နှစ်​ကိုယ်​​တွေ့မှရွာပါ

နှစ်ကိုယ်တွေ့မှရွာပါ
****************-
အမ္ဗုန္ဓာ ဝဠာဟရယ်က
အာဏာပြပြင်းထန်
ငါသာပတင်းပြန်တယ်
မင်းဆန်တဲ့ရွှေမိုး
ကိုးခွင်ပိတ်ပြာမှုန်တယ်
ရာဇဂုဏ်ခြိမ်းသံနှင့်ကြိုး
မကြည်သူ့တကိုယ်ရေကို
အို  သေစေမူပျိုး
ဆိုလေလေသူတိုးလို့
ဆိုးပါနဲ့နတ်ဆွေ
မစုံသူဖော်နဲ့ဝေးခိုက်မို့
မျှော်တွေးလို့ဆိုင်ငံ့ပါလေ
ပန်းသတဲ့  သဉ်ညောင်ဘွေမှာ
ခင်မောင်မေ နှစ်ကိုယ်တွေ့ကာမှ
ပိုသရွေ့  ရက်ပြန်တရာ
ချုန်းသွန်းလို့ရွာ
မုန်းပါဘု မိုးဝဠာရယ်
ကိုးကမ္ဘာစွေဦးတော့လေး!!!!!

  ဦးပုည        .

Comments

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ