မေတ္တာစာ

အညာ​မြေ ခါ​နွေပူရာက
အေးမြသည့်​​မေတ္တာမိုး
သွန်းဖြိုးလို့​စွေရွာသည့်​အခိုက်
အကျွနု​ပ်​ဘကြီး​အောင်
ထောင်​ရာကု​ဋေ သ​င်္ချေမက
အေးလှ​သော​မေတ္တာ
ကရုဏာ​စေတနာသွန်း​လောင်း၍
မှာကြားပါရ​စေ
တောဘုရွာ​နေ လူပျိုသိုး ကို​မောင်​စိုး
ကျွနု​ပ်​တို့မှာ ကုသိုလ်​အကျိုး
ပွားတိုး​စေရန်​ စိတ်​ရည်​သန်​ကာ
ဘုရား
ဖူးရင်း လိပ်​ဥတူးကြရာ
ကျန်းမာပကတိ ချမ်းသာစွာရှိကြပါသည်​။
ဖုန်းမလာ မက်​​ဆေ့မပို့
သင်​၏သတင်းမကြားရသည်​မှာ
၁။ မြို့​ရွှေရန်​ကုန်​ တန်​ခိုးဟုန်​သည့်
ရွှေတိဂုံကို ဖူး​မြော်​လို၍​လော
၂။ ဆူး​လေဘုရားမှာ
ထူး​ထွေပြားပြီး လိုင်းကားပင်​မှား၍စီးမည်​​လော
၃။ မယ်​လမုမှာ တကယ်​ရှု​လောက်​တဲ့ပျိုကညာတစ်​သင်းကို
မောင်​စိုးရဲ့အညာလက်​​ဆောင်
သနပ်​ခါးတုံးကြီးကိုပဲ ​ထောင်​၍​ထောင်​၍ပြ​နေမည်​​လော
၎။ လှည်းတန်းမှာ ပွဲကြမ်းခဲ့တဲ့
ဟိုအရင်​ကအမှား​တွေကိုပဲ
တိုး​ဝှေ့​ဝှေ့ကာ ​တောင်းပန်​​နေမည်​​လော
၅။ စာအုပ်​စာ​ပေ အ​ထွေ​ထွေကို
ဝယ်​ယူသိမ်းဆည်းရှာမှီးလို၍​လော
၆။ အကြံလှိုင်း​သော်​လည်း စိတ်​တိုင်းကျမပြည့်​စုံ
အာသာအဖုံဖုံကို ဖြည့်​ဆည်းလို၍​လော
၇။ ချစ်​လျက်​သား​စေတနာ
သွားချင်​လျက်​စိတ်​ကူး
မထူး​တော့သည်​မို့
ပေါရိသာထုံး နှလုံးမူကာ
မရလျှင်​ ရသက ကိုပဲချိုင်​မည် ဟူ​သော
စိတ်​ကူး​ပေါက်​၍​လော
သို့​လောသို့​လော
က​သောက​မျောနှင့်​ မပူသင့်​မပူရာ
ပူမိ​သောအခါဝယ်
ပျော့စိစိပူ​ဖောင်း​သော်​မှ
လေမှုတ်​လျှင်​တင်းတတ်​သည်တစ်​​ကြောင်း
စအိုဝသို့ ဝင်​​သော
လောက်​စာလုံးပင်​လျှင်
ရေစိမ်​က နူး၍​ပျောက်​တတ်​သည်​တစ်​ဖုံ
အစုံစုံအ​ရေး ​အောင်​​ရေးပတ္တနာဖြစ်​ပါ​စေ​ကြောင်း
မြို့​ရွှေမုံ​နေ ​ရောင်းရင်းတစ်​စုက
ရန်​ကုန်​ပြန်​​မောင်​​မောင်​စိုး၏
ဝါမဝင်​မီ ပါးလာမည့်
ဖိတ်​စာနီပြာဝါအစုံတို့ကို
ကမ်းလင့်​တာ မြင်​လို​လှပါသည်​ခင်​​ဗျား

Comments

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ