ဝေဘူဆရာ​တော်​၏ သာသနာပြုပုံ အသုံးအနှုန်းများ

ဝေဘူဆရာတော်၏ သာသနာပြုပုံ အသုံးအနှုန်းများ
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

        ကုသိုလ်ကောင်းမှုပြုသောအခါတွင် ရေစက်ချ၍ ဆုတောင်းဆုယူ အမျှဝေခိုင်းသည်။ ရေစက်ခွက်ကို ရိုသေစွာ လက်နှစ်ဖက်ဖြင့်ကိုင်ခိုင်းလေသည်။

         သက္ကစ္စဖြစ်အောင် ရေစက်ခွက်ကို နှစ်ဖက်ကိုင် ရတယ်။ သက္ကစ္စနဲ့ပြုပြီး အောင်မြင်တဲ့ကုသိုလ်ရှိရင် နင်တို့ အခြွေအရံသားသ္မီးတွေက နင်တို့ပြောတာနား ထောင်တယ်။ နင်တို့စကားအောင်မြင်တယ်။ သက္ကစ္စ မပါရင် မအောင်မြင်ဘူး"

          အလုပ်တစ်ခုလုပ်လျှင် ဆရာတော်သည် သက္က စ္စ(ရိုသေမှု) ကိုအလွန်အလေးထားတော်မူသည်။
သက္ကစ္စ၏ကျေးဇူးပြုပုံများကိုလည်း  မှတ်သားလောက် အောင်မိန့်တော်မူဖူးသည်။

       ၁၉၆၂ခုနှစ်မှစ၍ တိုင်းပြည်တာဝန်ကို အကြီးအ ကဲပိုင်းက တာဝန်ယူသော ခေါင်းဆောင်ကြီးသည် ဝေဘူဆရာတော်ရှိရာသို့ လာရောက်ဖူးမြှော်ခဲ့ဖူး သည်။ဆရာတော်၏အနားတွင်ရှိကြသော သူဋ္ဌေး ဒါယကာကြီးများက ထိုခေါင်းဆောင်ကြီး၏ မကောင်း တဲ့အကြောင်းများလျှောက်ထားကြသည်။ သူတို့ထံမှ ပစ္စည်းများကို   သိမ်းယူတဲ့သူဖြစ်ကြောင်း    အမျိုးမျိုး လျှောက်ကြသည်။

        ဟဲ့သူ့ကိုအထင်မသေးနဲ့ သူကရှေးဘုရားရှင် တစ်ဆူရဲ့ထံမှာ သက္ကစ္စနဲ့အောင်မြင်ထားတဲ့ ကုသိုလ် ရှိတယ်။ဒါကြောင့် နင်တို့သူ့ကို ဘာလုပ်လို့မှမရတာ။
သူကဟိုဟာလေး (ဝိဇ္ဇာ) မပါလို့သာရယ်။ အဲဒါများပါ မယ်ဆိုရင် တစ်ခါထဲတောင်အလုပ်ပြီးသွားမှာ"ဟု မိန့် တော်မူလေသည်။

        ဆရာတော်သည် စာပေကျမ်းဂန်ကြီးကြီးမားမား ကို ရေးသား၍ ယောဂီများကို သင်ကြားပေးတော်မမူ ပေ။ဒုလ္လဘ ရဟန်းများအတွက် "ပါတိမောက္ခ သာရ သုဒ္ဓိကျမ်း"ဟူ၍ ဝိနည်းပါဠိတော်ကိုဘာသာပြန်ကာ တစ်ကျမ်းသာ ရေးသားဘူးသည်။  ထိုစာအုပ်မှာ အ သေးလေးသာဖြစ်သည်။ ရဟန်းတွေကိုအားလုံး အ လှူခိုင်းလေသည်။အကြောင်းစီလျှော်၍ စာပေများ ဖြင့်ပြောစရာရှိပါက ပါဠိတော်ကြီးများမှ သုတ်တော် များကို မြန်မာပြန်ကာ ရေးသားပေးသည်။

        ထိုစာအုပ်တွင်လည်း ဝေဘူဆရာတော်ရေးသား သည်။ဝေဘူဆရာတော် ဘာသာပြန်သည် စသဖြင့် ကဗျည်းမထိုးပေ။ ဘယ်သောအခါမှ နာမည်ကိုသုံး၍ ထုတ်ဖေါ်ပြတော်မမူတတ်ပေ။ပါဠိတော်ကြီးများကို ဘာသာပြန်ရာတွင်လည်း အပိုအလို အညွန့်အကွန့် ထည့်၍ မရေးရပေ။ အရှိတိုင်းသာ ဘာသာပြန်ကာ ပုံ နှိပ်စေသည်။

      မြတ်စွာဘုရားဟောတဲ့တရားကို သူ့အတိုင်းမထား ဘဲ နဲနဲလောက်နှုတ်ထားလိုက်မယ်ဗျာ ဒါမှမဟုတ် နဲနဲ လေးအပိုထည့်ထားလိုက်မယ် ဆိုပါတော့။ အဲဒါ သာ သနာပြုတာလား ဖျက်တာလား"

       ဖျက်တာပါဘုရား"

       အဲသလိုဖျက်တော့ သာသနာကပျက်သွားမှာတဲ့ လား။ အဲသလိုဖျက်တဲ့သူပျက်မှာလား။"

       ဖျက်တဲ့သူဘဲ ပျက်မှာပါဘုရား"

       အေးဗျာ ဘုရားက ဒီလိုပါဆိုရင် ဒီအတိုင်းဘဲလုပ် ဗျာ့ ကိုယ့်ကိုကိုယ် မဖျက်ကြနဲ့" ဟု    မိန့်တော်မူဘူး သည်။

       မသိသေးရင်သာ ဘာမှမဖြစ်ပေ။ဤစကားတော် ကိုကြား၍ သိလိုက်ရသောအခါ အလွန်ပင်ကြောက်စ ရာကောင်းလှပေသည်။အရေးအသားအဟောအပြော စသော ဓမ္မကထိက ဓမ္မစာရေးဆရာအလုပ်သည်  အ လွန်ပင် ဝန်လေးလှသည်။ ဘုရားဟော ပါဠိတော်များ တစ်လုံးတစ်ပါဒ စောင်းငဲ့သွားမည့်အရေးသည် ရင်မ အေးစရာပင်ဖြစ်ပါပေတော့သည်။

       တရားဟော စကားပြောများနှင့် ပတ်သက်၍ ဝေ ဘူဆရာတော်ကိုယ်တော်တိုင် ရေးစပ်ခဲ့သော လင်္ကာ လေးတစ်ပိုဒ် ရှိပါသေးသည်။ ထိုလင်္ကာကို သီလရှင် ဒေါ်စိတ္တဝတီထံမှ ရရှိခဲ့ပါသည်။

            စကားဆိုက    ချိုမြအသာ
            လိုရာသက်သက်   ဖြည့်စွက်မပါ
            တရားဆီနှစ်    စီစစ်ဖွေရှာ
            အသုံးကောင်း  ထုံးဟောင်းစဉ်အလာ။

                      ဆက်လက်ရေးသားပူဇော်ပါဦးမည် -

ဓမ္မမိတ်ဆွေများ ကျမ္မာပကတိ ချမ်းသားခြင်းတွေနဲ့ ပြည့်စုံနိုင်ကြပါစေသား. . .


Comments

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ