မြန်မာကဗျာပုံသဏ္ဌာန်

✿  မြန်​မာကဗျာပုံသဏ္ဌာန်​အ​ကြောင်း
                           တ​စေ့တ​စောင်း ( ၄ )  ✿

        ပဒဆက်​ကာရန်​စနစ်​၊ ပိုဒ်​ဆက်​ကာရန်
စနစ်​ ​၊ အချီ - အချ အသံစနစ်​များကို  ချဲ့ထွင်
အသုံးပြု​ရေးဖွဲ့ခြင်းဖြင့်​ ဒွေးချိုး၊ တြိချိုး၊  ​လေး
ဆစ်​ ကဗျာ​ပုံသဏ္ဌာန်​များ   ထွန်းကားခဲ့ပုံကို
တင်​ပြ ခဲ့ပါပြီ ​။ ဆက်​လက်​၍ ​လေးချိုး၊ လွမ်း
ချင်း၊ ​တေးထပ်​ ကဗျာပုံသဏ္ဌာန်​များတိုးပွား
လာခဲ့ပုံကို တင်​ပြပါမည်​။
     ကုန်း​ဘောင်​​ခေတ်​​နှောင်းပိုင်းကာလများ
တွင်​ ​ ​လေးဆစ်​ကဗျာပုံသဏ္ဌာန်​ကို   ချဲ့ထွင်
ဖန်​တီးထား​သော​လေးချိုးလတ်​၊လေးချိုးကြီး
ကဗျာပုံသဏ္ဌာန်​များ   ​ပေါ်​ပေါက်​ ထွန်းကား
လာခဲ့ပါသည်​။ ထိုကဗျာပုံသဏ္ဌာန်​များသည်
လေးဆစ်​ကဗျာပုံသဏ္ဌာန်​တွင်​    န​ဘေထပ်​ကာရန်​စနစ်​များ တိုးချဲ့ဖွဲ့ဆိုခြင်း ဖြစ်​ပါသည်​။
န​ဘေထပ်​ကာရန်​စနစ်​အ​ကြောင်း  ပညာရှင်
အများသိပြီးဖြစ်​၍ အထူးမတင်​ပြ​တော့ပါ။
လေးချိုးလတ်​၊လေးချိုးကြီးကဗျာတို့၏အသံ
စနစ်​ အသုံးပြုပုံများကို မြင်​သာရုံမျှ ​ဖော်​ပြပါ
မည်​။

Comments

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ