နေခြည်​လင်း၏ ရိုးဂုဏ်​ကဗျာ

ရိုးဂုဏ်
====
နွေလွင်ပြင်
နီကြင်ကြင်  ပက်ကြားအက်မှာလ
သွေ့လျက်ညှာ  ဝါထိန်ထိန်နဲ့
ရိုးတံလိမ်  သွေ့ကာခြောက်
သူ့ဂုဏ်ရှိန်  မတောက်သေးပါဘု
နွမ်းခြောက်ကာ ရှင်သန်နေကြရ
မြေအပူ လေပူတိုက်
နွမ်း ဟိုက်ဟိုက်  တနင်နင်
သူ့ဂုဏ်အင်  မစွန့်သေး ။
ခါဝသန်
ရွာပြန်ပ  တဖွဲဖွဲ
တမွဲမွဲ  နဂိုအဆင်
ညှိုးခြောက်ကာ  နေစာပင်က
တစ်မိုးသောက်ကာ
တန်ခိုးတောက်လာ  တရွှင်ရွှင်ပ
စိမ်းလွင်လွင်  သူ့အဆင်းရယ်နဲ့
နင်းပြားခံ  နေစာပင်က
မင်္ဂလာသဘင်  အောင်ပန်း အဖြစ်
တင့်ဆန်းလာ အောင်သပြေနဲ့
တွဲဖက်ကာ အလှတိုး
မြက်နေစာ  အနေရိုးတော့
မြတ်နိုး တန်ဖိုးထားကြတယ်
ရိုးဂုဏ်ကွဲ့လေး ။   ။
                အောင်လင်း
                 မြန်မာစာ
                  မုံရွာတက္ကသိုလ်

Comments

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ