Posts

Showing posts from July, 2019

တက္ကသိုလ်ဘာကြောင့်တက်ရသလဲ

တက္ကသိုလ်ကို ဘာကြောင့် တက်ရသလဲ ======================== ဘွဲ့ တစ်ခုခု ရဖို့၊ ပညာရေး ပြီးဆုံးဖို့၊ အလုပ်အကိုင်ကောင်းဖို့ ၊ အလုပ်ကောင်းတစ်ခုရရှိဖို့  စသည်ဖြင့် ရည်ရွယ်ချက်အမျိုးမျိုး ရှိတတ်ကြပါတယ်။  ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ပဲ တက္ကသိုလ်တက်တက်၊ တက္ကသိုလ်တက်ရောက်တဲ့ ( ၄) နှစ်တာကာလဟာ လူ့ဘ၀အတွက် တန်ဖိုးအရှိဆုံးအချိန်၊ အလှပဆုံးအချိန်နဲ့၊ ပညာအရဆုံး အချိန်အခါ ဖြစ်ပါတယ်။ တန်ဖိုးရှိရှိ အသုံးချတတ်မယ်ဆိုရင် ဘ၀တစ်ခုလုံးအတွက် အခြေခံ အုတ်မြစ်ကောင်း တည်ဆောက်သွားနိုင်တဲ့ အချိန်အခါကောင်းဖြစ်ပါတယ်။ ဆွေးနွေးကြည့်ကြရအောင်..... ၁။  ကျောင်းနေဘက်       ကောလိပ်တက်တက်၊ တက္ကသိုလ်တက်တက် သင်နဲ့သိကျွမ်းမဲ့ အတန်းဖေါ် အတန်းဘက်၊ ကျောင်းနေဖေါ် ကျောင်းနေဘက်များဟာ သင့်ဘ၀တစ်ခုလုံးအတွက် အလွန်တန်ဖိုးရှိတဲ့ သူငယ်ချင်းများ ဖြစ်ကြပါတယ်။  နေရာစုံ၊ ဒေသစုံက ရောက်လာကြတဲ့သူများ ဖြစ်ကြပါတယ်။ နောင်တချိန်မှာ နယ်ပယ်အသီးသီးမှာ အထွဋ်အထိပ်ရောက်ကြမဲ့သူတွေ၊ အောင်မြင်ကြမဲ့ သူတွေ ပါဝင်ပါတယ်။ သူတို့ဟာ သင်ရဲ့ အနာဂတ်အတွက် လုပ်ဖေါ် ကိုင်ဘက်၊ စီးပွားဖေါ် စီးပွားဘက်တွေ ဖြစ်လာနိုင်ပါတယ်။ ကျောင်းသူကျောင်းသားတော်တော်မ

ဒေသိယ

ကောလင်း   ဝန်းသို   ဂျိုးတောင်  နမ်းခမ်း  ပင်လည်ဘူး ဒီနယ်ဘက်တွေရောက်ရင်  တစ်မူထူးခြားတဲ့အသုံးအနုံးလေး တွေဖြစ်ပါတယ်   ဒီလိုတွေပြောရင်  ကောလင်း  ဝန်းသိုဘက်ကလားလို့   တပ်အပ်မေးလို့ ရသည် မောင် မောင်  နဲ့ပြောတာသည်  အခြားနယ်တွေမှာထူးချင်ထူးဆန်းနေပေလိမ့်မည်   ဒီဒေသတွေမှာတော့   မောင်  လို့ ပြောဆိုကြတာသည်အထူးအဆန်းမဟုတ်ပေ ဘယ်သွားမလို့ လဲမောင်    ဘာလုပ်နေတာလဲမောင်    စသည်ဖြင့်နောက်ဆုံးတွင်မောင်သုံးသလို   ဘာလုပ်နေတာလဲညယ်     ဘယ်သွားမလို့ လဲညယ်   စသည်ဖြင့်  ညယ်ကိုလည်းသုံးကြသည်   ကောလင်း  ဝန်းသို  ပင်လည်ဘူး  သူ/သားများသည်သဘောဖြူ အူစင်း ဖြူစင်ရိုးသားပြီး တောင်သူ လယ်လုပ် ဓာမခုတ်ဖြင့်အသက်မွေးကြသည်။ စကားဝဲ ၍ အသုံးအနုံးတမူထူးခြားကာ ရိုးရာနဲ့ ဘာသာ သာသနာကို အလေးထားရိုသေကိုင်းရှိုင်းကြသည်။  မုန့်နှစ်ခေါ်ဆန်မုန့်ဖြင့် ပြုလုပ်သော ဟင်းပေါင်း ဟင်းလှော် များနှင့် ပေါ်ဦးပေါ်ဖျား ဆန်ကိုချက်/ပေါင်း ပါက ထမင်းမှာ စီး၍ဆိမ့်ခါ စားကောင်းသည် ၄င်းတို့မှာ ထိုနယ်၌ နာမည်ကြီးသည်။ ဧည့်သည် ဆိုပါက ဘယ်အိမ်ကို လာသည်ဖြစ်စေ မိမိအိမ်သို အလည်ခေါ်ကာ ထမင်းဖိတ်ကြွေးတတ်ကြသည်ဤသည်က ထိုနယ်တို့ ၏ ချစ်စရာဓလေ့ဖြစ်သည်။ ကောလင်း  ဝန

အသံ

***စာ/ဝါကျ အထဲက အသံ - စပ်မိရာရာ*** သံကြောင်/သံဂျောင်/န- ၁။ နားမသာယာသော အော်ဟစ်သံ။ ၂။ သံစဉ်ခုနစ်ပါးတွင် မည်သည့်အသံနှင့်မျှ မကိုက်ညီသော ကြားသံ။             (မြန်မာအဘိဓာန်) ~~~~~~~~~~~~~~~~~ မပြတ်အသံ၊   တညံညံသည် စာအံစာဘတ်၊   ကြပ်ကြပ်မြဲမြဲ သည်,လည်း,ညသတ်၊   ပြတ်ပြတ်သားသား စကားဆိုထွေ ပီလှစေ။   ။            (ရှင်မဟာသီလဝံသ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ပုဒ်စပ်ချောပြေ၊        သန္ဓေခြားဖြတ် သံလွတ်ဖွင့်ဆို၊          ရှည်တိုလေးပေါ့ တင်းလျော့နိဂ္ဂဟိတ်၊  အစိတ်အဖြာ အင်္ဂါဆယ်ခု၊              ဖတ်မှု မကျွမ်း နား မချမ်းမူ၊ တတ်စွမ်းသောလျောက်၊ မကောက် မငင် မသင်ပြင်ဘဲ၊                  မဖင့်နွှဲနှင့် မရဲမရောင့်၊                    စနှောင့်စနင် နာချင်နာရ၊                    စာမကျလည်း ရှုတ်ချပြည်သည်၊           ရိပ်ခြည်မပြ ရွံဖြေကြ၍၊                   အစပြင်ဘွယ် အလယ်ပြင်တန်၊           အစွန်ပြင်ရေး အသင့်ဆေးလျက်၊ ထက်သွေးဖြောင့်သွား၊   စိန်တပ်မြားသို့ မမှားအက္ခရာ၊               မြက်မြက်မာသည် နှုတ်လျှာ မဖုန်ပါလင့်ကုန်။   ။ (ကိုးခန်း- ပိုဒ် ၂၃၉)            (ရှင်မဟာရဋ္ဌသာရ) ~~~~ ၁။ ပ

သု​တေသနသ​ဘောတရားများ

Ph.D Thesis (ပါရဂူဘွဲ့ယူကျမ်း) ပြုလုပ်မည့်သူတွေအတွက်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်...Thesis စလုပ်မဲ့သူတွေအတွက်အလွန်တန်ဖိုးရှိပါတယ်... Thesis လုပ်နေတဲ့အချိန်မှာအခက်အခဲပေါင်းမြောက်များစွာကြုံရပေမဲ့ကိုယ့်ရဲ့ရှာဖွေတွေ့ရှိမှုအသစ်ကခိုင်မာပြီးသက်ဆိုင်ရာပါမောက္ခတွေရဲ့သဘောတူညီမှုရတဲ့အချိန်မှာဖြစ်တဲ့ပီတိကတော့ဘာနဲ့မှမလဲနိုင်ပါဘူး... ======================= Ph.D Proposal (ပါရဂူဘွဲ့ယူရန် အဆိုပြုချက်) တစ်ခုကို ဘယ်လို ရေးသားရမလဲ   Ph.D  Candidade (ပါရဂူဘွဲ့ယူရန် အားထုတ်နေသူ) တစ်ဦးအနေနဲ့ Ph.D proposal (ပါရဂူဘွဲ့ယူရန် အဆိုပြုချက်) တစ်ခုကို ဘယ်လို ရေးသားရမလဲ ဆိုတာနဲ့ စပ်လျဉ်းပြီး သိရှိနားလည်သလောက်ကို Share ခြင်းဖြစ်ပါတယ်။   ပါရဂူဘွဲ့ယူရန် အားထုတ်နေသူဟာ သူ စူးစမ်းလေ့လာမှုပြုရမယ့် ကိစ္စက အသေးအမွှားကလေးပင် ဖြစ်ပါစေ  (၁) သိပ္ပံနည်းကျနည်းနာဗေဒ (Scientific   Methodology) ကို အသုံးပြုခြင်း၊ (၂) ကျိုးကြောင်းခိုင်လုံမှု (Validity) ရှိမရှိသုံးသပ်ခြင်း၊ (၃) ယုံကြည်ကိုးစားနိုင်မှု (Reliability) ရှိ၊ မရှိသုံးသပ်ခြင်းနဲ့ (၄) ဘက်လိုက်မှုကင်းစွာ ကောက်ချက်ချခြင်း (Unbiased  Conclusion) တို့လို တင်းကျပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေကို မဖြစ်မ

စကားထာ

" မြန်မာ့ရိုးရာ စကားထာ " ••••••••••••••               စကားထာ ဆိုသော ဝေါဟာရ၏ အနက်ကို  အချို့ ပညာရှိများက 'စကား+အတ္ထ=စကတ္ထ' ထိုမှ တစ်ဆင့် "စကားထာ" ဟူ၍ ဖြစ်လာကြောင်း ပြော၏။ အဓိပ္ပါယ်မှာ စကား၏ အနက်ကို ဆိုလိုပါသည် ။             အချို့  ပညာရှိများကလည်း 'စကား+ထပန' ဟူသည့် ပုဒ် နှစ်ခုကို မြန်မာ့အသံဖြင့် ပေါင်း၍ဖတ်လျှင် 'စကားထာပနာ' ဟူ၍ ရသည်ဖြစ်ရာ အတိုကောက် အားဖြင့် "စကားထာ" ဟု တွင်လာကြောင်း ပြောပါသည်။               စကားထာ များကို အမျိုးအစား အားဖြင့်  ( ၆ ) မျိုး ခွဲခြားဖေါ်ပြထားပါသည် ။ ယင်းတို့ မှာ - ( ၁ )  စကားထာ ရိုးရိုး       ( ၂ )  စကားလိမ် ( ၃ )  စကားဝှက်              ( ၄ )  သင်္ချာ စကားထာ ( ၅ )  ပုစ္ဆာ စကားထာ        ( ၆ )  ပုံပြင် စကားထာ ဟူ၍ ဖြစ်ပါသည် ။                         စကားထာ ရိုးရိုး ဆိုသည်မှာ အများသိကြပြီး ဖြစ်သည့် ဥပမာအားဖြင့် ဖြစ်စေ အနက်အားဖြင့် ဖြစ်စေ ဆိုလိုရင်းကို ဖုံးကွယ်၍ ဝှက်သော စကားထာ မျိုး ဖြစ် ပါသည် ။  သွားတော့ခွေခွေ နေတော့စင်းစင်း  = ခေါင်းခု မြစ်လယ်ကောင် သောင်ထွန်း နတ်သမီး နေတဲ့ကျွန်း                 = ကျောက်ပြင်        

ဘဝတွက်​တာ

ပဟေဠိဆန်သော အဆုံးအမများ &&&&&&&&&&&&&&&&&&&&& ၁။ တစ်နေ့ လက်ခုပ် သုံးခါတီး။ ၂။ ငါးဟင်းကြီးများ အမြဲစား။ ၃။ ရေအေး အခါခါသောက်။ ၄။ တောင်ဝှေးသုံးချောင်းထောက်။      အန္တရာယ်ကင်းပျောက်။      မဂ်ဖိုလ်နိဗ္ဗာန်ရောက်။ ================================= ၁။ "တစ်နေ့လက်ခုပ်သုံးခါတီး"ဆိုသည်မှာ တစ်နေ့လျှင် သုံးကြိမ် ဘုရားရှိခိုးပါဟု ဆိုလိုခြင်း ဖြစ်ပါသည်။ (အိပ်ယာထတစ်ကြိမ်၊ အလုပ်အကိုင်သွားခါနီးတစ်ကြိမ်၊ အိပ်ယာဝင်တစ်ကြိမ်)။ ================================= ၂။ "ငါးဟင်းကြီးများအမြဲစား" ဆိုသည်မှာ ငါးပါးသီလကို အမြဲလုံခြုံအောင် စောင့်ထိန်းပါ ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ================================= ၃။ "ရေအေးအခါခါသောက်" ဆိုသည်မှာ အေးမြသော မေတ္တာ ဘာဝနာတရားကို အကြိမ်ကြိမ်ပွါးပါ ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ================================= ၄။ "တောင်ဝှေးသုံးချောင်းထောက်" ဆိုသည်မှာ အနိစ္စ-မမြဲခြင်း၊ ဒုက္ခ-ဆင်းရဲခြင်း၊ အနတ္တ-ကိုယ်စိုးကိုယ်ပိုင် ခိုင်မြဲသော အနှစ်သာရ ဘာမျှမရှိဟူသော လက္ခဏာရေးသုံးပါးကို မ