မြန်မာဆိုရိုးစကား

ပါဠိဝေါဟာရ မြန်မာဆိုရိုးစကားများ(အဓိပ္ပာယ်)
*******************************************************
၁။ ကတညုတ ကတဝေဒီ
(မိမိအား ကျေးဇူးပြုဖူးသူအား သူ၏ကျေးဇူးကို သိသည့်အလျောက် ကျေးဇူးတုံ့ပြန်ဆပ်သည်။)

၂။ ကာလံ ဒေသံ အဂ္ဃံ ဓနံ
(ပစ္စည်းတန်ဖိုးကို အချိန်အခါ၊ နေရာဒေသလိုက်၍ ဆုံးဖြတ်ရသကဲ့သို့ အချို့သော လူမှုကိစ္စများကို အချိန်အခါ၊ နေရာဒေသအလိုက် ဆောင်ရွက်ကြရသည်။

၃။ ကုဉ္စရော ဒန္တေသု ဟညတေ
(ဆင်သည် သူ့မှာရှိသော အစွယ်ကြောင့် အသတ်ခံရသည်။)

၎။ ကမ္မံ သတ္တေ ၀ိဘဇ္ဇတိ
(သတ္တ၀ါတို့သည် ကံစီမံသည့်အတိုင်း ဖြစ်ကြရသည်။)

၅။ ဂုဏ၀န္တေ ပဿ န္တိဇနာ
(လူတို့သည် ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာရှိသူကိုမှ အလေးထားတတ်ကြသည်။)

၆။ ဃရာဝါသော ဗဟုကိစ္စော(ကိစ္စများမြောင် လူတို့ဘောင်)

၇။ စက္ခု ရူပေန သံဝါသ (ချစ်ခြင်းအစ မျက်စိက)

၈။ စိတ္တေန နိယျတေ လောကော
(သတ္တ၀ါအားလုံသည် စိတ်၏ဆွဲဆောင်ရာကို ပါကြရသည်။)

၉။ ဌာနာဌာန ကောသလ္လ
(အကြောင်းဟုတ်သည်ကို ဟုတ်သည့်အတိုင်း၊ မဟုတ်သည်ကို မဟုတ်သည့်အတိုင်း၊ အရာဌာနဟုတ်သည်ကို ဟုတ်သည့်အတိုင်း၊ မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သိမြင်သည်။)

၁၀။ ဒီပိ စမ္မေသု ဟညတေ
(ကျားသစ်သည် အရေကြောင့် အသတ်ခံရသည်။)

၁၁။ ဓမ္မော ဟဝေ ရခက္ခတိ ဓမ္မစာရိံ
(တရားကိုစောင့်သောသူကို တရားက ပြန်၍ စောင့်၏။)

၁၂။ နဟိ ဝေရေန ဝေရာနိ (ရန်ကိုရန်ခြင်း မတုံ့လျှင်းနှင့်။)

၁၃။ နတ္ထိ ၀ိဇ္ဇာ သမံ မိတ္တံ (အတတ်ပညာနှင့်တူသော မိတ်ဆွေမရှိ။)

၁၄။ ပညာ သမာ၊ အာဘာ နတ္ထိ (ပညာနှင့်တူသော အလင်းရောင်မရှိ။)

၁၅။ ပါပသ္မိံ ရမတိ မနော (စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်သည်)

၁၆။ ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော
(ချစ်သောသူနှင့် ကွေကွင်းရခြင်းသည် ဆင်းရဲ၏။)

၁၇။ ပုထုဇ္ဇနော ဥမ္မတ္တကော
(ပုထုစဉ်တို့သည် ယုံကြည်မှုမခိုင်မြဲသောကြောင့် အရူးများ ဖြစ်ကြသည်။)

၁၈။ ဗုဒ္ဓ၀စနံ သစ္စံ၊ လောက၀စနံ နသစ္စံ
(မြတ်စွာဘုရား၏ စကားသည် အလုံးစုံမှန်၏။ လောကီသားတို့၏စကားသည် အလုံးစုံမမှန်။)

၁၉။ မနော ပုဗ္ဗင်္ဂမာ ဓမ္မာ (နာမ်တရားစုတွင် စိတ်ကသာ ဦးဆောင်သည်။)

၂၀။ မနုဿ တ္တဘာဝေါ ဒုလ္လဘော (လူ့ဘ၀ကို ရနိုင်ခဲ၏။)

၂၁။ ရာဇာ ပဋ္ဌာနံ (မင်း၏ ပြဋ္ဌာန်းချက်သည် ပဓာနဖြစ်သည်။)

၂၂။ သဒိသံ ပါကံ ဇနေတိ (ကံတူ အကျိုးပေး၏။)

၂၃။ သမဂ္ဂါနံ တပေါ သုခေါ (စည်းလုံးညီညာလျှင် အောင်မြင်မည်။)

၂၄။ သန္တု ဋ္ဌိ ပရမံ ဓနံ (ရောင့်ရဲတင်းတိမ် လူ့စည်းစိမ်)

၂၅။ သိပ္ပာ သမံ ဓနံ နတ္ထိ (အတတ်ပညာနှင့်တူသော ဥစ္စာသည် မရှိ။)

၂၆။ သိပ္ပံ စောရာ နဂဏှန္တိ (အတတ်ပညာကို ခိုးသူတို့ မခိုးယူနိုင်။)

၂၇။ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ
(အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်သည်။)

၂၈။ သဗ္ဗေ သတ္တာ ကမ္မသကာ (သတ္တ၀ါတစ်ခု ကံတစ်ခု)

၂၉။ သဗ္ဗေ သတ္တာ အာဟာရဋ္ဌိ တိကာ
(သတ္တ၀ါတို့သည် အစာအာဟာရကို မှီဝဲ၍ အသက်ရှင်နေကြသည်။)

၃၀။ အာရောဂျံ ပရမံ လာဘံ (ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်သည်။)

၃၁။ အတ္တသမံ ပေမံ နတ္ထိ (ကိုယ့်ကိုယ်ကိုယ်သာ အချစ်ဆုံးဖြစ်၏။)

၃၂။ အတ္တာဟိ အတ္တနော နာထော (မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်သည်။)

၃၃။ အတ္တော အက္ခရ သညာတော
(အက္ခရာမှန်၊ စာလုံးမှန်မှ အနက်မှန်ကို သိနိုင်သည်။)
၃၄။ ဣတ္ထိ ရူပံ ဓနံ (မိန်းမတို့၏ဥစ္စာသည် ရုပ်အဆင်းဖြစ်သည်။)

၃၅။ ဣတ္ထိ ၀င်္ကံ၊ နဒီ ၀င်္ကံ
(မိန်းမတို့၏ သဘောသည် ကောက်ကွေ့တတ်သည်။ မြစ်သည် ကောက်ကွေ့တတ်သည်။)

၃၆။ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော
(မချစ်မနှစ်သက်သောသူနှင့် အတူနေရခြင်းသည် ဆင်းရဲ၏။)

၃၇။ သမဏေန သမဏော၊ ဂေါဏေန ဂေါဏော
(အကျင့်စာရိတ္တကောင်းသူ အချင်းချင်းလည်းကောင်း၊ အကျင့်စာရိတ္တမကောင်းသူ အချင်းချင်းလည်းကောင်း ပေါင်းမိတတ်ကြ၏။ စကားပုံ - သူတော်ချင်းချင်း သီတင်းလွေ့လွေ့)

၃၈။ စိတ္တံ ဒန္တံ သုခံ ၀ဟံ
(ဆုံးမပဲ့ပြင်တတ်တဲ့စိတ်ဟာ ချမ်းသာကို ဆောင်၏။)

၃၉။ မေတ္တာ သတ္တော အနန္တော
(မေတ္တာမည်သော လက်နက်ကား အတိုင်းအဆမရှိ ကြီးမား၏။)

၄၀။ ယောနိသော မနသီကာရ  (သင့်တင့်သော နှလုံးသွင်းကောင်းမှု)

ရည်ညွှန်း - မြန်မာဆိုရိုးစကား(မြန်မာစာအဖွဲ့)
စုစည်း - Thitsar Linn Htein

Comments

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ