တ​ဘောင်​စာချိုး

တဘောင် စာချိုးများ(၁)
=============

မိုးကြီးချုပ်လို့ ဘုတ်ကြီးမည်
ပူစီတို့ ဘုန်း။

သာသနာ ဝါယမာ တဖန်ထုတ်ဖို့
ရွှေဘုတ်မယ် ဆံထုံး
နားလှည့်ပါဦး။။

၁။ရှေးက တဘောင်စာကို ပုံစံအမျိုးမျိုးနှင့် ရေးခဲ့ကြသည်။သံပေါက်ဟန် ရေးသလို လင်္ကာဟန်နှင့်လည်း ရေးသည်။အချိုးနှင့် ရေးသည်ကတော့ အများဆုံး ဖြစ်ပေလိမ့်မည်။
၂။ဘကြီးတော်။သာယာဝတီ။ပုဂံ။မင်းတုန်းမင်းတို့ လက်ထက်တွင် သာသနာတော်၌ အကျော်ကြားဆုံး ပုဂ္ဂိုလ်မှာ ဘုရားနှင့်ပင် နှိုင်းယှဉ်ခံရသည့် ဆရာတော်ဦးဗုဓ်ဖြစ်သည်။သာသနာတော်တွင်''ဗုဓ်စ ဗုဓ်လယ် ဗုဓ်ဆုံး''ဟုပင် ဥဒါန်းတွင်ရသည့် နောက်ဆုံးဘုရားတစ်ဆူဖြစ်သည်။
         နန်းမတော် မယ်နုဆောက်လုပ် လှူဒါန်းထားသည့် အုတ်ကျောင်းဆရာတော် ဦးဗုဓ်ဆရာ ဦးပိုးပျံလွန်တော်မူစဉ် အထက်ပါတဘောင်ပေါ်လာခြင်းပင်။နန်းမတော်ကြီးအဖို့ တဘောင်အရဆိုဆို ထိုက်တန်သော ပုဂ္ဂိုလ်ကို ကျောင်းတင်ရပေမင့် သူဘုန်းကြီးသည့် ကျောင်းတကာမကို မည်သည့်အခါမ အရေးပေး မခံရ။သာယာဝတီမင်းမှ အသက်ခံရနီးအချိန် နောက်ဆုံဖူးမျှော်နှုတ်ဆက်သွားသည့် အခါမ''မိနု ဝဋ်ကျွေးရှိရင် ကြေအောင် ဆပ်''ဟု နှစ်သိမ့် စကားအဆို ခံရ၏။

Comments

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ