gk

#သုတရေးရာ - ၁
#အမေး-အဖြေ ၁၅၀

ကွက်လပ်ဖြည့်၊ မှားမှန်၊ နှင့် မှန်သောအဖြေ ရွေးချယ်ပါဆိုပြီး မေးနိုင်ပါတယ်။နေ့စားလပေး၊ ဘဏ်များ နှင့် အခြားဝန်ထမ်းစာမေးပွဲဖြေသူများ ဖတ်ထား သိထားသင့်ပါသည်။ (LuGyi)17.5.2017

၁။ဥရောပသမဂ္ဂအဖွဲ့(EU)မှ ထွက်ခွာသွားသော နိုင်ငံမှာ………..ဖြစ်သည်။
အဖြေ - Britain(ဗြိတိန်)
၂။မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတတ်စေရန် မန္တလေး-ဘန်ကောက်-မန္တလေး ခရီးစဉ်သစ်ကို ပြေးဆွဲသောလေကြောင်းလိုင်းမှာ……….ဖြစ်သည်။
အဖြေ - MAI (Myanmar Airways International)
၃။အာရှတိုက်အတွင်းရှိ နိုင်ငံ(၆)နိုင်ငံကို ဖြတ်သန်းစီးဆင်းသောမြစ်မှာ………….ဖြစ်သည်။
အဖြေ - မဲခေါင်မြစ် (တရုတ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို)
၎။၂၀၁၄ခုနှစ် အာစီယံဥက္ကဌတာဝန်ကို တာဝန်ယူဆောင်ရွက်ခဲ့သော နိုင်ငံမှာ…………ဖြစ်သည်။
အဖြေ - မြန်မာနိုင်ငံ
၅။မြန်မာနိုင်ငံအစိုးရ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် အင်္ဂလိပ်သတင်းစာအမည်မှာ…………ဖြစ်သည်။
အဖြေ - The Gkobal New Light of Myanmar
၆။၂၀၂၀ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲကို …………….နိုင်ငံက ကျင်းပမည်။
အဖြေ - ဂျပန်နိုင်ငံ (တိုကျိုမြို့)
၈။Greater Mekong Subregion၏ ဖွံ့ဖြိုးတိုးတတ်မှုအပေါ် အကူအညီပေးသောနိုင်ငံမှာ………………..ဖြစ်သည်။
အဖြေ - တရုတ်
၉။၂၀၁၆ခုနှစ်၏ မြန်မာနိုင်ငံအစိုးရသစ်တွင် ၀န်ကြီးဌာနပေါင်း …………….ဌာန ပါဝင်သည်။
အဖြေ - ၂၂
၁၀။ ယခုလက်ရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမှာ……………….ဖြစ်သည်။
အဖြေ - ရက်တီလာဆန်
၁၁။လာအိုနိုင်ငံ 13th ASEAN Leadership Forumတွင် ချီးမြှင့်သော ASEAN Lifetime Achivement Awardကို ရရှိသူမှာ…………..ဖြစ်သည်။
အဖြေ - ဒေါ်အောင်ဆန်းစုကြည်
၁၂။အရှေ့တောင်အာရှဒေသတွင် ဇီကာဗိုင်းရပ်ပိုးကူဆက်မှု အဆိုးဆုံးကူးဆက်ခြင်းခံရသောနိုင်ငံမှာ………..ဖြစ်သည်။
အဖြေ - စင်ကာပူ
၁၃။တရုတ်နိုင်ငံ၏ ၂၁ရာစု OBOR ဆိုသည်မှာ O…..B…..O……R…….ဖြစ်သည်။
အဖြေ - One Belt One Road
၁၄။အရှေ့တောင်အာရှနိုင်ငံများအနက် မြန်မာနိုင်ငံပေါ် ၂၀၁၆ခုနှစ် ဒီဇင်ဘာလမှစတင်၍ ဗီဇာကင်းလွတ်ခွင့်ပေးသောနိုင်ငံမှာ ……..နိုင်ငံဖြစ်သည်။
အဖြေ - စင်ကာပူ
၁၅။G-20 အစည်းအဝေးကို မည်သည့်နိုင်ငံမှ လက်ခံကျင်းပခဲ့သနည်း။
အဖြေ - တရုတ်နိုင်ငံ၊ဟန်ကျိုးမြို့
၁၆။တတိယမြန်မာနိုင်ငံကို မည်သည့်ဘုရင်မှ တည်ထောင်ခဲ့သနည်း။
အဖြေ - အလောင်းမင်းတရား
၁၇။၂၀၁၆ခုနှစ် ရီယိုအိုလံပစ်ြိုင်ပွဲတွင် နိုင်ငံပေါင်း(၁၆၈)နိုင်ငံ၏ နိုင်ငံတော်သီချင်းကို BBCရွေးချယ်ရာ အကောင်းဆုံး(၁၀)နိုင်ငံတွင် မြန်မာနိုင်ငံသည် မည်သည့်အဆင့်ကို ရရှိခဲ့သနည်း။
အဖြေ - ဒုတိယ
၁၈။ရုရှား-အာဆီယံထိပ်သီးအစည်းအဝေးကို မည်သည့်မြို့တွင် ကျင်းပခဲ့သနည်း။
အဖြေ - Black sea resort of Sochi (or) Sochi
၁၉။ASEMမှာ မည်သို့ အဓိပ္ပါယ်ရသနည်း။
အဖြေ - Asia-Europe Meeting  အာရှ-ဥရောပထိပ်သီးအစည်းအဝေး၊(၁၁ကြိမ်မြောက်၊ သမ္မတဦးထင်ကျော်တတ်ရောက် -မွန်ဂိုလီးယားနိုင်ငံ၊အူလန်ဘာတာမြို့)
၂၀။၂၀၀၈ခုနှစ် ဖွဲ့စည်းအခြေခံဥပဒေအရ မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သည့် လွှတ်တော်အမျိုးအစားများကို ဖော်ပြပါ။
အဖြေ - ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊
၂၁။ပညာတန်ဆောင်အုပ်ချုပ်ရေးအဖွဲ့၏ ပထမဆုံးဥက္ကဌမှာ………….ဖြစ်သည်။
အဖြေ - ဦးသန့်(ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်)
၂၂။၂၀၁၆အာဆီယံအသင်းကြီး၏ဥက္ကဌနေရာရယူသောနိုင်ငံမှာ……………ဖြစ်သည်။
အဖြေ - လာအို
၂၃။၂၀၁၀ပြည့်နှစ်နိုင်ငံတော်အဆင့်အမျိုးသားစာပေတစ်သက်တာဆုရရှိသူမှာမည်သူဖြစ်သနည်း။
အဖြေ - စည်သူဒေါက်တာသော်ကောင်း
၂၄။ILO ၏ ဌာနချုပ်တည်ရှိသောမြို့မှာ…………ဖြစ်သည်။
အဖြေ - ဂျနီဗာ (သို့) ဂျီနီဗာ (ဆွစ်ဇာလန်နိုင်ငံ)
၂၅။ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတတ်ရန် ဆောင်ရွက်လျက်ရှိသော အထူးစီးပွားရေးဇုန်များမှာသီလ၀ါ၊………….နှင့်……..စီမံကိန်းများဖြစ်သည်။
အဖြေ - ကျောက်ဖြူ ၊ ထားဝယ်
၂၆။တရုတ်နိုင်ငံ၏ငွေကြေးမှာ……………ဖြစ်သည်။
အဖြေ - ယွမ်
၂၇။ အရှေ့တောင်အာရှတွင် လူဦးရေအများဆုံးနိုင်ငံမှာ…………….ဖြစ်သည်။
အဖြေ - အင်ဒိုနီးရှား
၂၈။ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)သည် အစိုးရမဟုတ်သည့်အဖွဲ့အစည်း……………..အမျိုးအစားဖြစ်သည်။
အဖြေ - NGO
၂၉။မြန်မာနိုင်ငံနှင့် နယ်နမိတ်အရှည်ဆုံးနိုင်ငံမှာ ……………..ဖြစ်သည်။
အဖြေ - တရုတ်
၃၀။လက်ရှိ ဖိလစ်ပိုင်နိုင်ငံ၏သမ္မတမှာ……………ဖြစ်သည်။
အဖြေ - ဒူတာတေး
၃၁။ပစိဖိတ်သမုဒ္ဒရာဖြတ် မိတ်ဖက်ပြုရေးကို T………..P………P……….ဟုခေါ်သည်။
အဖြေ - Trans Pacific Partnership
၃၁။ တောင်တရုတ်ပင်လယ်တွင် အငြင်းပွားလျှက်ရှိသောကျွန်း၏အမည်မှာ…………..ဖြစ်သည်။
အဖြေ - စပရတ်တလေကျွန်း
၃၉။ ဇီကာဗိုင်းရပ်စ်ရောဂါသည်အေးဒီးစ်ခြင်ကျားကြောင့်မည်သည့်နိုင်ငံတွင်မည်သည့်ခုနှစ်၌စတင်ဖြစ်ပွားခဲ့သနည်း။
အဖြေ - ယူဂန္ဓာနိုင်ငံ၌ ၁၉၄၇ ခုနှစ်တွင် စတင်ဖြစ်ပွား၊
၄၀။ဘက်စုံလွှမ်းခြုံ သောပညာရေးကဏ္ဍလေ့လာသုံးသပ်မှု(CESR)၏ အပြည့်အစုံကိုအင်္ဂလိပ်စာဖြင့်ဖော်ပြပါ။
အဖြေ - Comperhensive  Education sector Review
၄၁။Utopia High School ၏အဓိပ္ပါယ်ကို မြန်မာဘာသာဖြင့်ဖော်ပြပါ။
အဖြေ - ပညာဗိမာန် အထက်တန်းကျောင်း
၄၂။လန်ဒန်မြို့လယ်က Guildhall ခန်းမမှာ လန်ဒန်မြို့တော်ဝန် နဲ့ လန်ဒန်မြို့တော်ကောင်စီက ချီးမြှင့်တဲ့The Freedom of the City ဂုဏ်ပြုဆု ရရှိခဲ့သူမှာ……………ဖြစ်သည်။
အဖြေ - ဒေါ်အောင်ဆန်းစုကြည်
၄၃။တောင်ကိုရီးယား သမ္မတအသစ်၏ နာမည်မှာ…………..ဖြစ်သည်။
အဖြေ - မွန်းဂျေအင်း(Moon Jae-in)
၄၄။သံလွင်မြစ်ကို ဖြတ်သန်းပြီး မော်လမြိုင်မြို့နှင့် အဓိကကျွန်းကြီးတစ်ကျွန်းဖြစ်သည့် ဘီလူးကျွန်းဒေသ၊ ချောင်းဆုံမြို့ကို ဆက်သွယ်တည်ဆောက်ထားသောတံတားအမည်ကိုဖော်ပြပါ။
အဖြေ - ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း)
- ဖွင့်ပွဲကို မေလ ၉ ရက်က ကျင်းပသည်။ အရှည် ၁၅၈၆ မီတာ (၅၂၀၄ ပေ) တစ်မိုင်နီးပါး ရှိသည်။
၄၅။တရုတ်နိုင်ငံက အကောင်အထည်ဖော်နေသည့် ရပ်ဝန်းတစ်ခု၊ လမ်းတစ်လမ်း၊ အောင်မြင်မှုများနှင့် ပတ်သက်၍လည်းကောင်း၊ အနာဂတ်အလားအလာများနှင့်ပတ်သက်၍ လည်းကောင်း ဖော်ပြသည့် ဓာတ်ပုံပြပွဲဖွင့်ပွဲအခမ်းအနားကို မေလ ၈ ရက်က ………….၌ ကျင်းပသည်။
အဖြေ - ကုလသမဂ္ဂဌာနချုပ် ပြခန်းဆောင်ခန်းမ
၄၆။၂၀၁၇ ခုနှစ် မေ ၁၀ ရက်တွင် မုတ္တမပင်လယ်ကွေ့ဒေသ၏ မြောက်ဘက်အပိုင်းကို မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ……………..ဒေသ အဖြစ် သတ်မှတ်ခဲ့သည်။
အဖြေ - ရမ်ဆာဒေသ
၄၇။မြန်မာနိုင်ငံတွင် ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ကချင်ပြည်နယ်ရှိ အင်းတော်ကြီးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ဧရာဝတီတိုင်းဒေသကြီးရှိ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတို့ကို ……………….များအဖြစ် သတ်မှတ်ခဲ့သည်။
အဖြေ - ရမ်ဆာဒေသ
၄၈။တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ မေ ၁၄ ရက်မှ ၁၅ ရက်အထိ B…………………………………..အစည်းအဝေး ကျင်းပသည်။
အဖြေ - Belt and Road Forum for international Cooperation
၄၉။ကုလသမဂ္ဂ၏ ရာသီဥတုဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲကို ဂျာမဏီနိုင်ငံ …………….မြို့၌ ကျင်းပသည်။
အဖြေ - ဘွန်း
၅၀။ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့တွင် မေ ၄ ရက်မှ ၇ ရက်အထိ ကျင်းပသည့် အာရှဖွံ့ဖြိုးရေးဘဏ် ဂါဗနာဘုတ်အဖွဲ့ ၏ အကြိမ်(၅၀)မြောက်နှစ်ပတ်လည် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ………………….ဦးကျော်ဝင်း တက်ရောက်သည်။
အဖြေ - စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
၅၁။……………………ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မေ ၁၀ ရက်မှ ၁၆ ရက်အထီ ဗီယမ်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် "Responding to Climate Change-Action of Legislators to achieve the SDGs" ခေါင်းစဉ်ဖြင့် ကျင်းပမည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် စပ်လျဉ်းသည့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်သည်။
အဖြေ - အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း
၅၂။ယခုနှစ်သည် အာဆီယံထူထောင်သော အနှစ်၅၀ပြည့်မြောက်သည့်နှစ်ဖြစ်ရာ အာဆီယံ ၁၀ နိုင်ငံလုံးအနေဖြင့် ………………..ဟူသော ဆောင်ပုဒ်ဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မြှင့်တင်ရန် လုပ်ဆောင်လျက်ရှိသည်။
အဖြေ - "Visit Asean @50; Golden Celebration "
၅၃။နေပြည်တော် ပျဉ်းမနားမြို့၏ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရေအားလျှပ်စစ်စီမံကိန်းအမည်မှာ……………ဖြစ်သည်။
အဖြေ - အလယ်ပေါင်းလောင်း
၅၄။"World Economic Forum on ASEAN" တက်ရောက်ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ၌ ရောက်ရှိနေသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မေ ၁၀ ရက်င ဖနောင်ပင်မြို့ Sofitel Hotel ၌ ကျင်းပသည့် ………………ဖိုရမ်သို့ တက်ရောက်သည်။
အဖြေ - "Grow Asia"
၅၅။၁၂ ကြိမ်မြောက် သုတစွယ်စုံ စာပေဆု၊ သုတစွယ်စုံတစ်သက်တာစာပေဆု ရရှိခဲ့သူအမည်ကိုဖော်ပြပါ။
အဖြေ - -စည်သူဒေါက်တာသော်ကောင်း (ဆရာဦးသော်ကောင်း)
၅၆။ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌမှာ………….ဖြစ်သည်။ အဖြေ - သူရဦးရွှေမန်း
၅၇။ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်း နှင့်အဖွဲ့သည် မေ ၁၄ ရက်မှ ၁၅ ရက်အထိ ကာတာနိုင်ငံတွင် ကျင်းပမည့် ၁၇ ကြိမ်မြောက်……………..ဖိုရမ်သို့ တက်ရောက်သည်။
အဖြေ - ဒိုဟာ
၅၈။မေ ၁၁ရက်တွင် ဖနောင်ပင်မြို့ရှိ Sokha Hotel ၌ ကျင်းပသည့် "Opening Plenary of the World Economic Forum on the Association of Southeast Asian Nations (ASEAN)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သောဝန်ကြီးမှာ ………………ဖြစ်သည်။
အဖြေ - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်
၅၉။ဂျီ-၇ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဌများက အီတလီနိုင်ငံ …………….မြို့တွင် နှစ်ရက်ကြာ အစည်းအဝေးကျင်းပပြီးနောက် မေ ၁၃ ရက်တွင် ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
အဖြေ - ဘာရီမြို့
၆၀။၂၀၁၂ခုနှစ်လူမှုဖူလုံရေးဥပဒေအရ အလုပ်သမားများအတွက် လူမှုအကာအကွယ်ပေးနိုင်ရန် အာမခံစနစ်(၆)မျိုးပြဌာန်းနိုင်ခဲ့ပြီး ယင်းအနက်မှ အာမခံစနစ် ……………မျိုးကိုလက်ရှိအကောင်အထည်ဖော်လျက်ရှိသည်။
အဖြေ - ၃မျိုး
၆၁။ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)၏ ……………ကြိမ်မြောက်အစည်းအဝေးကို မေလ ၃ ရက်နေ့တွင် စတင်ကျင်းပသည်။
အဖြေ - ၁၀
၆၂။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ၁၁၈နိုင်ငံမြောက် သံတမန်အဆက်အသွယ် ထူထောင်သောနိုင်ငံမှာ ………………..ဖြစ်သည်။
အဖြေ - ဗာတီကန်မြို့ပြနိုင်ငံ (Holy See)  (၂၀၁၇ခုနှစ် မေလ ၄ ရက်နေ့မှစ)
၆၃။မြန်မာနိုင်ငံယာဉ်လမ်းအန္တရယ်ကင်းရှင်းရေးအဖွဲ့ကကြီးမှူးကျင်းပသောစတုတ္တအကြိမ်
"ကမ္ဘာလုံဆိုင်ရာယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး" ရက်သတ္တပတ် ကိုဖော်ပြပါ။
အဖြေ - မေလ ၈ ရက်မှ ၁၄ ရက်ထိ
၆၄။ ကျောင်းပြင်ပပညာရေးမှကျောင်းပညာရေးသို့ကူးပြောင်းသင်ယူနိုင်သည့်အစီအစဉ်ကို ............ဟုခေါ်သည်။
အဖြေ - ကျောင်းပြင်ပမူလတန်းပညာရေး NFPE
၆၅။ ကိုလိုနီလက်အောက်မကျရောက်သောအရှေ့တောင်အာရှနိုင်ငံသည်..................ဖြစ်သည်။
အဖြေ - ထိုင်း
၆၆။ မြန်မာနိုင်ငံ၏ အစိုးရဝန်ထမ်းများကို သင်တန်းများဖွင့်လှစ်ပို့ချပေးနေသော ဗဟိုဝန်ထမ်းတက္ကသိုလ် နှစ်ခုကို ဖော်ပြပါ။
အဖြေ - ဇီးပင်ကြီးသင်တန်း- မန္တလေးတိုင်း ပြင်ဉီးလွင် ၊ဖောင်ကြီးသင်တန်း- ရန်ကုန်တိုင်း လည်းကူး
၆၇။ စင်ကာပူအစိုးရနှင့်မြန်မာအစိုးရတို့ပူးပေါင်း၍နိုင်ငံတကာ အဆင့်မီသက်မွေးပညာရပ်များသင်ကြားပေးနေသည့် ကျောင်းမှာရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိကျောင်းမှာ……………ဖြစ်သည်။
အဖြေ - စင်္ကာပူ- မြန်မာ သက်မွေးပညာသင်တန်းကျောင်း
၆၈။ ၁။မြန်မာနိုင်ငံတွင် ပထမဆုံးမီးရထားလမ်းမှာ…………..ဖြစ်သည်။
အဖြေ- ရန်ကုန်-ပြည် မီးရထားလမ်း(၁၈၇၆ ခုနှစ်၊တွင်ဖောက်လုပ်ပီး ၁၈၇၇ ခုနှစ်မှာ စတင်ပြေးဆွဲ)
၆၉။လျှပ်စစ်ဓာတ်အားရ၍ လည်ပတ်သောကိရိယာကို……….ဟုခေါ်ပြီး လည်ပတ်မှုကြောင့် 
    လျှပ်စစ်ဓာတ်အားရလာသောကိရိယာကို………..ဟုခေါ်သည်။
အဖြေ- မော်တာ ၊ ဒိုင်နမို
၇၀။စစ်သူကြီးမဟာဗန္ဓုလသည်………..တိုက်ပွဲတွင်ကျဆုံးခဲ့သည်။
အဖြေ- ဓနုဖြူတိုက်ပွဲ
၇၁။ကမ္ဘာ့စံတော်(၂)မျိုးမှာ………….နှင့်………..တို့ဖြစ်ပါသည်။
အဖြေ- ဒေသစံတော်ချိန် နှင့် ဂရင်းနစ်စံတော်ချိန်
၇၂။သူငယ်တန်းသင်ရိုးညွှန်းတမ်းသစ်၏ ရည်မှန်းချက်............... ခုရှိသည်။
အဖြေ- ၆ခု
၇၃။ ကလေးဗဟိုပြု ချဉ်းကပ်နည်းများမှာ............... ............ ..........ဖြစ်သည်။
အဖြေ- တတ်ကြွသင်ကြားနည်း၊ ပူးပေါင်းညှိနှိုင်းသင်ကြားနည်း၊ စူးစမ်းလေ့လာသင်ယူနည်း
၇၄။ ပညာရေး၏အဓိကရည်ရွယ်ချက်(နှစ်)မျိုး......................ဖြစ်သည်။
အဖြေ- ကျောင်းနေအရွယ်လူငယ်အားလုံး ပညာသင်ယူခွင့်ရရှိစေရန်။ မြန်မာနိုင်ငံ၏ ပညာရေး အဆင့်အတန်းမြင့်မားလာစေရန်
၇၅။1950ပြည့်နှစ်ထဲက ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ ပိုင်ဆိုင်မှု အငြင်းပွားခဲ့သောကျောင်းတော်အမည်မှာ...................ဖြစ်သည်။
အဖြေ- ပရိယဝီဟာရကျောင်းတော်
၇၆။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ.(6)ခုမှာ..............ဖြစ်သည်။
အဖြေ- နာဂ၊ ပအို့၊ ပလောင်၊ ကိုးကန့်၊ ဝ၊ ဓနု
၇၇။မြတ်ပညာနှင့်မြတ်ဆရာလင်္ကာကို…………ဆရာတော်ရေးသားခဲ့သည်။
အဖြေ- မဃဒေ၀လင်္ကာသစ်ထဲက မန်လည်ဆရာတော်
၇၈။မင်းကွန်းခေါင်းလောင်းကြီး၏ အလေးချိန်မှာ………………….ပိဿာရှိသည်။
အဖြေ- ၅၅၅၅၅ပိဿာ(မင်းဖြူမှန်မှန်ပြော)
၇၉။(၃၀)နှစ်မြောက် အထိမ်းအမှတ်ရတု အခေါ်အဝေါ်မှာ……………..ဖြစ်သည်။
အဖြေ- ပုလဲရတု 
၈၀။အိမ်သုံးစား၏ ဓာတုအမည်မှာ……………ဖြစ်သည်။
အဖြေ-ဆိုဒီယမ်ကလိုရိုဒ်(Sodium Chloride)
၈၁။စိမ်းပြာရေညှိ Spirulinaကို စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်…………….အင်းနှင့် ဘုတလင်မြို့နယ်  
      တွင်းတောင်ဒေသတို့မှ ထွက်ရှိသည်။
အဖြေ- ရေခါးအင်း
၈၂။…………….အလွှာသည် သက်ရှိများကို ထိခိုက်စေနိုင်သည့် ခရမ်းလွန်ရောင်ခြည်ကို 
      လျော့နည်းစေနိုင်သည်။
အဖြေ- အိုဇုန်းအလွှာ
၈၃။ကမ္ဘာ့ဆရာများနေ့ကို နှစ်စဉ်……………..ရက်နေ့တွင် ကျင်းပသည်။
အဖြေ- အောက်တိုဘာလ(၅)ရက်
၈၄။ကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်းရေးညီလာခံ(The World Buddhist Peace Conference)ကို       
      စစ်ကိုင်းမြို့………….တက္ကသိုလ်၌ ၂၀၁၆ခုနှစ်၊ဇန်န၀ါရီလ(၂၂)ရက်မှ(၂၅)ရက်နေ့အထိ ကျင်းပခဲ့သည်။
အဖြေ- သီတဂူ ဗုဒ္ဓတက္ကသိုလ်
၈၅။ မြန်မာနိုင်ငံ၏မြို့တော်ကိုနေပြည်တော်ဟု ------------ခုနှစ်ကသတ်မှတ်ခဲ့သနည်း
အဖြေ- 2006 မတ်27
၈၆။၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁၂)ရက်နေ့သည်……………ခုနှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သည်။
အဖြေ- ၇၀ နှစ်မြောက်
၈၇။အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့၏ ဌာနချုပ်မှာ ဆွတ်ဇာလန်နိုင်ငံ…………..မြို့တွင်ရှိသည်။
အဖြေ- ဂျီနီဗာမြို့(ဖွဲ့စည်းခုနှစ် ၁၉၁၉ ၊ဧပြီလ ၁၁ရက်နေ့)
၈၈။အာဆီယံတွင် နောက်ဆုံးအဖွဲ့ဝင်ဖြစ်လာသော နိုင်ငံမှာ…………နိုင်ငံဖြစ်သည်။
အဖြေ- ကမ္ဘောဒီးယား(၁၉၉၉ခုနှစ်၊ ဧပြီလ ၃၀ရက် အဖွဲ့ဝင်ဖြစ်)
၈၉။မြန်မာမင်းများလက်ထက်က ကယားပြည်နယ်ကို…………….ဟုခေါ်သည်။
အဖြေ- ကန္တာရ၀တီ
၉၀။ဒုတိယအကြိမ်မြောက် ပြည်ထောင်စု လွှတ်တော်ပုံမှန်အစည်းအဝေးကို...............လ.......ရက်တွင်ကျင်းပခဲ့သည်။
အဖြေ- ဖေဖော်ဝါရီလ ၈ရက်နေ့
၉၁။ကုလသမဂ္ဂအမြဲတမ်းအဖွဲ့ဝင်(5)နိုင်ငံသာ..............အာဏာကျင့်သုံးခွင့်ရှိသည်။
အဖြေ- ဗီတိုအာဏာ(အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်)
၉၂။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးမှာ........ဖြစ်သည်။
အဖြေ- မစ္စတာဟုန်လျန် (Mr.Hong Liang)
၉၃။မြို့ပြ၏အလှသည် သန့်ရှင်းသပ်ရပ်မှုဖြစ်ပြီး ကျေးလက်၏အလှသည်…………..ဖြစ်သည်။
အဖြေ- အေးချမ်းသာယာမှု
၉၄။ Facebook တီထွင်သူမှာ --------------ဖြစ်သည်။
အဖြေ - မက်ဇူကာဘက်(Mark Zuckerberg)
၉၅။ ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှုECD၏ အင်္ဂလိပ်လိုအရှည်စာလုံးသည်................ဖြစ်သည်။
အဖြေ- Early Childhood Development
၉၆။မြန်မာနိုင်ငံတွင်ချီးမြှင့်လျက်ရှိသော အလယ်တန်းပညာသင်ဆုအတွက်ချီးမြှင့်ငွေမှာ  
      တစ်လလျှင်.....ဖြစ်သည်။  
အဖြေ- အလယ်တန်း  နှစ်သိန်း (အထက်တန်း  သုံးသိန်း၊ မူလတန်း  တစ်သိန်း )
၉၇။KG(သူငယ်တန်း)ကို.....ပညာသင်နှစ်တွင် သင်ရိုးသစ်ဖြင့် စတင်သင်ကြားမည်ဖြစ်သည်။
အဖြေ- ၂၀၁၆-၂၀၁၇ပညာသင်နှစ်
၉၈။ဆရာနှင့်တပည့် နှစ်ဦးစလုံးနှင့်ပတ်သတ်သောစကားပုံတစ်ခု.............
အဖြေ- တပည့်မကောင်း ဆရာ့ခေါင်း
၉၉။နာယကဂုဏ်(၆)ပါးမှာ.......ဖြစ်သည်။
အဖြေ- ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှု့
၁၀၀။ရခိုင်ပြည်နယ်ကို ရှေးခေတ်က.....ဟုခေါ်ဝေါ်ခဲ့ကြသည်။
အဖြေ- ဓညဝတီ
၁၀၁။ ကမ္ဘာ့တောင်ဘက်ခြမ်းနှင့်မြောက်ဘက်ခြမ်းကိုပိုင်းခြားထားသောမျဉ်းမှာ……….ဖြစ်သည်။
အဖြေ- - အီကွေတာမျဉ်း
၁၀၂။ကမ္ဘာကြီး၏ အရှေ့ခြမ်းနဲ့အနောက်ခြမ်းကို ပိုင်းခြားထားသောမျဉ်းမှာ.....မျဉ်းဖြစ်ပါသည်။
အဖြေ- ဂရင်းနစ်မျဉ်း
၁၀၃။ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို.....တွင် ကျင်းပပြုလုပ်သည်။
အဖြေ- မေ၂၅မှဇွန်၁ရက်နေ့ထိ
၁၀၄။ အားကစားနည်းတစ်ခု ကစားတော့မည်ဆိုလျှင်....လေ့ကျင့်ခန်းကို ဦးစွာပြုလုပ်ရမည်။
အဖြေ- အကြောလျော့
၁၀၅။မေတ္တာအခါတော်နေ့သည်....လပြည့်နေ့ ဖြစ်သည်။
အဖြေ- ၀ါခေါင်လပြည့်နေ့
၁၀၆။အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအမည်မှာ.....ဖြစ်သည်။
အဖြေ- ဦးမန်းဝင်းခိုင်သန်း
၁၀၇။မွန်ပြည်နယ် ဝန်ကြီးချုပ်အသစ်မှာ.....ဖြစ်သည်။
အဖြေ- ဒေါက်တာအေးဇံ
၁၀၈။၂၀၁၇မတ်လ၂ရက်နေ့ တောင်သူလယ်သမားနေ့သည်.............ပြည့်နှစ်ဖြစ်သည်။
အဖြေ- ၅၅နှစ်ပြည့်
၁၀၉။အမေရိကန်သမ္မတသစ်ဒေါ်နယ်လ်ထရန့်၏ ကိုယ်စားပြုပါတီအမည်မှာ................ဖြစ်သည်။
အဖြေ- ရီပတ်ဘလစ်ကန်ပါတီ
၁၁၀။ကမ္ဘာ့အနက်ဆုံးသမုဒ္ဒရာချောက်မှာ..............ဖြစ်သည်။
အဖြေ- မာရီယာနာချောက်၊ ၃၅၈၄၀ ပေ ဖိလစ်ပိုင်နိုင်ငံ
၁၁၁။အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲသည်.......ခုနှစ်တွင်ဖြစ်ပွားခဲ့သည်။
အဖြေ- ၁၈၂၄ ဘကြီးတော်မင်းလက်ထက် (အင်္ဂလိပ်ဘုရင်ခံ -လော့အမ်းဟတ်)
၁၁၂။ရခိုင်ပြည်နယ်မှ ကစ္စပနဒီတံတားသည်.......ပေရှည်လျားသည်။
အဖြေ- ၂၅၁၂.၅ပေ (ရန်ကုန်နှင့်စစ်တွေ ကားလမ်းမှာရှိ)
၁၁၃။မုံရွာမြို့နယ်မှ ချင်းတွင်းတံတားသည်......ပေရှည်လျားသည်။
အဖြေ- ၄၇၃၀.၂ပေ ၊(၇.၄.၂၀၀၃စတင်ဖွင့်လှစ်)
၁၁၄။ကမ္ဘာ့အငယ်ဆုံးတိုက်မှာ........ဖြစ်သည်။
အဖြေ- သြစတြေးလျတိုက် (အကြီးဆုံးတိုက်မှာ -အာရှတိုက်)
၁၁၅။ဂျာမနီနိုင်ငံ၏သုံးစွဲသည့်ငွေကြေးမှာ......ဖြစ်သည်။
အဖြေ- မတ်(DM) (မြို့တော် -ဘာလင်မြို့) 
၁၁၆။လပေါ်သို့ပထမဆုံးခြေချခဲ့သောလူသားမှာ အမေရိကန်နိုင်ငံသား......ဖြစ်သည်။
အဖြေ- နေးလ်အမ်းစထရောင်း (၁၉၆၉ခုနှစ်မှာ ခြေချခဲ့)
၁၁၇။ဘုရင့်နောင်၏အထင်ရှားဆုံးတိုက်ပွဲမှာ........ဖြစ်သည်။
အဖြေ- နောင်ရိုးတိုက်ပွဲ (ငယ်နာမည်-ရှင်ရဲထွဋ်)
၁၁၈။သေနင်္ဂဗျူဟာဘွဲ့ ရေးသားစပ်ဆိုခဲ့သူမှာ.....ဖြစ်သည်။
အဖြေ- လက်ဝဲသုန္ဒရအမတ်
၁၁၉။ပဲခူး-စစ်တောင်းတူးမြောင်းသည်........မိုင်ရှည်လျားသည်။
အဖြေ- ၃၈မိုင် (ပဲခူးမြစ်နှင့်တိုးမြစ်)
၁၂၀။၂၀၁၇ခုနှစ်ဖေဖော်ဝါရီလ(၁၂)ရက်နေ့သည်.......နှစ်မြောက်ပြည်ထောင်စုနေ့ဖြစ်သည်။
အဖြေ- ၇၀ နှစ်
၁၂၁။အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့၏ ဌာနချုပ်မှာ ဆွစ်ဇာလန်နိုင်ငံ.......မြို့တွင် ရှိသည်။
အဖြေ- ဂျီနီဗာမြို့ (ဖွဲ့စည်းခုနှစ် ၁၉၁၉ ဧပြီလ ၁၁ရက်)အဖွဲ့ဝင်နိုင်ငံ-၁၇၃၊ ၃၁ကြိမ်မြောက်ညီလာခံမှအဖွဲ့ဝင်လက်ခံ-၁၉၄၈၊မေ၁၈၊မြန်မာ
၁၂၂။၁၉၉၉ခုနှစ်ဧပြီလ(၃၀)ရက်တွင်.......နိုင်ငံသည် ဒဿ မမြောက်(နောက်ဆုံး)အာစီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။        
အဖြေ- ကမ္ဘောဒီးယားနိုင်ငံ
၁၂၃။မြန်မာနိုင်ငံတွင် ပထမဆုံးသော သာသနာထွန်းကားစေသောမင်းမှာ......ဖြစ်သည်။
အဖြေ- အနော်ရထာမင်း
၁၂၄။...............လ................ရက်ကို နိုင်ငံတကာစာတတ်မြောက်ရေးနေ့အဖြစ် သတ်မှတ်သည်။
အဖြေ- စက်တင်ဘာလ(8)ရက်၊(1956 အီရန်နိုင်ငံတွင်စတင်)
၁၂၅။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုပမာဏ အများဆုံးနိုင်ငံမှာ...............ဖြစ်သည်။
အဖြေ- ဂျပန်နိုင်ငံ
၁၂၆။သီတင်းကျွတ်လပြည့်နေ့ကို...............နေ့ဟုသတ်မှတ်ပါသည်။
အဖြေ- အဘိဓမ္မာအခါတော်နေ့
၁၂၇။မြန်မာနိုင်ငံ၏အမျိုးသားသီချင်းကို ရေးစပ်ခဲ့သူမှာ..................ဖြစ်သည်။
အဖြေ- ၀ိုင်အမ်ဘီဆရာတင်
၁၂၈။ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်နှစ်ခုမှာ.............နှင့်...........တိုင်းများတွင် 
      ဖွင့်လှစ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အဖြေ - စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း
၁၂၉။မြန်မာနိုင်ငံတွင် ကင်းထောက်လူငယ်များတွေ့ဆုံပွဲကို ၂၀၁၆ခုနှစ်မတ်လ၁ရက်နေ့မှ  
      ၅ရက်နေ့အထိ.......မြို့နယ်၊ပုပ္ပါးတောင်ခြေ ပုပ္ပါးစခန်း အခြေခံပညာအထက်တန်းကျောင်းတွင် 
      ကျင်းပသည်။
အဖြေ- ပုပ္ပါးမြို့နယ်။
၁၃၀။သတ္တဝါများအသက်ရှင်နေထိုင်မှု အခြေခံအကျဆုံး သဘာဝရင်းမြစ်တစ်ခုမှာ......ဖြစ်သည်။
အဖြေ- ရေ
၁၃၁။ ကုလသမဂ္ဂရုံးချူပ်မှာ ----------------မြို့တွင်တည်ရှိသည်။
အဖြေ- နယူးယောက်မြို့
၁၃၂။ပြင်းထန်သောနေရောင်ခြည်လှိုင်းများအန္တရာယ်ကို အကာအကွယ်ပေးသော လေထုအတွင်း
       ထီးသဖွယ်........ရှိသည်။
အဖြေ- အိုဇုမ်းလွှာ
၁၃၃။လူသား၏အရေပြားကင်ဆာရောဂါသည် ခုခံကျဆင်းမှုနှင့်.......ရောဂါတို့ကိုဖြစ်ပေါ်စေနိုင်သည်။
အဖြေ- သမင်ဖြူ၊ ခရုသင်းထွက်ခြင်း၊
၁၃၄။ HIV ပိုးစတင်ကူးစက်ပြန့်ပွားသောနိုင်ငံမှာ ---------------- ဖြစ်သည်။
အဖြေ- ပြင်သစ်
၁၃၅။..............ကိုထိခိုက်စေသော လှပ်ပေါ်လော်လည်သည့် ဝတ်စားဆင်ယင်မှုနှင့်ပြောဆိုမှုများကို 
      ရှောင်ကြဉ်ရပါမည်။
အဖြေ- ယဉ်ကျေးမှု
၁၃၆။စကားပြောရာတွင်.............ဟူသော သဘောဖြင့် စကားနိုင် ပြောဆိုမှု မပြောရ။
အဖြေ- ငါ့စကားနွားရ၊
၁၃၇။ကမ္ဘာ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်မှာ..............ဖြစ်သည်။
အဖြေ- မစ္စသီရိမာဘိုဘန္ဒရာနိုက်ဂေး
၁၃၈။..................မှာ.ကမ္ဘာ့အနက်ဆုံးချောက်ဖြစ်၍..............နက်ကာ၊...... .........နိုင်ငံတွင်ရှိသည်။
အဖြေ- မာရီယာနာချောက်/ဖိလစ်ပိုင်နိုင်ငံ/35840ပေ
၁၃၉။ပင်လယ် ကွေ့နိုင်ငံများမှာ.........................................တို့ဖြစ်ကြသည်။
အဖြေ- ယူအေအီး၊ ကူဝိတ်၊ ကာတာ၊ ဘာရိန်း၊ အိုမန်၊ ဆော်ဒီအာရေဗျ
၁၄၀။အိန္ဒိယနှင့်သီရိလကာင်္နိုင်ငံကြား၌.......:......ရေလက်ကြားရှိသည်
အဖြေ- ပေါ့စ်ရေလက်ကြား
၁၄၁။ ပြည်ထောင်စုသမ္မတနိုက်ငံတော်အလံ၏အလျားမှာ..............၊အနံ...........ပေရှိသည်။
အဖြေ- ၉ပေ/၆ပေ
၁၄၂။နှစ်စဉ်ချီးမြှင့်နေသည့်ပုဂ္ဂလိကအဖွဲ့အစည်းစာပေဆုများထဲမှ နှစ်မျိုးမှာ...............ဖြစ်သည်။
အဖြေ- ဆရာဝန်တင်ရွှေဆု၊ထွန်းဖောင်ဒေးရှင်းစာပေဆု(ပခုက္ကူဦးအုန်းဖေဆုနှင့်ဆရာဝန်တင်ရွှေဆု)
၁၄၃။မြန်မာ့စာပေတွင်ဗျည်း...........လုံးနှင့်အခြေခံသရ.........လုံးရှိသည်
အဖြေ- ဗျည်း ၃၃၊ သရ ၈ လုံး
၁၄၄။ရွှေတိဂုံဘုရားတည်ထားကိုးကွယ်ခဲ့သည့်နှစ်ပေါင်း...................ဖြစ်သည်။
အဖြေ- ၂၆၀၀ကျော်
၁၄၅။ မြန်မာနိုင်ငံတွင် လူသားပရိုင်းမိတ်များကို............ဒေသတွင်တွေ့ရှိရသည်။
အဖြေ- ပုံတောင်ပုံညာ
၁၄၆။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌမှာ...............ဖြစ်သည်။
အဖြေ- ဦးလှသိန်း
၁၄၇။ အဂတိတရား လေး ပါးမှာ......... ................ဖြစ်သည်။
အဖြေ- လောဘ၊ ဒေါသ၊ မောဟ၊ ဆန္ဒ
၁၄၈။ အရှေ့တောင်အာရှတွင်အမြင့်ဆုံးတောင်မှာ --------------ဖြစ်သည်။
အဖြေ- ခါကာဘိုရာဇီတောင်
၁၄၉။ခဲမဖြူနှစ်စဉ် တန်ချိန်တစ်ထောင်နီးပါး ထုတ်လုပ်သော.............သတ္ထုတွင်းသည်............ မြို့တွင်တည်ရှိသည်။
အဖြေ- ဟိန္နားသတ္တုတွင်း ၊ထားဝယ်မြို့နယ်၊တနင်္သာရီတိုင်း
၁၅၀။ မြန်မာ့သနပ်ခါးကို………………ဒေသတို့မှ ထွက်ရှိသည်။
အဖြေ- မြန်မာနိုင်ငံအလယ်ပိုင်းဒေသ

(LuGyi)17.5.2017

Comments

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ