လင်မယားဟူသည်

အကြင်လင်မယားဖြစ်ရခြင်းအခြေခံအကြောင်းရင်း(၂)မျိုး ========================== (၁) ပုဗ်ဗသန်နဝါသ ရှေ့ဘဝ ၊ ဘဝ မှ လင်မယားဖြစ်ခဲ့ရဖူးသောကြောင့် လင်မယားဖြစ်ရ၏ ။ (၂)ယခုဘဝတွင် တစ်ဦး၏အကျိုးကို တစ်ဦးက စေတနာအပြည့်နှင့် သယ်ပိုးဆောင်ရွက်ခဲ့ဖူးခြင်း ကြောင့် လင်မယား ဖြစ်ရ၏ ။ အောက်ပါအချက်များနှင့် တူညီတဲ့ အကြင်လင်မယားဖြစ်ပါက သမ္မသဒ္ဓါ ■ သဒ္ဒါတရားချင်းတူညီ ■ သမသီလာ ■ အကျင့်ချင်းလည်းတူညီ ■ သမစာဂါ ■ စွန့်ကြဲပေးကမ်းမှုချင်းလည်း တူညီ ■ သမပညာ ■ အယူအဆ ၊ အတွေးအခေါ် ၊ ပညာချင်းလည်း တူညီ ■ မည်ဆိုပါက ဤလင်မယားသည် ယခုဘဝတွင် ကွဲကွာခြင်း မရှိသည့်အပြင် ယခုလက်ရှိ ဘဝတွင်သာမက နောက်ဘဝဆက်ဆက်တိုင်အောင် (၁) အကျိုးစီးပွား တိုးတက်ခြင်း၊ (၂) ကိုယ်ချမ်းသာ စိတ်ချမ်းသာ နေထိုင်ရခြင်း၊ (၃) ရန်သူများ မနှိပ်စက်နိုင်ခြင်း၊ (၄) မှန်ကန်သော တရားကို ကျင့်ကြံနိုင်ခြင်း၊ စသည့်အကျိုးတရားများကို ရရှိနိုင်ပေသည်ဟု ဘုရားရှင်က ဟောကြားတော်မှုခဲ့ပေသည်။ (စာအုပ်စာပေ လူ့မိတ်ဆွေ) MS

Comments

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ