အ​ကြောင်းကြားစာ

သို့

   ဒကာညွန့်​ ဘုရားဒကာ

အ​ကြောင်းရှိက သိအပ်​လှ၍

ကြားသိ​စေရန်​ စိတ်​ရည်​သန်​ကာ

ဖြစ်​သည့်​အ​ကြောင်း

သနစ်​စုံအ​ပေါင်းကို

အ​ကြောင်းကြားလိုက်​ကာသည်

ကျွနု​ပ်​ ဘကြီး​အောင်​။

အတူရှိစဉ်​ လူပျိုဆိုး

လေးယောက်​ပြိုင်​၍ပိုး

အကျိုးမမဲ့ မျှပိုး​လေး

ပိုးခဲ့ကြပါ​သော်​လည်း

ယခုအခါ ညွန့်​ဒကာက

ပညာရှာရင်း နှာပွခြင်းအမှု

တွဲပြုရည်​​မျှော်

အကြံ​တော်​နှင့်

မြို့​ရွှေ​တော်​သို့

သွား​ရောက်​သည့်​အခိုက်

ညွန့်​ဒကာကြီး၏

နှ​မြောတသ စိတ်​မချစွာဖြစ်​၍

အလွန်​တရာ ကြီးမားရှည်​လျားစွာ​သော

ပိုက်​ကွန်​အတွင်းရှိ

အဖိုးနည်းစွာ​သော

မရှိမဲ့ ရှိမဲ့ မရှိသုံးပစ္စည်းကြီးများကို


ကျန်​ရစ်​သည့်​ လင်း၊ စိုး၊ တင်​တို့သည်

ခွဲတမ်းမညီ လု​လေသည်​ကား

အလွန်​တရာမှပင်

 ကြည့်​​ကောင်းပါ​ပေသည်​။

စိုးနဲ့တင်​မှာ အ​နေနီး​သော်​လည်း

အကြိုက်​ချင်းနီး​သော

အနှီဓာတ်​ခံ​ကြောင့်

အတွင်းအားထုတ်​သုံးသည့်

နည်းစနစ်​ကို

ပီစွာသုံး၍ စစ်​ခင်းကြ​သော်​လည်း

အချစ်​တို့သည်​ နီး၍မလာဘဲ

နည်းကာနည်းကာဖြင့်

ဝေးရာသို့သာ

ရှဲ၍ရှဲ၍ သွားကြပါသည်​။

တစ်​ဖန်​တစ်​ဝ လင်းကြီးထလည်း

၎င်းနည်းသာ

မပိုရာဘူး။

ထိုထိုအထူး ​ကြောင်းစုံမူးလည်

ရှိရ​ပေသည်

ရတက်​မ​အေး ပူပန်​စွာ

နေပါ​တော့ ဒကာညွန့်​။

 ၂၀၀၆၂၀၁၆



Comments

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ