တရားကို နတ်​​စောင့်​သတဲ့

တစ်ခါတုန်းကပေါ့ဗျာ။
ဘုရင့်နောင်ဟာရှမ်းပြည်ဖက်ကိုစစ်တိုက်သွားရင်း
ညောင်ရမ်းမှာခဏနားနေပါသတဲ့။ညောင်ရမ်းသူတစ်ယောက်နဲ့သုံးရက်လောက်အတူနေပါသတဲ့။ဘုရင့်နောင်ဟာဆက်ပြီးခရီးနှင်မယ်လုပ်တော့ညောင်ရမ်းသူ
ကလေးကိုသူနဲ့''မတော်တဆ ကိုယ်ဝန်ရခဲ့ပါက သား
ယောက်ျားလေးမွေးရင် သည်ပတမြားလက်စွပ်ကိုသက်သေထားပြီးသူရှိရာ လိုက်လာဖို့သမီးမိန်းကလေးမွေးရင်
သည်လက်စွပ်ကို ထုခွဲပြီး ရင်းနှီးလုပ်ကိုင်စားသောက်ဖို့
မှာခဲ့တယ်။
ကျန်စစ်သားတို့မိသားစုရဲ့ဘ၀ပုံစံမျိုးရာဇ၀င်မှာရှိသလားဆိုတဲ့အမေးကိုဆရာကြီးဒေါက်တာတိုးလှက
ဖြေတာပါဗျို့။
ကျုပ်ဖြင့်ဧကရာဇ်ဘုရင်တစ်ပါးရဲ့ တိတ်တိတ်ပုန်းဇာတ်လမ်းကိုသိပြီး တွေးနေမိလိုက်တာ အကြာကြီးပဲ။
သူတို့ခေတ်ရဲ့သားယောက်ျားအပေါ်သဘောထားနဲ့
တာဝန်ယူမှုအတိုင်းအဆကို ဆင်ခြင်မိတာပေါ့ဗျာ။
ဒီဇာတ်လမ်းက ဘာဆက်ဖြစ်သွားလဲ သိချင်ကြမှာပေါ့။
ညောင်ရမ်းသူကလေးဟာ သားရဲ့လက်ကိုဆွဲပြီးဘုရင့်
နောင်မင်းတရားဆီလိုက်သွားတယ်။နန်းတော်တံခါးအထပ်ထပ်ကို ချစ်သက်သေပတမြားလက်စွပ်ကို
ပြလိုပြ၊မင်းတရားရဲ့ရွှေပြားပေါ်မှာရေးထားတဲ့လက်မှတ်ကိုပြလိုပြနဲ့ ဖြတ်ကျော်ခဲ့ပါသတဲ့။အာဂတောသူဗျ။
ဘုရင့်နောင်ရှေ့တော်မှောက်ရောက်တော့ဘုရင်က
ဝန်မခံဘဲငြင်းတယ်တဲ့ဗျ။DNAစစ်ဖို့ကျတော့လည်း
ပေါ်မှမပေါ်သေးဘဲကိုး။ရာဇာကြီးဆိုတော့ရှက်တာလည်းပါမှာပေါ့ဗျာ။
နောက်ဆုံးတော့ တရားစွဲခံရပါရော။အာဂညောင်ရမ်းသူဆိုပါဆို။ဘုရင်ကိုတရားစွဲတာတဲ့ဗျို့။
သက်သေမခိုငိလုံလို့ ဘုရင်နဲ့ညောင်ရမ်းသူတို့ ရေပြိုင်ငုပ်ရမတဲ့။ဘုရင်က ရေအင်တုံထဲခြေထောက်စိမ်
တောသူမက ရေမြုပ်ရုံနှာခေါင်းနှစ်ရပါသတဲ့။အချိန်ကြာလို့အနေအထားပျက်သူရှုံးစတမ်း။
ပုံမှန်အတိုင်းဆို ဘုရင်အနိုင်ရဖို့အသေချာပေါ့။သူက
ရေထဲမှာခြေထောက်ကလေး နှစ်ရုံနှစ်ရတာ။တောသူကလေးက ရေထဲမှာအသက်အောင့်ထားပြီး
နှာခေါင်းနှစ်ထားရရှာတာ။ တရားကိုနတ်စောင့်တယ်
ပြောရမှာပေါ့။ဘုရင်ဟာ ရုတ်တရက် ထခုန်ပါသတဲ့။
တရားသူကြီးက ညောင်ရမ်းသူကို အနိုင်ပေးလိုက်ရော။
ကျုပ်ဖြင့်လျှို့ဝှက်သဲဖိုဇာတ်လမ်း ဖတ်နေရသလိုဗျို့။
ဘုရင့်နောင်ဟာညောင်ရမ်းသူလေးတို့သားအမိကို
တရားဝင်မိဖုရားနဲ့သားအဖြစ် အသိအမှတ်ပြုလိုက်ရ
ပါတယ်။ဒါဟာမြန်မာ့သမိုင်းရဲ့တစ်ကယ့်အလှည့်အပြောင်းတစ်ခုပါ။ဘာဖြစ်လို့လဲဆိုတော့ဘုရင့်နောင်ရဲ့သားတွေတစ်ယောက်ပြီးတစ်ယောက်ကျဆုံးကုန်လို့
အင်းဝဆက်ပြတ်လုလုဖြစ်နေရာကသမိုင်းမှာညောင်ရမ်းဆက်အဖြစ်ပြန်လည်ပေါ်ထွန်းလာတာပါတဲ့ဗျား။
ကျုပ်ဖြင့်ဆရာကြီးဒေါက်တာတိုးလှနဲ့တစ်ခဏတာ
တွေ့ရတဲ့အချိန်တိုအတွင်းမှာ တွေးစရာတွေတစ်ပုံကြီး
ရေးစရာတွေတစ်ပုံကြီးရလိုက်ပါတယ်။ကျုပ်ဌာနက
ဆ ရာဆရာမတွေမှာလည်း သိရတာတွေဆက်လက်လုပ်ဆောင်ရမှာတွေ တစ်ပုံကြီးရကြမယ်ထင်ပါတယ်။
မင်းတုန်းမင်းကြီးဟာ ရတနာပုံမြို့သစ်တည်တော့
မြို့ရဲ့လေးပြင်လေးရပ်မှာကျောင်းတိုက်ကြီးတွေတည်ပါ
သတဲ့။သံဃာတော်တွေ သင်ကန်းရုံရာကနေထွက်လာ
တဲ့လေနဲ့မြို့ကိုအေးစေချင်လို့ပါတဲ့။ကျုပ်လည်း
ကျုပ်တို့မြန်မာစာဌာနကြီးကိုစာတမ်းဖတ်သံဘာသာရပ်
ဟောပြောသံတွေနဲ့ သောသောညံနေစေချင်လိုက်တာ။
စကားချပ်
ကျုပ်ကဆရာကြီးဒေါက်တာတိုးလှကိုအေးအေးဆေးဆေးစကားပြောခွင့်ရတော့
''ဆရာကြီးပြောတဲ့ညောင်ရမ်းသူလေးရဲ့ဇာတ်လမ်းက
ဘယ်ထဲကလဲ''လို့မေးတော့ ဦးတင်ကပထမဆုံးစပြောတာကွ။မင်းဖာသာဆက်ရှာဖတ်ပေါ့။ပေါပါတယ်လို့ဖြေပါတယ်ခင်ဗျား။
မြန်​စာဂုဏ်​မှ ကူးယူ​ဖော်​ပြသည်​။

Comments

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ