ထန်းချစ်​သူ

ထန်းချစ်သူ
=======
ထန်းပင်ကြီးရဲ့အောက်
ထန်းပင်လေးတွေပေါက်
ထန်းပင်လေးတွေနုတ်
ထန်းပင်လေးတွေစိုက်
ထန်းပင်ကြီးပေါ်တက်
ထန်းနို့ချောင်းကိုလှီး
ထန်းပွင့်လေးတွေကြွေ
ထန်းပင်ကြီးပေါ်က
ထန်းသီးခိုင်ကိုချိုင်
ထန်းသီးဆန်ကိုစား
ထန်းသီးခွံကိုလှီး
ထန်းစားကျင်းထဲထည့်
ထန်းရေခါးကိုသောက်
ထန်းဖူးဦးထုပ်ဆောင်း
ထန်းငုတ်တိုပေါ်ထိုင်
ထန်းရွက်ပီပီမှုတ်
ထန်းစေ့ကိုပျိုး
ထန်းပင်မြစ်ကိုဖော်
ထန်းကျိထွေးကိုစား
ထန်းလက်တဲဘေးမှာ
ထန်းပပ်ကိုမီးဆိုက်
ထန်းပင်မြစ်ကိုပြုတ်
ထန်းဆုံထဲမှာထည့်
ထန်းကျည်ပွေ့နဲ့ထောင်း
ထန်းစစ်ဖက်မီးထိုး
ထန်းရည်ကိုကျို
ထန်းယောက်မနဲ့မွှေ
ထန်းလျက်ချိုချက်
ထန်းပလပ်ခုံဘေး
ထန်းသားကွပ်ပျစ်ထက်
ထန်းကြောဖျာပေါ်ထိုင်
ထန်းလျှော်ပါးပါးလှီး
ထန်းခေါက်တောင်းထဲက
ထန်းသီးမုန့်ကိုစား
ထန်းစေ့မှုတ်နဲ့ခပ်
ထန်းရေချိုကိုသောက်
ထန်းခေါက်ဖာထဲက
ထန်းလက်ပုတီးလေးနဲ့
ထန်းဖူးရုပ်လေးရယ်
ထန်းပလပ်နွားလေးရယ်
ထန်းတောရွာဘေးက
ထန်းတောလေးကိုလွမ်းမိတယ်။
                                   အောင်လင်း(ဘုဘ)
photo  Credit

Comments

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ