ရ​ဝေရှင်​​ထွေး၏ အန်​ချင်း ၈၄ပုဒ်

လန်ဒန်မြို့ ဗြိတိသျှပြတိုက်ရှိ ပေမူမှ မြန်မာ ပညာရှင် ဦးတက်ထွဋ် က သက္ကရာဇ် ၁၂၄ဝ ပြာသိုလဆန်း ၁ ရက်တွင် အပြီးသတ် ကူးယူပြီး Journal of Burma Research Society သို့ပေးပို့ခဲ့သော တောင်ငူခေတ် စာဆိုတော် ရဝေရှင်ထွေး၏ အန်ချင်း ၈၄ ပုဒ် ကို တင်ပြအပ်ပါသည်။

(၁) စောလေ။ ။အဆန်းတကြယ်၊ တင့်မျိုးကြွယ်သား၊ ဆင်စွဲဝန်းရှက်၊ ခြူးတဘက်ကို၊ သက်မင်းတို့က၊ ဆက်လှာရသည၊် ဖြူလွရိုးရိုး၊ ယက်ပျောက်မျိုးထိ၊ ကတိုးဘုံဘုံ၊ ကိုလုံးထုံ၍၊ င်္ခြုပါလေဦး၊ ဝါလကြူးမှ၊ ဖူးလော့ရွှေရင်၊ မချမ်းခင်ကို၊ လျင်တော်မူစေ၊ ဆက်ခြေလျှင်လျား၊ မယ့်ကိုစားဟု၊ သနားစဘွယ်၊ ဖူးရလွယ်အောင်၊ ရွှေသွယ်ကွန်ချာ၊ ပရဝါပွင့်၊ မှော်နှင့်ကျက်ရုံး၊ ပန်းသုံးပန်းသွန်း၊ ပန်းရွှန်းရွဲလုံး၊ ပန်းကုံးခြူးပျံ၊ လှစံခြရားပွင့်၊ လှတင့်ခြရားခြေ၊ ကြောင့်ကြပြေနှင့်၊ ရွှေနားပေညောင်း၊ လက်သည်းစောင်းက၊ ပြောက်ကောင်းဇာတာအိမ်၊ မွှေ့သိမ်တုမရ၊ ဆောင်းလမိုးကျယ်၊ စံမ္ပယ်သွယ်နှင့်၊ ဘို့မယ်ဆင်ဘရက်၊ ခြူးရွက်ကောက်ခွေ၊ ရွှေပေတူမပြား၊ သကြားစံအုပ်ဆောင်း၊ ပြောက်ကောင်းအံ့ချင်ဘွယ်၊ တို့မယ်မျက်နှာတောင်၊ လဲအောင်ညွန်အံ့ရှင်း၊ ဆင်မျက်ကွင်းနှင့်၊ တင့်ချင်းဇမ္ဗူချယ်၊ မွေးမဲရွှေလက်ယာ၊ အိမ်တော်သာက၊ နှိုင်းရာဘက်မထင်၊ မာန်အောင်စင်နှင့်၊ ရွှေပင်ပန်းကိုးမည်၊ လှသည်ပန်းကိုးတန်၊ သုံးဘန်လှည့်လက်ျာ၊ သိင်္ခါနန်းတံခါး၊ နှိုင်းရှားရုပ်ထွေဆန်း၊ ထုဘက်ကျွန်းသား၊ ခိုနန်းခိုဝင်က၊ ဘူမရနှင့်၊ အစမွေမမြင်၊ ကျော်ထင်လိပ်ပြာအိမ်၊ ကွေလိမ်သက္ကဒါန်၊ လွန်းပြန်ပင့်ကူကောင်၊ မင်းခေါင်ဆင်စလွယ်၊ အံ့ဘွယ်နှိုင်းကြဆို၊ မောက်တိုရွှေ ထိပ်ဆုံ၊ ဦးရစ်ငုံနှင့်၊ ပြောက်စုံဆန်းမွေ့သိမ်၊ နန်းအိမ်ဘန်ပြသသတတ်၊ ကြွင်းမဲ့တတ်သား၊ ညောင်ပတ်သွယ်ကြိုးငင်၊ တန်ခူးစင်နှင့်၊ ညွှန့် ရှင်လှတင့်ဆုံး၊ ရှိရှားကုံးက၊ အိမ်လုံးချမ်းသာ၊ လူတို့ရွာဝယ်၊ ဖွေရှာကျစ်လစ်၊ ပေါံပေါံသစ်ကို၊ တဖြစ်မကြွင်း၊ စီရင်လျင်း၍၊ ကြောင်းချင်းသြဇာ၊ လျှောက်လှာရသ၊ ဝါလလွန်ကြူး၊ ဆောင်းချမ်းဦးဝယ်၊ ရှည်ဘူးတူပင်၊ မယ့်ရင်ခွင်သို့၊ ပြန်လျင်စေသား၊ မှာကြားတမန်၊ စေဘန်ဘန်ကြောင့်၊ မယ်ရန်မင်းဇော၊ သဘောစိတ်ပိုက်၊ မယ်၌တချောင်း၊ မှတ်စေသောလေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၂)  စောလေ။ ။ဂေါဓမ္မဟု၊ ဇေယမာန်အောင်၊ ရပ်ရှစ်တောင်သည်၊ နှံ့အောင်ဣဒ္ဓိပတ်၊ တံခိုးလွှတ်၍၊ ချွတ်သည်များစွာ၊ ထိုသကျာကား၊ အာကာဘဝဂ်၊ လျှံထက်ပြောင်ပြောင်၊ ခြောက်ရောင်သွယ်သည်၊ မိုးခေါင်ထိလော၊ မထိလောလေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၃)  စောလေ။ ။ရိမတည်းဟု၊ ကမ္ပည်းစာစောင်၊ မှော်ကွန်းထောင်၍၊ လံဘောင်ရှစ်ဆယ်၊ ရူပကယ်သည်၊ မိုးလယ်ထိလော၊ မထိလောလေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၄) စောလေ။ ။လောကထွတ်ထား၊ တို့ဘုရားလျှင်၊ သားတော်မြတ်စွာ၊ ရာဟုလာကို၊ အရာခံထိုက်၊ နောက်တော်လိုက်ဟု၊ ချမ်းမြတ် ငြိမ်စွာ၊ နိဂြောဓာသို့၊ မြတ်စွာဘုန်းခေါင်၊ ထွတ်တန်ဆောင်သည်၊ ရောက်အောင်သွေစရှာ၏လေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၅) စောလေ။ ။အဇာတသတ်၊ ဒေဝဒတ်နှင့်၊ ညီညွတ်လိုတူ၊ သေစိမ့်ဟူ၍၊ ဘုန်းတူမြတ်စွာ၊ ဆွမ်းခံရာဝယ်၊ နာဠာဂီရိ၊ ဆင်ဟတ္တိကိ၊ု ပြင်းဘိမုန်အိုက်၊ လွှတ်တည့်လိုက်သော်၊ မျိုး၌ရင်းချာ၊ အာန္တာဟု၊ သစ္စာမုံရင့်၊ ညီဘုန်းပွင့်သည်၊ လက်ဖြင့်တားစရှာ၏လေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

( ၆) စောလေ။ ။မြို့တောင်မှာလည်း၊ မသာစတောင်း၊ ထွက်တံဆောင်းနှင့်၊ ရောင်မောင်းဝင်းဝါ၊ အိမ်တော်သာဝယ်၊ ဂါတာသံချို၊ ရွတ်ကြဆိုလျက်၊ ပုဂ္ဂိုအရိယာ၊ ပေါင်းစီးလာ၍၊ သင်္ဃာဒိဘိတ်၊ ရွင်းတိတ်မချွတ်၊ ရှင်းရှင်းလွတ်သည်၊ အာပတ်ပြေစရှာ၏လေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၇) စောလေ။ ။သမုဒ္ဒရဇ်၊ ဖြစ်သည်ကျယ်ဘိ၊ ရေဝယ်ရှိသား၊ ဇောတိရဿ၊ ဆွရရွကို၊ ဆက်ရသသူ၊ သည်လျှင်လူဟု၊ ဆံမြူမြွက်ဟ၊ ဆိုကြမချွတ်၊ စကားတတ်သား၊ မုက္ခပတ်သံချို၊ တောင်းပန်ဆိုလျက်၊ ပုဂ္ဂိုအရိယာ၊ မြတ်သင်္ဃာဝယ်၊ မယ်သာမေးစရှာ၏လေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၈) စောလေ။ ။ကောင်းမြတ်မူထား၊ မြတ်ထွတ်ဖျားမူ၊ မှတ်သားနားဝင်၊ ကျမ်းဗေဒင်ကို၊ ညွှန့်ရှင်ခက်ဖြာ၊ ပန်းနေဇာနှင့်၊ လက်ျာခရု၊ ဇေယတုဟု၊ အောင်ဆုမည်သာ၊ အန်ချင်းစာကို၊ ချိုသာနှုတ်ထွက်၊ ရွှေပေရွက်ဝယ်၊ တင်လျက်ရေးစရှာ၏လေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၉) စောလေ။ ။စံမြဲစတေ၊ ပတ်စာရွှေနှင့်၊ ဝေးမြေရပ်ဖြစ်၊ ပိတ်သစ်စုလျား၊ စကားရွှေဖျင်၊ ပေါ်ရုံတင်၍၊ ရောင်ထင်မိုးဖျား၊ စွန်နားစိမ်းဝါ၊ နီထွာထွတ်ထွတ်၊ စမ္ပိကတ်နှင့်၊ ကြာနတ်အသွင်၊ မျိုးနှောင်းမြင်လျင်၊ ပျံ့ရွှင်တုမဲ့၊ ထင်ပြဲ့ပြဲ့သည်၊ အိုဘယ့်ဆံထုံး ၊ပေါက်ရွှေကုံးနှင့်၊ ဦးလုံးထိပ်ပြင်၊ အပြည့်ဆင်မှ၊ သံရွှင်ပျံ့ညှင်း၊ မပျော်လျင်းသည်၊ အန်ချင်းဆိုစ ရှာ၏လေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၁ဝ) စောလေ။ ။မြင့်မိုသခင်၊ သူဇာကြင်သည်၊ နတ်ရှင်သို့လော၊ ထင်လှမောစ၊ ရှင်ဇောတူသည်၊ အမည်နာပျော်၊ မှည့်ကြခေါ်သား၊ နှောင်းမြော်နေရာ၊ ထူးအံ့လာသည်၊ တောင်ညာနန်းနေ၊ ခေါင်ဗွေထွတ်တင်၊ ထိုသခင်ဝယ်၊ ထိပ်ပြင်လက်အုပ်၊ ကိုယ်လုပ်တော်ရင်း၊ မိုးနတ်ဆင်းထီး၊ မင်းသမီးများ၊ အပါးပါးကို၊ စကားတည်းချုပ်၊ သစ္စာရုပ်၍၊ သိအုပ်လွှဲစရှာ၏လေ။ ၊ဘော်ချင်းတို့လေ ဘော်ချင်းတို့။

(၁၁) စောလေ။ ။ဘဏ္ဍိုင်သာလွန်၊ ကြာပြန်ချူးလိမ်၊ တင်းတိမ်ရံတော်၊ မာန်အောက်ဖြောက်ကြီး၊ ဆီမီးဝင်းဝါ၊ အုံးမွေ့ရာထက်၊ နံ့သာပျံ့သင်း၊ ထုံမွှေးလိမ်းပြီး၊ အုံးပန်းမှီလျက်၊ ထမီကောင်းစစ်၊ ယွန်းဖြစ်ခြူနီ၊ မဝတ်ဤသည့်၊ မူရီလဲစရှာ၏လေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၁၂) စောလေ။ ။ဆင်ရတနာ၊ များလှစွာသည်၊ စကြာသခင်၊ မြုတေရှင်ကို၊ သားလျင်မြင်မြော်၊ ခမည်းတော်မင်း၊ လူ့မှန်ကင်းလျင်၊ သင်းပင်းမြို့ကိုင်၊ ခရိုင်တခြား၊ ကျေးသီးစားသည်၊  သောကားမှန်ပြီး၊ အမတ်ကြီး၏၊ သမီးနှောင်းမွေ၊ ငြိမ်ဆေးလေသား၊ ရှင်ထွေးအလှ၊ ချောမြမြလျှင်၊ နရသခင်၊ အိမ်ရှေ့ရှင်နှင့်၊ ရှိပြင်သက်ထား၊ ရှစ်သောင်းဖျားဝယ်၊ ခစားမြဲစ ရှာ၏လေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၁၃) စောလေ။ ။ယနေ့အပ၊ ယမန်ညလည်း၊ ချောလှညက်ပြာ၊ ဘော်တကာဝယ်၊ အညာရှေ့ဆီ၊ နေရာနီထက်၊ ထမီရွှေနှိုင်း၊ ခြူဆိုးကွက်ကတ်၊ ကြိုက်ရာဝတ်၍၊ မြိတ်လွှတ်မြိတ်ချပ်၊ မှန်နားကပ်နှင့်၊ လက်စွတ်လက်ကောက်၊ ရောင်တောက်ဝန်းရွှေ၊ ဆင်၍နေသည်၊ တင့်ပေစွလေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၁၄) စောလေ။ ။လောကထွတ်ထား၊ တရားညွန့်ရှင်၊ ဘုရင်ခေါင်ထွတ်၊ ရှစ်သောင်းနတ်လျှင်၊ စက်လွှတ်ရောင်လျှံ၊ ဘိဿိခံသည်၊ ဘော်ရံတသိန်းနှင့်တည့်လေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၁၅)

စောလေ။ ။ဘုရင့်မင်းဖြား၊ တရားရန်အောင်၊ လူထွတ်ခေါင်ဝယ်၊ ရွှေတောင်ဗိမာန်၊ စိုးအုပ်ရံသည်၊ ဆဒ္ဓန်ဆင်နှင့်လေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၁၆)

စောလေ။ ။နတ်ရှင်သမီး၊ ဘုန်းကြီးစံခန်း၊ တောင်ညာနန်းမှာ၊ နေမှန်းသည်ခါ၊ မသိသာခဲ့၊ အဝါကိုရောင်၊ နေဘူပြောင်သည်၊ တံဆောင်ညှိလော၊ မညှိလောလေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၁၇) စောလေ။ ။မပန်ရလဲမပန်ချင်၊ မဏိမလ္လာ၊ ဂန္ဓာနတ်ဖြစ်၊ ပွင့်ဝတ်သစ်ကို၊ မင်းစစ်သမီး၊ ဘုန်းကြီးနတ်ဖန်၊ ငါနှင်းရန်ဟု၊ ပန်ပေစလေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၁၈) စောလေ။ ။မကြင်ရလဲ၊ မကြင်ချင်၊ သမင်နှင့်ကျား၊ မြွေနှင့်ဘားသို့၊ ကျောက်သားကြက်ဥ၊ စံတုနိုင်းအင်၊ အရှင်နှင့်ကျွန်၊ ဘုန်းမတန်သည်၊ မှန်ပေ၏လေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၁၉) စောလေ။ ။မစားရလဲ၊ မစားချင်၊ ရွှေတင်စတေ၊ သီးမှည့်ကျွေသည့်၊ သပြေသီးကို၊ ဘုန်းကြီးနတ်တူ၊ ငါ့ဘို့ဟူ၍၊ ယူလေ၏လေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၂၀) စောလေ။ ။မချစ်ရလဲ၊ မချစ်ချင်၊ နတ်ရှင်မင်းဖြား၊ တရားကျော်စွာ၊ ဥပရာကို၊ ရှိကြာထိပ်စွန်၊ ပန်းနှယ်ပန်လျက်၊ ကျွန်နှင့်အရှင်၊ဆိတ်နှင့်ဆင်သို့၊ ခဲအင်ထွေယူ၊ ဘုန်းမတူသည်၊ ယူလေ၏လေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၂၁) စောလေ။ ။မလွမ်းရလဲ၊ မလွမ်းချင်၊ အသျှင်နှင့်ကျွန်၊ ဘုန်းမတန်သည်၊ ပူဘန်သမ်မြန်း၊ ညှိုးလှည့်ဆန်းလေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၂၂) စောလေ။ ။အနဂ္ဃတိ၊ တိုင်းမသိသည်၊ မဏိဇောတ၊ ပျံလွှာကျ၍၊ အလှစံတည်၊ မဲကောက်သည်လေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၂၃)

စောလေ။ ။အကျွန်ုပ်ကို၊ မဆိုနှင့်ဦး၊ ကျေးဇူးများမြောင်၊ ပြည်ထောင်ရာစင်း၊ မင်းတို့သမီး၊ ရံတင်ပြီးမှ၊ ပတ်ဆီးကျိုးနွံ၊ ဦးဆံကစ၊ စိုးမိုးရ၍၊ နန်းမရာထား၊ ရှစ်သောင်းဖျားလျင်၊ ဘန်များမေးမြူ၊ ရိပ်တော်မူ၍၊ မဲကြောက်သည်လေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၂၄) စောလေ။ ။ရှစ်သောင်းအဖျား၊ တောင်ညာထားကို၊ သနားစိမ့်မည်၊ မယ်ဆက်သည့်တုံ၊ ရွှေစည်ထွန်းပြောင်၊ မန်အောင်ပြောက်ကွက်၊ ကျွန်ပ်ရက်သည်၊ ကြေးငှက်စုံစီ ၊ဇာမရီနှင့်၊ ဇာနည်ခြင်သေ့၊ ရန်စွေ့သားပေါင်း၊ ဥဒေါင်းကြိုးကြာ၊ ဟင်းသာငှက်တူ၊ ခြူးသူရုတ်ဖူး၊ လွန်ဆန်းထူး၍၊ ကြည်မူးဘွယ်ပေ၊ ပြစ်မျိုးထွေသည်၊ တင့်ပေစွလေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၂၅) စောလေ။ ။မယ့်ကိုလည်းယူ၊ အိမ်ဖြူသာမြင့်၊ ဝင်းနှင့်အိပ်ဘန်၊ ထားစဟန်ကား၊ ကြူးလွန်မအား၊ လူကိုထားဘိ၊ သကြားသော်မျှ၊ ကြားကထပ်လှောက်၊ ကြောက်ပင်ကြောက်လိမ့်၊ မီးပေါက်လေးမြား၊ တံခါးတိုင်းပင်၊ မြင်းဆင်ပိတ်မျှ၊ အိပ်ဖန်ချ၍၊ ထိန်းရရွှေအုပ်၊ ရံကိုယ်လုပ်နှင့်၊ ကျွန်ပ်စံစားရှာ၏လေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၂၆) စောလေ။ ။ယနေ့တဆက်၊ ယမန်ရက်တွင်၊ သန်လျက်ကိုင်ကာ၊ မယ်သို့ လာသည်၊ မင်းလျာ မြရည်၊ ဆီးခဲ့သည်ကား၊ ကြာချည်ပုဆိုး၊ ထိမ်မီးခိုးသို့၊ တင့်နိုးအကျော်၊ အင်းကျီတော်လည်း၊ ရွှေလှော်ဆင်းဝါ၊ ခတီပါတိ၊ နှိုင်းရာမများ၊ မြဘက်ခါးကို၊ များများမဖေါ်၊ တချမ်း ပေါ်နှင့်၊ပေါင်းတော်စိန်ပန်း၊ မြို့လွန်းထွန်းမျှ၊ ကြိုင်မွှန်းပျံ့လှောင်း၊ ရွှေပေါင်းနံချည်၊ ပန်းမည် မဉ္ဇူ၊ ပန်တော်မူ ၍၊ ဇမ္ဗူကျွန်းရှင်၊ မယ့်သက်တင်ကြောင့်၊ ထိပ်ပြင်ရှိလက်၊ လွမ်းသည့်ရက်ကို၊ လျှောက်မွက်ရေစ ရှာ၏လေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၂၇) စောလေ။ ။ယနေ့အပ၊ ယမန်ညလည်း၊ ဇောတမဏိ၊ ရွှေတိဆင်ယင်၊ ရိပ်ရိပ်မြင်က၊ မရွှင်ညွတ်ပျောင်း၊ ကြည့်မိညောင်းစွ၊ နန်းလောင်းရာထား၊ သကြားနှိုင်းရှဲ့၊ ပြိုင်တုမဲ့သည်၊ အိုဘဲ့မင်းသား၊ မြဘက်ခါးနှင့်၊ ရှောင်ကြားတော်တွင်၊ ဆံကျင်ပြည်ထိ၊ ဘက်မရှိတည့်၊ ကာသိခေါမ၊ ဂေါထုမ္ပမှ၊ ကျသည့်ပုဆိုး၊ မင်းဝတ်ရိုးလည်း၊ ကဲမိုးထုလွတ်၊ ဘိုးသိန်းခတ်နှင့်၊ ဘယ်နတ်ပေဟု၊ ညက်ခြေပျိုနု၊ ရွယ်တစုလျှင်၊ ချောမှုသိလို၊ မေးမြန်းဆို၍၊ သံချိုပြောကြရှာ၏လေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၂၈) စောလေ။ ။အစေ့မစိုက်၊ ရေမတိုက်သား၊ မြေ၌ညွှန့်ရှင်၊ ထိုသစ်ပင်ဝယ်၊ မြူးရွှင်သာကြည်၊ နားလှာသည်လည်း၊ တောင်ရျည်မြီးလှ၊ ငှက်ညိုမြကို၊ ရလိုမူကား၊ အယူသင့်လှ၊ လုံ့လပြင်းနှင့်၊ မှန်ခြင်းဥပဒေ၊ ထောင်ပါလောလေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၂၉) စောလေ။ ။သမုဒ္ဒရာ၊ ဂင်္ဂါမြစ်တွင်း၊ ငါးမင်းကြီးစွာ၊ အာနန္ဒာကို ၊ အသာလွယ်ကူ၊ ရလိုမူကား၊ ရေးယူပြင်နား၊ မြို့သမားနှင့်၊ တားပါလောလေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၃၀) စောလေ။ ။သပြေမြရိပ်၊ ဇမ္ဗူထိပ်ဝယ်၊ တကျိပ်ရင့်စင်၊ ဆတ္တရှင်ဟု၊ မင်းတွင်မင်းမြတ်၊ ကျွန်းလုံးပတ်သည်၊ မန္ဓာတ် သည်းချာ၊ ဥပရာနှင့်၊ သည်းလျာစိတ်တူ၊ စံလိုမူကား၊ ထိန့်ဆူကျေညာ၊ ရင်မျက်နှာဝယ်၊ စကြာမင်းဘ၊ နရထိပ်တင်၊ တောင်ငူရှင်၏၊ ကျွန်တွင်တယောက်၊ စံတင်လောက်သည်၊ ပြိုင်ထောက်မပြီး၊ အမတ်ကြီး၏၊ သမီးနှောင်းမြော်၊ ကျင်ပျော်စလှ၊ ရှင်ထွေးမြကို၊ ပြပါလောလေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၃၁) စောလေ။ ။ဇာနည်မာတင်၊ စီးတော်ဆင်ထက်၊ ရွှေစင်လှော်သစ်၊ ဇမ္ဗူရဇ်တိ၊ မျက်နှစ်ရတနာ၊ မင်းတန်ဆာနှင့်၊ ခါးမှာလျလျ၊ ရင်ဝကားကား၊ ကျောသားလုံးလုံး၊ လက်ရုံးထွန်းပေါ်၊ ကိုယ်တော်ကျိုင်းကျိုင်း၊ တပိုင်းမြမြ၊ ဆင်းရူပမူ၊ သူဇာ့ငယ်ကြင်၊ မြင့်ုမိုရ်ရှင်လည်း၊ သို့စင်မတင့်၊ ကြီးမြင့်သပ်သပ်၊ လုံးရပ်ဖြိုးဖြိုး၊ တင့်မျိုးမက၊ မြော်ပါရဟု၊ ချင်းတဝန်းချုပ် ၊ ရံကိုယ်လုပ်ကို၊ ကျွန်ပ်ပြန်သည်၊ အဘန်တလဲလဲတည့်လေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၃၂) စောလေ။ ။ရှုမြော်ကာမျှ၊ အဆတန်ရည်၊ စံတည်ရွှေရေး၊ သန္ဒေးရောင်တင်၊ ရွှေစင်စလောင်း၊ ငွေလောင်းပုံသွန်း၊ ကြာလင်ပန်းနှိုက်၊ ကြိုင်မွှန်းနံ့မွှေး၊ ရသေးထမင်း၊ ဆိမ့်ချိုဟင်းလည်း၊ စုံသင်းပျံ့ လှောင်း၊ မပေါင်းကျစ်ကျော်၊ ဆီပေါ်နေလှပ်၊ ယိုသနပ်နှင့်၊ နှစ်ထပ်မလှုံ့၊ မသိုးမုန့်က၊ စသည့်တထွေ၊ သရေကရာ၊ သကာအုန်းသီး၊ လုပ်မှပြီးသာ၊ မကြီးအတန်၊ ကျွေပကန်ငယ်၊ ဆိမ့်ဘန်စပ်ရှား၊ ချိုပျားအရသာ၊ ကောင်းရာရာကို၊ ရွှေဝါညံ့သက်၊ သန္တာလက်နှင့်၊ စားဘက်မခေါ်၊ မျိုးနှောင်မြော်သည်၊ စားတော်စားစ ရှာ၏လေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။

(၃၃) စောလေ။ ။စားတော်နှစ်ခြိုက်၊ စားစဉ်ကြိုက်ဝယ်၊ ယောင်မြိုက်ငြိမ့်လေး၊ စားတော်ကြွေးသည်၊် ကြိုင်မွှေးနံ့ကျော်၊ မြတ်အာဘော်နှင့်၊ သောက

Comments

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ