Posts

Showing posts from March, 2019

ထောင့်

ရှုထောင့် (၁) 🍀🌹🍀🌹 မြန်မာစာမေးခွန်းရှည်တွေကို ဖြေဆိုတဲ့အခါ 'ရှုထောင့်'ဆိုတာကို  သိဖို့ လိုပါတယ်။ 'ရှုထောင့်' ဆိုတာ 'ရှု'တဲ့'ထောင့်'ပါပဲ။ ဟောဒီအတန်းကလေးကို  သည်လို 'လက်ဝဲထောင့်'က ကြည့်မယ်၊ မြင်မယ်၊ မြင်တဲ့အတိုင်းပြောမယ်။ သည်လို 'အလယ်'က ကြည့်မယ်၊ မြင်မယ်၊ မြင်တဲ့အတိုင်းပြောမယ်။  သည်လို 'လက်ယာထောင့်'က ကြည့်မယ်၊ မြင်မယ်၊ မြင်တဲ့အတိုင်းပြောမယ်။  ကဲ..မြင်ပုံ ပြောပုံ တူမလား။ မတူနိုင်ပါဘူး။ ပြောတာကတော့  သည်အတန်းအကြောင်း ပြောတာပါပဲ။  ဒါပေမဲ့ ကြည့်တဲ့သူ နေတဲ့နေရာ လိုက်ပြီး  မြင်ပုံပြောပုံ ကွဲပြားသွားပါတယ်။  'ရှုထောင့်'ဆိုတာလဲ သည်သဘောပါပဲ။ စာဖြေတဲ့သူ နေရမဲ့နေရာအလိုက် ဖြေဆိုပုံ ကွဲပြားသွားတာကို ပြောတာပါ။  'ရှုထောင့်'ကို သည်လို (၃) မျိုး ခွဲကြည့်ချင်ပါတယ်။ (၁) စာဖြေသူရှုထောင့်/မိမိရှုထောင့် (၂) စာဆို/စာရေးသူရှုထောင့် (၃) ဇာတ်ဆောင်ရှုထောင့် ကဲ.အခုဆိုရင် "ရွှေနှင့်ယိုးမှား ပန်းစံကား" ကဗျာထဲက မိန်းမပျိုကလေးအကြောင်းကို ပြောပြခဲ့ပြီးပါပြီ။ တစ်စုံတစ်ယောက်က မေးပါလိမ့်မယ်။  (၁)  "မင်း၊ ရွှေနှင့်ယိုးမှား ပန်းစကား ကဗျာထဲက  မိန်းကေ