နှစ်​အမည်​..လအမည်

#ရှေးမြန်မာတို့၏(၁၂)နှစ်စက်ဝန်း
################

၁။#စယ်နှစ်
တန်ခူးလ၏ စန်းယှဉ်နက္ခတ်  စိတြကို အစွဲပြု၍ မှည့်သောနှစ်။
ရည်ညွှန်း
"""သကရစ် ၅၉၁ ခု စယ်နှစ်"""(ကြံသိုင်းမင်းသမီး ကျောက်စာ။ကြောင်းရေ ၁)

၂။#ပိသျက်နှစ်
ကဆုန်လ၏ စန်းယှဉ်နက္ခတ် ဝိသာခါကို အစွဲပြု၍ မှည့်သောနှစ်။
ရည်ညွှန်း
"""သကရစ် ၆၀၄ ခု။ ပိသျက်နှစ်။ နတ်တ်လဆုတ် ၁၄ရျက်"""(ညောင်ရမ်းကြီးသမီး အိမ်ရာကျောင်းကျောက်စာ။ ကြောင်းရေ ၁-၂။ )
"""သကရစ် ၆၂၈ ခု ပိသျှက်နှစ် နံကာလဆန်း ၇ ရက် ကြာသပတေးနေ့"""(သိင်္ဂသူ့သမီးကျောက်စာ။ ဒသမတန်း မြန်မာစာပင်ရင်း။)

၃။#စိတ်ဿ(စိဿ)နှစ်
နယုန်လ၏ စန်းယှဉ်နက္ခတ် ဇေဋ္ဌကို အစွဲပြု၍ မှည့်သောနှစ်။
ရည်ညွှန်း
"""စိတ်ဿနှစ် တ်သ္လင် လ္ဆန် ၁၁"""( စောမင်းလတ် ကျောက်စာ။ ကြောင်းရေ ၂)

၎။#အာသတ်နှစ်/အာသိန်
ဝါဆိုလ၏ စန်းယှဉ်နက္ခတ် အာသဠီကို အစွဲပြု၍ မှည့်သောနှစ်။
ရည်ညွှန်း
"""အာသတ်နှစ် သန္တူလ္ဆန် ၁၄ ရျက်""'(ဓမ္မရာဇိကဘုရား ကျောက်စာ။ ကြောင်းရေ ၅)
"""အာသတ်နှစ် နံကာလဆန် ၉ရက် ဒင်္ကာနိယ်"""(သက်စိုးတောင် ပေါ်တော်မူဘုရားကျောက်စာ။ ကြောင်းရေ ၁။)
"""သကရစ် ၅၉၇ ခု အာသိန်နှစ်"""(ကျစွာမင်းမိထွေးတော် ကျောက်စာ။ ကြောင်းရေ ၁)
{မှတ်ချက်။ ။ ၅၉၇ ခုနှစ်ဟာ အာသိတ်/အာသုတ်နှစ် ဖြစ်ရမည့်နှစ်ပါ။ ၅၉၇ခုနှစ်ကို အမှန်ယူလျှင် အာသိန်နှစ်အရေးအသားဟာ အာသိတ်/အာသုတ်နှစ်ရဲ့ မူကွဲရေးထုံးတစ်ခုဖြစ်နိုင်သည်။}

၅။#သရဝန်နှစ်
ဝါခေါင်လ ၏ စန်းယှဉ်နက္ခတ် သရဝဏ်ကို အစွဲပြု၍မှည့်သောနှစ်။
ရည်ညွှန်းစာ
"""သကရစ် ၅၅၉ ခု သရဝန်နှစ်"""(ဓမ္မရာဇိကဘုရား ကျောက်စာ။ ကြောင်းရေ ၃)

၆။#ဘာတ်နှစ်(ဘတ်နှစ်)
တော်သလင်း၏ စန်းယှဉ်နက္ခတ် ဘဒြကို အစွဲပြု၍ မှည့်သောနှစ်အမည်။
ရည်ညွှန်း
""""သကရစ် ၅၆၀ ဘာတ်နှစ်"""(ဂူပြောက်ငယ်ဘုရား(မဟာထီးဘုရား)ကျောက်စာ။ ကျောက်ချပ် အထက်ပိုင်း။ ကြောင်းရေ ၁။)

ရ။#အာသိတ်/အာသုတ်နှစ်
သီတင်းကျွတ်လ၏ စန်းယှဉ်နက္ခတ် အဿယုဇ္ဇကိုအစွဲပြု၍ မှည့်သောနှစ်။
ရည်ညွှန်း
"""သကရစ် ၅၇၅ ခု အာသိတ် သံဝစ္ဆိုရ"""(မင်းအနန္တသူ(လေးမျက်နာဘုရား)ကျောက်စာ။ ကြောင်းရေ ၁)

၈။#ကြတိုက်နှစ်
တန်ဆောင်မုန်းလ၏စန်းယှဉ်နက္ခတ် ကြတ္တိကာကို အစွဲပြု၍ မှည့်သောနှစ်။

ရည်ညွှန်း
"""သက္ကရာဇ် ၅၇၄ ကြတိုက်နှစ်"""(မင်းအနန္တသူ(လေးမျက်နာဘုရား)ကျောက်စာ။ ကြောင်းရေ ၅၃)
"""ကြာတိုက်နှစ် နယုန်လဆန် ၁၂"""(စောရဟန်သိမ် ကျောက်စာ။ ကြောင်းရေ ၇။)

၉။#မြိကသိုရ်နှစ်
နတ်တော်လ၏ စန်းယှဉ်နက္ခတ် မိဂသီကို အစွဲပြု၍ မှည့်သောနှစ်။
ရည်ညွှန်း
"""သကရစ် ၅၇၅ ခု မြိကသိုရ်နှစ်"""(သင်လျင်အိုကပ်သင်ချင် ကျောက်စာ။ ကြောင်းရေ ၁။)

၁၀။#ပုဿနှစ်
ပြာသိုလ၏ စန်းယှဉ်နက္ခတ် ဖုဿကို အစွဲပြု၍မှည့်သောနှစ်။
ရည်ညွှန်း
"""ပုဿနှစ် ခုဆုန်လဆန် ၅ရျက်"""(ဝက်ကြီးအင်း ရွှေကျောင်းကျောက်စာ ကျောဘက် ။ ကြောင်းရေ ၁၃။)

၁၁။#မာဃနှစ်/သံဝစ္ဆိုရ်နှစ်
တပို့တွဲ၏ စန်းယှဉ်နက္ခတ် မာဃကို အစွဲပြု၍ မှည့်သောနှစ်။
ရည်ညွှန်း
"""သကရစ် ၅၄၁ ခု မာဃ(သံဝစ္ဆိုရ်နှစ်)"""(သင်ကြီးအဘိနန္တသူ ကျောက်စာ။ ကြောင်းရေ ၁။)
"""သံဝစ္ဆရ်နှစ် တဝ်သလင်လဆန် ၃ရျက်"""(သင်ကြီးဓမ္မပါလ် ဓမ္မသွရ် ကျောက်စာ(တောင်ဘက်)။ ကြောင်းရေ ၂။)

၁၂။#ဖက္လိုန်နှစ်/ဖ္လကိုန်
တပေါင်းလ၏ စန်းယှဉ်နက္ခတ် ဘရဂုဏီကို အစွဲပြု၍ မှည့်သောနှစ်။
ရည်ညွှန်း
"""သက္ကရာဇ် ၄၈၂ ခ ဖလကိုန်နှစ်"""(သင်ကြီးငတိလတ်သင် ကျောက်စာ။ ကြောင်းရေ ၁။)

#ကိုးကား
#ပုဂံခေတ်မြန်မာကျောက်စာများလာဝေါဟာရများလေ့လာချက်စာတမ်း။ ပါမောက္ခ ဒေါ်တင်အုန်း။ တောင်ကြီးတက္ကသိုလ်

Comments

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ