အထက်​​ပေါက်​ ​အောက်​​ပေါက်

အထက်ပေါက် ကြောက်မှ အောက်ပေါက် နဲ့တွေ့ "
*****************************************************
ရှေးအခါက အညာဒေသရှိ ရွာတစ်ရွာတွင် ဦးပဉ္ဇင်းလေးတစ်ပါး
သည် ကျောင်းထိုင်ဘုန်းကြီးအဖြစ် ခံယူနေသည် ။ ရပ်ရွာထဲမှ ဒကာမ
တစ်ဦးသည် အခြားသူများထက်ပို၍ ဆွမ်းအုပ်ကို နေ့မှန် ၊ ရက်မှန် ချက်ပြုတ်
လှူဒါန်းလေသည် ။

ထိုဆွမ်းတရာမမှာ ပေါက်ပွင့်သုပ်ကို လက်ကိုင်ပြု၍ နေ့စဉ်လှူ
ဒါန်းလေသည် ။ ကျောင်းထိုင် ကိုယ်တော်လေးသည် ပေါက်ပွင့်သုပ်ကို နေ့စဉ်ပင် မှီဝဲနေရသေည် ။ နှစ်ရှည်လများ ဖြစ်လာသော် ပေါက်ပွင့်ကို မုန်းလာလေတော့သည် ။ ဖြစ်ဖြစ်၍ ကိုယ်တော်လေးသည် စားရဖန်များလာပြီး စိတ်ညစ်၍ နေသည် ။
ရက်ပေါင်း ကြာညောင်းလာသည့်အခါ ဦးပဉ္ဇင်းလေးသည် ထိုရွာ
မှ တိတ်တဆိတ် အောက်ပြည် အောက်ရွာသို့ စုန်ဆင်းခဲ့တော့သည် ။
ငါးပိ ငါးခြောက်ပေါသည့် အောက်ပြည် ၊ အောက်ရွာ တစ်ရွာတွင်
ပထမ အဂ န္တု ဧည့်သည်အဖြစ်နေရသည် ။ နောက် အကြောင်းအပေါင်းသင့်
ပြီး ထိုရွာမှာပင် ကျောင်းထိုင်ဘုန်းကြီးဖြစ်၍ လာရပြန်သည် ။
ထိုရွာတွင်လည်း ဆွမ်းဒကာမတစ်ဦး အခြားသူတို့ထက် ထူးခြား၍ ပေါ်ထွက်လာပြန်သည် ။ ကျောင်းထိုင်ကိုယ်တော်လေးကတော့ ငါးပိ ၊ငါးခြောက်ပေါသည့် အောက်ပြည် အောက်ရွာ ရောက်လာရ၍ အညာက
ပေါက်ပွင့်နဲ့တော့ လွဲပြီဟု ထင်မှတ်ထားသည် ။ ထိုရွာမှ ထူးခြားစွာပင်ဆွမ်းဒကာမ တစ်ဦးသည် နေ့မှန် ၊ ရက်မှန် ဆွမ်းအုပ်ကို ချက်ပြုတ်လှူ ဒါန်း
ပြန်သည် ။ ထို ဆွမ်းတကာမ ကလည်း နေ့စဉ်ပင် ပေါက်ပွင့်သုပ်ကို ပင်တိုင်
ဟင်းအဖြစ် အသုံးပြုပြန်လေသည် ။
ကျောင်းထိုင် ပဉ္ဇင်းလေးသည် ငါတော့ ပေါက်ပွင့်သုပ်နှင့်ပင်လာတိုးရပြန်ပြီ ဟု စိတ်ညစ်ရပြန်သည် ။ သုံးကျောင်းပြောင်း၍တော့ မဖြစ်
တော့ဘူး ၊ အခြားပြောင်းရွေ့ သွားပါက ၎င်းပေါက်ပင်သုပ်သောမှ အစားရဘဲ
နေချေမည်ဟု တွေးတောမိပြီး ၊ ဆွမ်းအုပ်ချက်သည့် ဒကာမအား ဟင်းပြောင်းချက်ရန်ပြောမှပဲ ဟု စဉ်းစားထားလေသည် ။ အတော်အတန် ရင်းနှီးလာသည်ဖြစ်၍ ပြောရဲဆိုရဲလည်း ရှိလာသည် ။
" ဒကာမကြီး ဒီနေ့တော့ ဘာဟင်းချက်ခဲ့သလဲ " ဟု ကိုယ်တော်
လေးက ပေါက်ပွင့်သုပ်နဲ့ လွဲပါရစေဟု အောက်မေ့ပြီး မေးလေသည် ။
" မှန်ပါ ပေါက်ပွင့်သုပ် ပင်တိုင်ဟင်းပေါ့ဘုရား " ဟု လျှောက်ထားလိုက်လေသည် ။
ဤတွင် ကိုယ်တော်လေးသည် မထိန်မချန်တော့ဘဲ ဟင်းပြောင်း
ချက်ရန် ပြောပြတော့သည် ။
" ဟင်းတော့ ပြောင်းချက်အုံးမှဘဲ ဒကာမကြီး ၊ ကျုပ်အထက်အညာ
ကျောင်းထိုင်တုန်းကလဲ ပေါက်ပွင့်သုပ် နေ့စဉ်စားနေရတာနဲ့ စိတ်ညစ်ပြီး ၊
အောက်ပြည် အောက်ရွာ ထွက်လာခဲ့တော့  ၊ အခုလဲ ဒကာမကြီးတို့
အောက်ပြည်အောက်ရွာမှာ ဒီပေါက်ပွင့်သုပ်နဲ့ဘဲ လာတိုးရပြန်ပြီ " ဟု ပြောဆိုလေသည် ။
ဆွမ်းဒကာမသည် ကိုယ်တော်လေးမျက်နှာကို ကြည့်၍ ......
" ဒါဖြင့် ကိုယ်တော် အထက်ပေါက် နဲ့ အောက်ပေါက် ဘယ်ဟာက
ပိုကောင်းသလဲ " ဟု မေးလေသည် ။ ဦးပဉ္ဇင်းလေးသည် ခပ်ပြုံး ပြုံး နှင့်ပင်
အောက်ပေါက်ကသာ ကောင်းကြောင်း ပြောလိုက်ရလေသည် ။ ထိုသို့
မပြောလျှင် ချက်လက်စ ပေါက်ပွင့်သုပ်တောင်မစားရဘဲ နေမည်ဟု တွေးမိပြီး
ပြောလိုက်ခြင်းဖြစ်သည် ။
အခုလည်း ဒကာ အမွန်အမြတ်စီမံချက်ပြုတ်ထားသည့် ချဉ်ပေါင်ရွက် ၀က်သားရောချက်ဟာ ...... " အောက်ပေါက်က သာတယ်ဘဲ ပြောရမှာပေါ့ "
ဟု ကွမ်းစားရင်း ခတ်ပြုံး ပြုံး ပြုလုပ်ကာ ဗန်းမောဆရာတော်က ပြောပြ
လိုက်တော့သည် ။
ဆွမ်းဒါယကာလည်း ဗန်းမော်ဆရာတော်၏ ပြောဟောသော
ပုံပြင်ကို သဘောတွေ့ကာ အိမ်သို့ ပြန်ခဲ့လေတော့သည် ။
======

Comments

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ