မည်​သို့​ဖြေ

၅ (ခ) မည်သို့မေး မည်သို့ဖြေ
🍀🌹🍀🌹🍀🌹

(ရေသည်ပြဇာတ် မှတ်စုပိုင်း ဆိုင်ရာ
မေးခွန်းဖြေဆိုမှုနှင့်စပ်လျဉ်း၍
မန္တလေးတက္ကသိုလ် မြန်မာစာပါမောက္ခ
ဆရာကြီးဒေါက်တာအောင်ကျော်မိုး၏
လမ်းညွှန်စကား)

ရေသည်ပြဇာတ် မှတ်စုပိုင်းကို ဖြေဆိုရာတွင်
မှတ်စုပုံစံ၊ စာစီစာကုံးပုံစံ ဖြစ်၍ 
နိဒါန်း၊ စာကို၊ နိဂုံး ဟူသည့် အပိုင်း ၃ ပိုင်းကို 
ညီညွတ်အောင် ရေးသားဖြေဆိုရန် 
လိုအပ်မည်သာ ဖြစ်ပါသည်။ 

အကိုးအကား လိုသည့် အဖြေမျိုး ဖြစ်လျှင်
အကိုးအကား ထည့်ဖြေရပါမည်။

"မိမိစကားဖြင့်" ဟူသော စကားရပ် ပါလျှင်ကား
မူရင်းစကားများ ထည့်သွင်းရန် မလိုအပ်ပါ။

"မည်သို့ရေးသား" ဆိုလျှင် 
ပြဇာတ်စာဆို ရေးသားသည့်အချက်များ၊
စကားများ၊ အဖွဲ့များ ထည့်ဖြေရမည်ကို 
သိထားသင့်ပါသည်။

"သင့် ထင်မြင်ချက်နှင့်တကွ" ဆိုလျှင်
မိမိ ထင်မြင်သည့်အချက်ကို 
ထည့်သွင်း ဖြေဆိုရန် မမေ့သင့်ပါ။ 

"တင်ပြပါ" ဆိုလျှင်
မိမိသိသည့် အချက်များကို စီကာစဉ်ကာ
ရေးပြရန် ဖြစ်ပါသည်။ 

"ဆွေးနွေးပါ" ဆိုလျှင်
မိမိ ထင်မြင်ချက်ပါထည့်၍ 
ရှင်းလင်း တင်ပြသင့်ပါသည်။ 

မေးခွန်းပါ စကားရပ်များကို 
သတိပြု ဖြေဆိုသင့်ပါသည်။ 

("တက္ကသိုလ်ဝင် မြန်မာစာမေးခွန်းဆိုင်ရာ
သိမှတ်လိုက်နာဖွယ်များ"၊ 
၂၀၁၉ ခုနှစ်၊ မန္တလေးတက္ကသိုလ်
မြန်မာစာဌာနက ထုတ်ဝေသော
မြန်မာစာဂျာနယ်မှ)

ဦးမြင့်ဇော် (ရွှေတံခါး)

Comments

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ