လူဆိုသည်

ငါဟဲ့လူသား
စွမ်းပကားမြားမြောင်
မာန်စွယ်ထောင်ငြား
ရှုလိုနှစ်ဖွယ်
မြင်သောခါဝယ်
စိတ်နှယ်ဘဝင် မွေ့တုံချင်၏။
ကြမ်းတမ်းခရီး
ပင်ပန်းကြီးက
သနားစာနာ နှစ်သိမ့်ပါ၏။
အဆိုးအကောင်း သောင်းပြောင်းထွေလာ
တွေ့သောခါမူ
ထိုကားမသင့် ဤကားသင့်ဟု
ဝေဖန်ပိုင်းခြား တတ်နိုင်ငြား၏။
သတ္တဝါလောက
နှိုင်းချိန်ဆသော်
လူသာအမြတ်ဆုံးတည်း။

Comments

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ