်ဆီးခဲ့သူ က ဂျီဟိတ်လုစ်။မွန်တိုင်းရင်းသူ နဲ့ အိမ်ထောင်ကျပြီး မြန်မာ့သမိုင်း ကို ရစရာ မရှိအောင်လုပ်သွားခဲ့ တယ်။သူ့ ကြောင့် ဗမာအစ တကောင်းကနေ ကျောက်ဆည် က ဖြစ်လိုဖြစ်။ ပျူနဲ့ ဗမာ အတူတူပဲ ကို လူမျိုး ၂ မျိုးဖြစ်အောင် လုပ်သွားတာက အင်္ဂလိပ် တွေ ရဲ့ ခိုင်းစေချက် ဖြစ်နိုင်ပါတယ်။အခုတော့ ဆရာဈန်သစ်အောင် ရဲ့ ပိုစ့်ကို ဆက်ဖက်ပေးပါ လို့ မေတ္တရပ်ခံပါတယ်။ Aung Naing Thu "စာသင်ခန်းထဲတွင်သမိုင်းအလိမ်ခံနေရသည်" -------------------------------------------------- Credit စျာန်သစ်အောင် ဦးကုလား၏ မဟာရာဇဝင်ကြီးအမှား သို့မဟုတ် ပုဂံခေတ်မတိုင်ခင်က ဗုဒ္ဓသာသနာရှင်းတမ်း ကျွန်တော် တင်ဖူးခဲ့တဲ့ မြန်မာပြည် ဗုဒ္ဓဘာသာ သမိုင်း အပိုင်း ၁ ၂ ၃ ၄ ၅ ကိုဖတ်ပြီး တချို့လူ တွေ ဒွိဟစိတ်လေးတွေ ဝင်သွားတာကို သတိ ထားမိပါတယ်။ မြန်မာပြည် သာသနာသမိုင်းကို လူတော်တော် များများသိထားတာက အနော်ရထာမင်းကသထုံ ကို ချီတတ်ပြီး မနူဟာမင်းဆီက ပိဋိကတ်စာပေ တွေပင့်ဆောင်လာတယ်ဆိုပြီး သိထားကြတာပါ။ တကယ့်သမိုင်းအမှန်ကို အပိုင်း ၄ကို ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်။ အပိုင်း၄ မှာတင်ပြခဲ့တာ ဦးကုလားရဲ့ မဟာရာ ဇဝင်ကြီး လုပ်ကြံစိတ်ကူးယဉ်ဇာတ်ကို အကျဉ်း ချူံး တင်ပြထားတာဖြစ်ပါတယ်။ တကယ့်တော့အားလုံးရဲ့အထင်မှားအမြင်အမှား တွေကို အားလုံးသိရအောင် ကျမ်းဂန်အထောက် အထား ကျောက်စာအထောက်အထားများနဲ့ ရေး သားတင်ပြလိုက်ပါတော့သည်။ တကယ်တော့ အနော်ရထာမင်းဟာ သထုံပြည် ကို စစ်မတိုက်ခဲ့သလို မနူဟာမင်းကိုလည်း ဖမ်း ဆီးအကျဉ်းချထားတယ်ဆိုတာ မဟုတ်ခဲ့ပါဘူး။ သထုံကိုဂျွမ်းစစ်သားတွေဝင်တိုက်လို့ သထုံပြည် ကျတဲ့အချိန်မှာ မနူဟာမင်းက အနော်ရထာမင်း ဆီမှာ လာရောက်ခိုလှုံခဲ့တာ။ နောက်ပြီး ဗုဒ္ဓရဲ့ သားတော် အရှင်အရဟံလို ရဟန္တတစ်ပါးက ပိဋိကတ်၃ပုံကိုရဖို့အနော်ရထာ ကို သထုံကို စစ်တိုက်ခိုင်းတာ ဖြစ်နိုင်ပါ့မလား။ နောက်တစ်ချက်က အရှင်အရဟံက သထုံကို သွေးမြေကျအောင်အနော်ရထာကိုခိုင်းပါ့မလား။ ဂျွမ်းစစ်သားတွေကြောင့်သထုံပြည်ပျက်ခဲ့ရတယ် ဆိုတာ သမိုင်းအထောက်အထားအတိအကျရှိပါ တယ်။ မနူဟာမင်းက ဂျွမ်းစစ်သားတွေရဲ့ ရန်ကို ရှောင်ရင်း ပုဂံမှာ လာခိုလှုံပါတယ်။ အနော်ရထာ မင်းကလည်း သူ့ရဲ့ စစ်သည်တွေနဲ့ သထုံက ဂျွမ်း စစ်သားတွေကို ပြန်တိုက်ခိုင်းခဲ့တာပါ။ မူလအမှား ဦးကုလား •••••••••••••••••••••••• ပုဂံ၌ အနော်ရထာမင်းစော မတိုင်မီ နတ်နဂါးကိုး ကွယ်မှု၊ အရည်းကြီး ကိုးကွယ်မှုများသာရှိခဲ့သည်။ အနော်ရထာမင်းသည် သထုံကို အောင်နိုင်ပြီး နောက် ပိဋကတ်သုံးပုံနှင့်တကွရှင်အရဟံကို ယူ ဆောင်ကာ ပုဂံ၌ ထေရဝါဒသနာ ထွန်းကားစေခဲ့ သည်ဟု ဦးကုလား ရေးသားသည့် မဟာရာဇဝင် ကြီး (အေဒီ ၁၇၁၄၊ တနင်္ဂနွေမင်း လက်ထက်၊ ညောင်ရမ်းခေတ်) ၌ ဖော်ပြပါရှိခဲ့သည်။ ၎င်း ကို ကိုးကားသော မှန်နန်းရာဇဝင်နှင့်၊ နောက်ရေး ပု ဂံရာဇဝင်များ၌လည်း ထိုသို့သာရေးသားခဲ့ကြ အ မှတ်မှားခဲ့ကြသည်။ သမိုင်းပညာ ဆိုတာ ••••••••••••••••••••••• သမိုင်းပညာဆိုသည်မှာ ပြည်တွင်း ခေတ်ပြိုင်အ ထောက်ထားများ၊ ပြည်ပ ခေတ်ပြိုင်အထောက် အထားများ ရှုထောင့်စုံထောက်ခံမှုရှိသော အချက် အလက် အခြင်းအရာ တို့ကိုသာ အမှန်သမိုင်းဟု လက်ခံမှုပြုပါသည်။ အထောက်အထား မရှိက သမိုင်းမရှိပါ (No evidence No history) ။ အ ထောက်အထား မပြနိုင်ပါက ရာဇဝင်စာ (ခေါ်) မှတ်တမ်း (Chronicle) ဟုသာခေါ်ဆိုပါသည်။ ထို ရာဇဝင်စာက ပြောသော အချက်အလက် အခြင်း အရာ တို့ကို အမှန်သမိုင်း ဟုလက်မခံပါ။ ဆန်းစစ်ခြင်း •••••••••••••• ထို့ကြောင့် ဦးကုလားပြောသလို အနော်ရထာ ခေတ်ရောက်မှ ပုဂံသို့ ထေရဝါဒ ရောက်သည်ဆို သော အယူအဆအတွက် အထောက်အထား ရှာ ရန်လိုအပ်ပါသည်။ ထိုသို့ လိုအပ်သော ကျောက် စာ အထောက်အထားများကို ရှာဖွေ ကြည့်သော အခါ . . . ၁။ အရည်းဆိုသော စကားကို တွေ့ရပါသည်။ သို့ သော် ထိုအရည်းဆိုသည်မှာ အာရညဝါသီ တောမှီ ပုဂ္ဂိုလ်၊ တောကျောင်းဘုန်းကြီးများသာဖြစ်ပါသည်။ ပါးစပ်ရာဇဝင်များ၌တွင်ကျယ်နေသလို (ပန်းဦးလွှတ် ခြင်း) အစ ရှိသဖြင့် ယုတ်ညံ့သော အလုပ်များလုပ် သည်ဟု အထောက်အထား မရှိပါ။ ဘုရားတည်၊ ကျောင်းဆောက်၊ ပရဟိတ အလုပ်များ လုပ်ခြင်း စ သည့်ကောင်းမှုကုသိုလ်များအတွက် အလှူမှတ်တမ်း ကျောက်စာအထောက်အထားများသာတွေ့ရှိရပါသည်။ ထို့အပြင် ပုဂံရာဇဝင်ကြီး ပေမူ တွင်လည်း အရည်း များ သောင်းကျန်းသောကြောင့် နှိမ်နင်းရသည် ဟု မပါရှိပါ။ (အရည်းဆရာကို တောကျောင်းဆရာ၊ ပွဲ ကျောင်းဆရာ များဟု မှတ်ယူရပါသည်) ၂။ အင်းဝခေတ် ပဲခူး ကလျာဏီသိမ် ကျောက်စာ သည် အနော်ရထာခေတ် ထက် နှစ် ၄၀၀ ကျော် နောက်ကျ၍ ပုဂံခေတ် ခေတ်ပြိုင် အထောက် အ ထောက်အထား မဟုတ်ပါ။ ထို ကလျာဏီ သိမ် ကျောက်စာ၌ ပုဂံနှင့်သထုံစစ်ပွဲဖြစ်ခဲ့ကြောင်းမပါပါ။ အနော်ရထာမင်းစောသည် သထုံသို့ ချီတက်တိုက် ခိုက်သညဆိုသော အထောက်အထားမရှိ။ ကျောက် စာ မှတ်တမ်းလည်း မရှိ။ ပုဂံရာဇဝင်ကြီး ၌လည်း ထိုသို့ မဆိုပါ။ ထို့ကြောင့် ရာဇဝင်ကြီး၌ပါသော ပုဂံ နှင့် သထုံ စစ်ပွဲကြီး ဖြစ်ခဲ့ကြောင်း အထာက်အထား မရှိ။ ပုဂံနှင့် သထုံ စစ်ပွဲကြီး မဖြစ်ခဲ့ပါ။ ပဲခူး ကိုးသိန်းကိုးသောင်း ဘုရားသမိုင်းတွင် ကြွမ်း (ဂျွမ်း) စစ်သည်များ (ခမာ) ဥဿာပဲခူး ကို ဝိုင်းထား စဉ် သထုံမင်း မနူဟာဘုရင်သည် ပဲခူးဘုရင်ထံ ခို လှုံနေသည် ဟု ပါရှိပါသည်။ (အနော်ရထာမှ ကျန် စစ်သားနှင့် သူရဲကောင်းလေးယောက် ဦးဆောင် သော စစ်တပ်ဖြင့် စစ်ကူပေးခဲ့သည်) ထိုစဉ်အခါက အရှေ့တောင်အာရှဒေသ၌အင်အား ကြီးမားသော ဂျွမ်းစစ်တပ်ကြီးသည် ယိုးဒယား၊ မြန် မာနိုင်ငံတောင်ပိုင်း မှသည် ပဲခူးအထိ စစ်ထိုးလာခဲ့ ပါသည်။ ပဲခူးမြို့အထိလာဝိုင်းရံထားသော ထိုခမာ စစ်တပ်၏ စစ်လမ်းကြောင်းကျရာ သထုံသည် ပဲခူး မကျမီကတည်းက ကျခဲ့သည်မှာ အထင်အရှားပင် မဟုတ်ပါလော။ ထို့ကြောင့် ထိုစဉ်ကသုဝဏ္ဏဘူမိသထုံသည် ပုဂံနှင့် စစ်ဖြစ်ခြင်း မဟုတ်ဘဲ ဂျွမ်း ရန်ကြောင့် ပျက်စီးခဲ့ခြင်း သာ ဖြစ်ပါသည်။ သထုံဘုရင် မနူဟာသည်လည်း သထုံပျက်သောအခါ ပဲခူး၌ လာရောက် ခိုလှုံနေပါ သည်။ ပဲခူးကို ဂျွမ်းစစ်သည်တို့ လာဝိုင်းသောအခါ မနူဟာသည် ပုဂံဘုရင် အနော်ရထာထံ ရွှေ့ပြောင်း ခိုလှုံခဲ့ခြင်းသာ ဖြစ်ပါသည်။ အနောက်လွန်မင်းလက်ထက် လှေသင်းစုစစ်တမ်း တွင် မနူဟာမင်းသည် လှေတော်ကြီး လေးစင်းနှင့် သမီးတော်ဆက်သကာ ပုဂံသို့ခိုလှုံရောက်ရှိကြောင်း၊ ယင်းလှေတော် လေးစင်းနှင့် လှေတော်သားများကို အနော်ရထာမင်းကြီးက လှေသင်းစုတစ်စု အဖွဲ့ဖွဲ့ ပေးရာမှဆင်းသက်လာသောလှေသင်းစုဖြစ်ကြောင်း အစစ်ခံသည့် စစ်တမ်းရှိပါသည်။ (ကြပ်ကြပ်စဉ်းစား ကြည့်ကြပါ။ ဂျွမ်းစစ်တပ်ကြီးဟာ သထုံကို ဖြတ်သန်းပြီးမှ ပဲခူးကို ရောက်တာပါ။ ပဲခူး အထိ ဂျွမ်းစစ်တပ်ကြီး ရောက်လာမှတော့ စစ်လမ်း ကြောင်းကျတဲ့ သထုံ ကျရှုံးပြီးဆိုတာ သိပ်ထင်ရှားပါ တယ်။ သထုံဘုရင်မနူဟာကလည်း ပုဂံမှာလာခိုလှုံ ခြင်းသာ ဖြစ်ပါတယ်။ ) ထို့ကြောင့် ဗျတ်ဝိ၊ ဗျတ္တနှင့် သထုံကို အနော်ရထာ စစ်တိုက်ခဲ့ခြင်းဆိုသည်မှာ ပုံဝတ္ထုဇတ်လမ်းသာ ဖြစ် ပါသည်။ ထိုပုံပြင်ဇတ်လမ်းကို ဦးကုလားက မဟာ ရာဇဝင်ကြီးမှာ ဘာကြောင့်ထည့်ရေးတာလဲ။ ဘယ် ကဟာကို ဦးကုလားက ယူရေးတာလည်း ဆန်းစစ် ဖို့လို့ပါသည်။ ဦးကုလား၏ အတ္ထုပ္ပတ္တိကို ပြန်ကြည့်သော် အဖ ဘက်မှသူဌေးမျိုး။ အမိဘက်မှအဖွားသည်ယိုးဒယား ပိဿလောက်စော်ဘွားသမီး စောဘုန်းရှိ ဖြစ်ပါသည်။ သမိုင်းသုတေသီ တို့၏ ဆန်းစစ်ချက်၊ လေ့လာချက် များအရ ဦးကုလားသည် မဟာရာဇဝင်ကြီး၌ ယိုးဒ ယားဘက်မှ ဇတ်လမ်းများ ထည့်ရေးခြင်းမျှသာ ဖြစ် တန်သည်။ ဦးကုလားသည် ထိုခေတ် ပွဲကျောင်းများ ကို နှိပ်ကွပ်လို၍ အရည်းကြီးဇတ်လမ်းများယုတ်ညံ့ စေရန် သူ့အဘွား ထံမှရသော ယိုးဒယားဘက်မှ ဇတ်လမ်းကို ထည့်ရေးခြင်းသာ ဖြစ်သည်။ ပုဂံစစ်ပွဲ ဆိုသည်မှာလည်း သူ့အဘွားဘက်မှ ရ သောယိုးဒယားဖြစ်ဇတ်လမ်းကိုထည့်ရေးခြင်းမျှသာ ဖြစ်တန်သည်။ ထို့ကြောင့် သထုံ ပုဂံ စစ်ပွဲမှ ဗျတ်ဝိ၊ ဗျတ္တ ဇတ်လမ်းများမှာလည်း ဦးကုလား၏ ရေးသား ချက်သာ ဖြစ်ပါသည်။ ဦးကုလားသည် အနော်ရထာ ဘုရင်၏ သာသနာရေး ဆောင်ရွက်ချက်များကို အ လွန်အမင်း ဂုဏ်မြှောက်လို၍ အသောကမင်းကြီး သာသနာ မြှောက်စားပုံအချက်များကိုဆင်တူယူ ရေး သားခဲ့ဟန်ရှိသည်။ အနော်ရထာက သထုံကိုလည်း မတိုက်၊ သထုံမှ ရှင်အရဟံနှင့် ပိဋကတ်သုံးပုံ ကြောင့်လည်း မဟုတ် ဆိုလျှင် ပုဂံသည် ထေရဝါဒဗုဒ္ဓသာသနာကို ဘယ်က ရသနည်း။ ဟုတ်ကဲ့။ သရေခေတ္တရာ ခေါ် သီရိခေတ္တရာ မှ ရပါ သည်။ ထို့ပြင် ပုဂံ၌ အနော်ရထာ မတိုင်မီ ထေရဝါဒ ဗုဒ္ဓ သာသနာ ရှိကြောင်း အထောက်အထားများ ကျောက်စာများ လည်း ရှိပါသည် ခင်ဗျား။ ၁။ အနော်ရထာမင်း၏ ဖခမည်းတော်ကွမ်းဆော် ကြောင်ဖြူ (ကျောင်းဖြူ) မင်းကို ကျည်စိုးနှင့် စုက္က တေး တို့မှ နန်းချပြီး အတင်းရဟန်းပြုစေကြောင်း ပု ဂံရာဇဝင်ကြီး ၌လည်း ပါ ပါသည်။ ဦးကုလား ရာဇ ဝင်ကြီး ၌လည်း ပါပါသည်။ ရသေ့ ဝတ်စေခြင်း မ ဟုတ်။ ရဟန်းဝတ်စေခြင်း ဖြစ်ပါသည်။ (ဦးကုလား ကိုယ်တိုင် ရှေ့နောက်မညီရေးခြင်း။) ထိုမင်း (ကွမ်း ဆော်မင်းကြီး) သည် ကျောင်းဖြူကြီး တစ်ဆောင် ဆောက်လုပ်လှူဒါန်းကြောင်း ( ပုဂံနံရံမင်စာ အ ထောက်အထားလည်း ရှိသည်။။ ကျောင်းဖြူကြီး ဆောက်လုပ်လှူဒါန်းသော ကွမ်းဆော်မင်းကြီး မှ ကွမ်းဆော်ကျောင်းဖြူ၊ ကွမ်းဆော်ကြောင်ဖြူ ဖြစ် လာသည်) အနော်ရထာ နန်းရသောအခါ ခမည်းတော်ရဟန်း မင်းကြီးကို “သံဃာမင်းထီး” ဘွဲ့ဆက်ကပ်ကြောင်း ဦးကုလားက ပြောထားပြန်ရာ ရှင်အရဟံမရောက် မီကတည်းက ပုဂံ၌ ထေရဝါဒ သံဃာရှိကြောင်း ပေါ်ပေါက်နေပြန်သည်။ ၂။ စောရဟန်းမင်းသည် တုရင်တောင်ထက်မှာသိမ် တစ်ဆောင် ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။ ၎င်း သိမ်ပျက်သဖြင့် ဥဇနာမင်း (အေဒီ ၁၂၁၂ ခုနှစ်) လက်ထက်တွင် ပြန်လည်ပြုပြင် ဆောက်လုပ်စေ သော ကျောက်စာ အထောက်အထားရှိပါသည်။ အ သောက တတိယသင်္ဂါယနာတင်ပြီးနောက်ပိုင်း မ ဟာယာနမှာ သိမ်ဝင်ခြင်း မရှိ။ သံဃာမရှိ။ ရသေ့ ကြီးများသာ ရှိပါသည်။ (ဟုတ်ကဲ့၊ သိမ်ဆိုတာ ထေရဝါဒ မှာပဲ ရှိတာပါ။ သိမ်သမုတ်တယ်ဆိုတာ ထေရဝါဒရဟန်းတွေပဲလုပ် လို့ရတာပါ။ အနော်ရထာက (အေဒီ ၁၀၄၄) မှာ မင်း ဖြစ်တယ်။ ဒီတော့ စောရဟန်းမင်း လက်ထက်က တည်းက သိမ်ရှိနေလို့ အနော်ရထာ မမွေးမီကတည်း က ပုဂံမှာ ထေရဝါဒ ရှိနေကြောင်း သိပ်ကို ထင်ရှား တဲ့ အထောက်အထား ပေါ့ဗျာ) (ဒေါက်တာသန်းထွန်းက တုရင်တောင်ထက်မှစော ရဟန်း သိမ် ကျောက်စာ တစ်ခု တည်းနှင့် အနော်ရ ထာမတိုင် ပုဂံဒေသတွင် ထေရဝဒါ ဗုဒ္ဓဘာသာ မရှိ ဆိုသော အချက်ကို အပြတ်ငြင်းဆိုလိုက်သည်ဟု ပု ဂံခေတ်သနာ အတိအလင်း ရေးသားထားခဲ့သည်။) ပုဂံဘယ်ကစသလဲ (သိရိခေတ္တရာခေတ်မှပုဂံခေတ်သို့) •••••••••••••••••••••••••••••••••••••••••••••••••••••••• အေဒီ ၁ ရာစုအကုန် ၂ရာစု အစလောက်မှာ သရေ ခေတ္တရာ ပျက်တယ်။ (မင်းနေပြည်တော် ပျက်တာပါ) အေဒီ ၁၀၇ (အေဒီ ၂ ရာစု အစ)မှာ သရေခေတ္တရာမင်း ရဲ့တူ သမုဒ္ဒရာဇ်မင်းက ယုန်လွှတ်ကျွန်း၊ ပြူဂါမ (ပျူစျေး မြို့) ဆိုတဲ့ အရပ်မှာ ပထမ ပုဂံမင်းနေပြည်တော် ကို စတည်ထောင်တယ်။ အရိမဒ္ဒနပူရ ဆိုတဲ့ အမည်နဲ့ပါ။ အေဒီ ၃၄၄ (သက္ကရာဇ် ၂၆၆) မှာ နန်းတက်တဲ့ သေဉ် လည်ကြောင်မင်းက လောကနန္ဒာအရပ်မှာသီရိပစ္စယာ အမည်နဲ့ ဒုတိယ ပုဂံမြို့ကို တည်ထောင်တယ်။ အေဒီ ၅၁၆ (သက္ကရာဇ် ၄၃၈) မှာနန်းတက်တဲ့ သိုက် တိုင်မင်းက သမထီး အရပ်မှာ တတိယ ပုဂံမြို့ ဖြစ်တဲ့ တမ္မဝတီ မြို့ကို တည်ထောင်ပါတယ်။ အေဒီ ၈၄၆ (သက္ကရာဇ် ၂၀၈) မှာနန်းတက်တဲ့ပျဉ်ပြား မင်းက နန်းတက်လို့ ၃နှစ်အကြာ အေဒီ ၈၄၉ မှာ ယ ခု ပုဂံကို တည်ခဲ့တယ်။ အမည်ကိုတော့ ပထဆုံးပုဂံ ရဲ့ အမည် ရန်အပေါင်းကို အောင်မြင်သော ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ အရိမဒ္ဒနပူရ လို့ပဲထပ်ပေးတယ်။ အရိမဒ္ဒန၊ သီရိပစ္စယာ၊ တမ္ပဝတီ၊ ဆိုတဲ့ ပုဂံမင်းနေ ပြည်တော် အမည်တွေကို ကြည့်ပါ။ မွန်နာမည်လည်း မဟုတ်ပါဘူး။ မဟာရာနလို့ ပြောရအောင် သက္ကတ အမည်လည်း မဟုတ်ပါဘူ။ ထေရဝါဒ မှာသာ သုံးတဲ့ ပါဠိ အမည်စစ်စစ်ကြီးတွေ ဖြစ်ပါတယ်။ ဒါဟာလည်း အနော်ရထာမတိုင်ခင်ကတည်းက ထေရဝါဒရှိနေတဲ့ အထောက်အထားပါ။ သရေခေတ္တရာ ပျက်ပြီး ပုဂံ ဖြစ်လာတယ်။ ပုဂံ ဟာ သရေခေတ္တရာဆီက ထေရဝါဒ ဗုဒ္ဓသာသနာကို ရခဲ့ တယ် လို့ ပြောခဲ့ပါတယ်။ ဒီတော့ သရေခေတ္တရာမှာ ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားခဲ့ကြောင်း အ ထောက်အထား ပြရပါတော့မယ်။ ၁၉၂၆ ခုနှစ်၊ မြန်မာနိုင်ငံ ရှေး/သုအရာရှိ ချားဒူးရွိုင် ဇယ်လက်ထက်မှာ သရေခေတ္တရာမြို့ဟောင်း ဦး ခင်ဘ ယာခင်းအတွင်းရှိ စေတီငုတ်တိုကို တူးဖေါ် ရာ ရွှေပေချပ် အချပ်၂၀ ရရှိခဲ့သည်။ ထိုရွှေပေချပ်များ ပေါ်မှာ ဗုဒ္ဓခေတ်နှင့် အသောက ခေတ်သုံး ဗြဟ္မီပွားအက္ခရာများဖြင့် ထေရဝါဒဆိုင် ရာ (သုတ်၊ ဝိနည်း၊ အဘိဓမ္မာ) ကောက်နှုတ်ချက် များ ရေးထိုးထားပါသည်။ သရေခေတ္တရာတွင် အခြား ထေရဝါဒဆိုင်ရာ သာ သနိကအဆောက်အဦး၊ စေတီပုထိုးများ၊အုတ်ခွက် ဘုရားများ စသဖြင့် အထောက်အထား များစွာရှိပါ သည်။ (ဘောဘော၊ ဘဲဘဲ၊ ဘုရားမာ၊ ပြည်ရွှေဆံ တော်) သရေခေတ္တရာ မြို့ဟောင်း မြို့တံခါးဝ မှာ ပင် ထေရဝါဒဂိုဏ်း ကသာ သုံးပြီး၊ မဟာယာနက မသုံးသော ပါဠိဘာသာဖြင့် ရေးထိုးထားသော မောရသုတ်၊ မင်္ဂလသုတ် ကျောက်စာတိုင်၊ အခြား တစ်ဘက်၌ ရတနာ့သုတ် ကျောက်စာတိုင် များကို တွေ့ရှိချက်အရ သရေခေတ္တရာသည် ထေရဝါဒ ပျူမြန်မာနိုင်ငံတော်ဖြစ်သည်။ ထို သရေခေတ္တရာမှ ထေရဝါဒပျူမြန်မာတို့ တည် ထောင်သော ပုဂံသည် ထေရဝါဒ ပုဂံနိုင်ငံတော် သာဖြစ်ပါသည်။ သရေခေတ္တရာမင်း၏ တူတော်စပ်သော ပုဂံကို စ တည်ထောင်သည့် သမုဒ္ဒရာဇ်မင်း မှ စရေတွက် သော် စောမွန်နစ် အထိ ပုဂံမင်းဆက် ၅၅ ဆက် ဖြစ်သည်။ (သင်ပုန်းကြီးဋီကာ၊ ဇာတာတော်ပုံ၊ ) အနော်ရထာသည် ၄၂ယောက်မြောက်မင်းဖြစ်သည်။ ထို ၄၂ ယောက်မြောက် အနော်ရထာမတိုင်မီ ၃ ယောက်မြောက် ပျူစောထီး မင်းလက်ထက် က တည်ထားခဲ့သည့် ဗူးဘုရား ဌာပနာတိုက်အတွင်း မှ အေဒီ ၃ရာစုအုတ်ခွက်ဘုရားများတွေ့ရှိခဲ့ပါသည်။ ၎င်းကို ကြည့်ခြင်းအားဖြင့် ပုဂံသည် ထိုခေတ်က တည်းက ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားနေပြီး ဖြစ်လေသည်။ ပုဂံနိုင်ငံတော်သည်အနော်ရထာမင်း(အေဒီ ၁၀၄၄) မတိုင်မီကတည်းက ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံဖြစ် ကြောင်း အထက်ပါ အထောက်အထားများက သက် သေခံလျက် ရှိပေသည်။ ဦးကုလားမဟာရာဇဝင်ကြီးအမှားဟာ စာသင်ခန်း ထဲက ကလေးတွေ အသိဥာဏ်အသတ်ခံခဲ့ရသလို မွန်နဲ့ ဗမာလည်း အမုန်းတရားတွေ ကြီးထွားခဲ့ရပါ တယ်။ အရှင်အရဟံလည်းအနော်ရထာကိုမြှောက် ပေးတဲ့ ဘုန်းကြီးဆိုပြီး မွန်တွေမုန်းတီးတာ ခံခဲ့ရပါ တယ်။ ဒါတွေဟာ တကယ်တော့ သမိုင်းအသတ် ခံခဲ့ရတာပါ။ စျာန်သစ်အောင် ကျမ်းကိုးကား •••••••••••••• - ဘုန်းတင့်ကျော်၊ နှစ်ပေါင်းနှစ်ထာင် ကျော်ခဲ့ပြီဖြစ် သော မြန်မာသမိုင်း (၁၊ ၂) - ဘုန်းတင့်ကျော်၊ ပျူစစ်လျှင်မြန်မာ Copy from Aung Naing Thu

Comments

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ